Heineken Beer
Heineken Beer

ရွှေစင် အင်တာတိန်းမန့်က စီစဉ်ကျင်းပတဲ့ ပွဲတိုင်း စိန်ခေါ်မှုရှိတယ်လို့ဆိုတဲ့ ကိုစိုးနိုင်ထွန်း (အီကြာကွေး)

ရွှေစင် အင်တာတိန်းမန့်က စီစဉ်ကျင်းပတဲ့ ပွဲတိုင်း စိန်ခေါ်မှုရှိတယ်လို့ဆိုတဲ့ ကိုစိုးနိုင်ထွန်း (အီကြာကွေး)
August 30, 2018 Asian Fame Media

သြဂုတ်လ ၂၅ ရက်နေ့ Sky Star Hotel မှာ ကျင်းပခဲ့တဲ့ အဆိုတော် မီမီဝင်းဖေရဲ့ One Lady Show ကို စီစဉ်ကျင်းပပေးခဲ့တာက ကိုစိုးနိုင်ထွန်း (အီကြာကွေး)တို့ရဲ့ ရွှေ စင်အင်တာတိန်းမန့်ပဲဖြစ်ပါတယ်။ ကိုယ်တိုင်ကလည်း မီမီဝင်းဖေရဲ့ ပရိသတ်ပါလို့ဆိုတဲ့ ကိုစိုးနိုင်ထွန်းက –

“ဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် တအား ကြိုက်လို့ လုပ်ခဲ့တဲ့ပွဲလေးလေ။ မမီရဲ့ ဂီတသက်တမ်းနှစ်များစွာထဲမှာမှ ဒါဟာ ပထမဦးဆုံး One Lady Show လေးပေါ့လေ။ အဲဒီအတွက်ကို သူ့ကိုကျွန်တော် တို့သီဆိုဖို့ တိုက်တွန်းခဲ့တာလည်း အကြိမ်ကြိမ်ပါပဲ။ လွန်ခဲ့တဲ့ ၄ နှစ်၊ ၅ နှစ် ကတည်းက ပြောခဲ့တာပါ။ အခုမှ သူ့ပရိသတ်တွေနဲ့ နွေးနွေးထွေးထွေးတွေ့ရ ဖို့အတွက် သီဆိုဖို့လက်ခံလိုက်တာပါ။ သူ့ရဲ့သီချင်းအကောင်းဆုံးတွေထဲက အကောင်းဆုံးပေါ့” လို့ ပြောပါတယ်။ ရွှေစင်အင်တာတိန်းမန့်ကတော့ တကယ့် ကို ထိတ်ထိတ်ကြဲနာမည်ကြီး အဆိုတော်တွေရဲ့ ဖျော်ဖြေပွဲတွေလည်း ပြုလုပ်ဖို့ ရှိနေပါသေးတယ်။

“လောလောလတ်လတ် မမီပြီးရင်တော့ ရှေ့လထဲမှာ ဝေလရှိပါတယ်။ နောက်လတွေမှာလည်း ရှိပါတယ်။ ဒါပေမဲ့ လောလောဆယ် ကျွန်တော် ပြောလို့မရသေးလို့ပါ။ ပြည်ပမှာဆိုရင် Frenzo Singapore ကို စိုင်းစိုင်းတို့နဲ့ ပြန် လာပါပြီ။ မကြာသေးပါဘူး။ တအား အောင်မြင်ပါတယ်။ နောက်ပြီးတော့ Frenzo Japan လည်းရှိပါသေး တယ်” လို့ ကိုစိုးနိုင်ထွန်းထံမှ သိရပါတယ်။ ဒီခေတ်လို ရှိုးပွဲတစ်ပွဲကျင်းပဖို့ မလွယ်ကူတဲ့ခေတ်ကြီးမှာ ကိုစိုးနိုင်ထွန်းတို့အနေ နဲ့ စိန်ခေါ်မှုတွေက ဘာတွေရှိမလဲလို့ဆိုတော့…

“ပွဲတိုင်း၊ ပွဲတိုင်းကတော့ စိန်ခေါ်မှုရှိတာပေါ့နော်။ အဆင်မှပြေပါ့ မလားဆိုတဲ့ စိတ်ပူမှုကတော့ အမြဲတမ်းရှိပါတယ်။ အဲဒီအတွက်ကိုလည်း ကိုယ်ကပိုပြီးတော့ စေတနာထားပြီး လုပ်ရပါတယ်။ ကျွန်တော်တို့ကတော့ ပွဲ တိုင်း၊ ပွဲတိုင်းက ကိုယ့်အတွက် Challenge ပါပဲ” လို့ သူက ပြောပြခဲ့ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*