ပြည်ပမှာ ကျောင်းတက်ရင်း အနုပညာအလုပ်တွေလုပ်ကိုင်နေတဲ့ ဂုဏ်ရှိန်ဝင့်ထည်

ပြည်ပမှာ ကျောင်းတက်ရင်း အနုပညာအလုပ်တွေလုပ်ကိုင်နေတဲ့ ဂုဏ်ရှိန်ဝင့်ထည်
August 15, 2018 AsianFame MediaGroup

မော်ဒယ်လ်တစ်ဦးဖြစ်သလို အဆိုတော်တစ်ဦးလည်းဖြစ်တဲ့ ဂုဏ်ရှိန်ဝင့်ထည်ကတော့ ‘ညှို့’နဲ့ ‘For My Ex’ စတဲ့ တေးစီးရီးနှစ်ခွေလည်း ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ လတ်တလောမှာတော့ ‘သက်မဲ့ရှင်သန်ခြင်း’ Single Songတစ်ပုဒ်ကို ပရိသတ်ထံအရောက်ပို့ပေးဖို့ ပြင်ဆင်နေပါတယ်။ ‘သက်မဲ့ရှင်သန်ခြင်း’ Single Song နဲ့ပတ်သက်ပြီး…

”ကိုသော်မိုးစက် ရေးပေးထားတဲ့ သက်မဲ့ရှင်သန်ခြင်း သီချင်းကို ညီမသီဆိုအသံသွင်းနေပါတယ်။ သီချင်းကတော့ အသည်းကွဲသီချင်းပုံစံလေးပါပဲ။ ပေါ့ပ်သီချင်းလေးပါ။ ဒီသီချင်းလေးကို MTVရိုက်ကူးပြီး ပရိသတ်ထံ အရောက် ပို့ပေးသွားမှာပါ။ MTVကတော့ ကိုယ်ရိုက်ကူးချင်တဲ့ပုံစံလေးတွေတော့ရှိတာ

ပေါ့နော်။ ဒါပေမဲ့ ဒီသီချင်းကိုတော့ ဒါရိုက်တာနဲ့တိုင်ပင်ပြီးမှ သူတို့လိုချင်တဲ့ ပုံစံကိုပဲ အဓိကထားရိုက်ကူးတယ်။ ညီမသရုပ်ဆောင်မယ်ဆိုရင် ကိုယ် သရုပ်ဆောင်မယ့်အပိုင်းကိုပဲ ကိုယ်စဉ်းစားမယ်။ ကျန်တာကတော့ သူ တို့စိတ်ကြိုက်သူတို့ကိုဖန်တီးခွင့်ပေးမှာပါ။ နောက်ထပ်နှစ်လလောက် ဆိုရင် ဒီသီချင်းလေးကို ပရိသတ်ကိုပေးနိုင်မယ်လို့ ထင်ပါတယ်”လို့ ဂုဏ်ရှိန်ဝင့်ထည် ပြောပြခဲ့ပါတယ်။

သူကတော့ စင်ကာပူနိုင်ငံမှာ ကျောင်းတက်ရင်း ကျောင်း တစ်ဖက်နဲ့ အနုပညာအလုပ်တွေ လုပ်ကိုင်နေသူပါ။ ပြည်ပမှာ အနုပညာအလုပ်တွေလုပ်ကိုင်ရတဲ့ အားသာချက်ကိုလည်း ဂုဏ်ရှိန်ဝင့်ထည်က အခုလိုပြောပြခဲ့ပါတယ်။

‘ညီမက အရင် Photo Model လုပ်တုန်းကလည်း စင်ကာပူမှာ အလုပ်လုပ်ကိုင်ဖြစ်ပါတယ်။ တစ်လ တစ် ခါသွားရောက်ရိုက်ကူးဖြစ်တယ်။ အခုကျတော့ ကိုယ် ကကျောင်းတစ်ဖက်နဲ့ စင်ကာပူမှာရှိနေမှာဆိုတော့ အရင်ထက်ပိုပြီးလုပ်ကိုင်ဖြစ်မှာပါ။ စင်ကာပူ မှာက စင်ကာပူ Organizer တွေအပြင် မြန်မာ နဲ့ မလေးရှားကလည်းလာရောက်ရိုက်ကူးကြ တာရှိပါတယ်။ ကိုယ်က အမြဲတမ်းအဲဒီမှာ ရှိနေမယ်ဆိုတော့ သူတို့နဲ့အမြဲတမ်းရိုက်ကူး ဖြစ်မယ့် အနေအထားမှာရှိပါတယ်။ အဲဒီမှာ အနုပညာအလုပ်လုပ်တဲ့အခါ အတုယူစရာ ကောင်းတာကတော့ စည်းကမ်းပေါ့နော်။ အချိန်အရမ်းတိကျတယ်။ နာရီပိုင်းနဲ့ရိုက်ကူးတာဖြစ်တဲ့အတွက်လည်း စကားသိပ်မပြောကြ ဘူး။ ဒီမှာဆိုရင် ညီမတို့ကိုယ်တိုင်က နောက် ကျတာတွေမျိုးစုံရှိတယ်။ သူတို့ဆီမှာက အဲဒီလို မရဘူး။ ဓာတ်ပုံရိုက်တယ်ဆိုပေမယ့်လည်း သီ ချင်းဖွင့်ပေးထားတယ်။ သရုပ်ဆောင်နေရသလိုပဲ ချက်ချင်းရိုက်သွားတာများတယ်။ တစ်ခုနဲ့တစ် ခုကြားမှာ မိတ်ကပ်နဲ့ဆံပင်အတွက်လည်း ပြင်ဆင် ချိန် သိပ်မရှိဘူး။ သူတို့က သဘာဝကျတဲ့ပုံစံကို ပိုသ ဘောကျကြတယ်။ အလုပ်လုပ်ရတာလည်း အဆင်ပြေ ပါတယ်” လို့ ဂုဏ်ရှိန်ဝင့်ထည်ကပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*