Heineken Beer
Heineken Beer

ကနားစီး တစ်ယောက်အနေနဲ့ မြင်တွေ့ရဦးမယ့် အကယ်ဒမီ နေတိုး

ကနားစီး တစ်ယောက်အနေနဲ့ မြင်တွေ့ရဦးမယ့် အကယ်ဒမီ နေတိုး
August 15, 2018 AsianFame MediaGroup

ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ နေတိုးကိုတော့ ‘အထက်တန်းစား’ ရုပ်ရှင်ဇာတ်ကား မှာ ပရိသတ်တွေ တစ်ခါမှမမြင်တွေ့ရဖူးသေးတဲ့ ကနားစီး ကာရိုက်တာနဲ့ ထူးခြားစွာမြင်တွေ့ကြရဦးမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့အထက် တန်းကျတဲ့ စိတ်ဓာတ်ဆိုတာ ဘယ်လို စိတ်ဓာတ်လဲဆိုတာ ဖော်ကျူးထားတဲ့ ဇာတ်လမ်းဖြစ် သလို လူတွေရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ယုံကြည်မှုတွေကိုအခြေခံထားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။

”ကနားစီး ဇာတ်ရုပ် မျိုးက ကျွန်တော်တစ်ခါမှ သရုပ် မဆောင်ဖူးတဲ့ ဇာတ်ရုပ်ဆိုတော့ ထူး ခြားပါတယ်။ ထုတ်လုပ်မှုပိုင်းဆိုင်ရာက အစစအရာရာ pre production ကို တိတိကျကျလုပ်ထားတယ်။ ဒီဇာတ်ကား ရိုက်ကူးဖို့အတွက်ကို တစ်နှစ်ခွဲ နှစ်နှစ်လောက် ပြင်ဆင် ထားတာဆိုတော့ ဇာတ်ကားအတွက် ရိုက် ကူးဖို့ အဆင်သင့်ဖြစ်လာတဲ့အချိန် ကျရောက် လာတဲ့ အခါမှာတော့ ကျွန်တော်တို့ဘက်က အကုန်လုံး အဆင်သင့်ဖြစ်နေပါပြီ။ ဒီဇာတ်ရုပ် အတွက်ကို ထွေထွေထူးထူးစိုးရိမ်စရာမရှိပါဘူး။ ဇာတ်လမ်း ရဲ့ ရည်ရွယ်ချက်နဲ့ ကာရိုက်တာ တစ်ခုအပေါ် မှာပဲအပြောင်းအလဲ တွေပြုလုပ်ရ တာဆိုတော့ စိန်ခေါ်မှုတွေ၊ အပြောင်းအလဲ လုပ်ရတာတွေကို တကယ်လည်း ဝါသနာပါတယ်။ ပရိသတ်အတွက် လည်း ထူးခြားမှုရှိတဲ့ ဇာတ်ရုပ် မျိုးဖြစ်မှာပါ” လို့ ဆိုပါတယ်။

ဒီဇာတ်ကားက ရိုက်ကူးနေကျ ဇာတ်အိမ်ပုံစံ မျိုးမဟုတ်တဲ့အ တွက် ကာရိုက် တာနဲ့လိုက်ဖက်မယ့် သရုပ် ဆောင်တွေ ကိုပဲ သေချာရွေးချယ်ထားတာ ဖြစ်ပြီး ရည်ရွယ် ချက်ကောင်းတွေနဲ့ ပုံဖော် တဲ့ဇာတ်ကား ဖြစ်သလိုပရိသတ် တွေအတွက် လည်းရင်ခုန် မှုတွေထပ်မံပေးနိုင်မယ့် ဇာတ် ကားဖြစ် တယ်လို့နေတိုးကဆိုပါတယ်။ ဈေးကွက်အရ ဟာသဇာတ်ကားတွေပိုပြီး အောင်မြင်မှုရရှိ နေပေမယ့်လည်း အခုလို မြန်မာ့ရိုးရာ ယဉ်ကျေးမှုအကြောင်း တွေ ပါဝင်တဲ့ ရုပ်ရှင် ဇာတ်ကား ရိုက်ကူးရ ခြင်း အပေါ်မှာ တော့ နေတိုးက …

”ရုပ်ရှင်ကို ဖန်တီးနေတဲ့သူတွေ အကုန်လုံးကတော့ တာဝန်တစ်ခုကို ကျေပွန်အောင် ထမ်းဆောင်နေရမှာပဲ။ ဇာတ်ကားတွေကို ရသအစုံရိုက်ကူးဖို့ လိုအပ်သလို ပရိသတ်ကိုလည်း ရသအစုံ ပေးနိုင်ဖို့လိုပါတယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*