မျိုးဆက်သစ်သရုပ်ဆောင်တွေအတွက် စိတ်မကောင်းဖြစ်ရတယ်ဆိုတဲ့သရုပ်ဆောင်ခန့်စည်သူ

မျိုးဆက်သစ်သရုပ်ဆောင်တွေအတွက် စိတ်မကောင်းဖြစ်ရတယ်ဆိုတဲ့သရုပ်ဆောင်ခန့်စည်သူ
August 8, 2018 Asian Fame Media

ဟာသဇာတ်ရုပ်တွေနဲ့ ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုရရှိထားတဲ့ သရုပ်ဆောင်ခန့်စည်သူကတော့ လက်ရှိရုံတင် ပြသလျက်ရှိတဲ့ “ပြန်ပေး”ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကိုဇော်(အရုဏ်ဦး) ရိုက်ကူးပုံဖော်ထားပြီး ရန်အောင်၊ လူမင်း၊ မိုးဟေကိုစတဲ့ သရုပ်ဆောင်များနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ သူ့ရဲ့ပါဝင်သရုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး သရုပ်ဆောင် ခန့်စည် သူက အခုလို ပြောပြခဲ့ပါတယ်။

“ကို ရန်လေးတို့ ကိုလူမင်းတို့ဆိုတာ ကိုယ့်ထက်လည်း အများကြီးစီနီယာကျတယ်။ သူတို့ဆီက လည်း ဒီနေ့ဒီရက်ထိ သင်ယူနေရတုန်းပါ။ ဆရာသော်တာဆွေရဲ့ မူရင်းဝတ္တုလည်း မပျက်စီးအောင်၊ ပရိသတ်လက်ခံနိုင်မယ့် ဟာသဇာတ်လမ်းဇာတ်ကွက်လေးလည်းဖြစ်အောင်လို့ ဒါရိုက်တာနဲ့ ပါဝင်တဲ့ သရုပ်ဆောင်အားလုံးက ကြိုးစားထားကြပါတယ်။ ပရိသတ်တွေအနေနဲ့လည်း ဒီဇာတ်ကားကို ကြည့်ရှုပြီး Message တစ်ခုတော့ရသွားလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

လက်ရှိမှာ ရုပ်ရှင်ဇာတ်ကား တချို့အွန်လိုင်းမှာ ပျံ့နှံ့နေမှုကလည်း မြန်မာ့ရုပ်ရှင်လောကအတွက် အတိုက်အခိုက်တစ်ခု ဖြစ်နေပါတယ်။ အဆိုပါအကြောင်းအရာများနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို မေးမြန်းခဲ့ရာ …

“အဲဒါကတော့ ဟိုးအရင်တုန်းကလည်း စီးရီးတွေ၊ သီချင်းတွေကို ခိုးကူးတယ်။ အဲဒါက အနု ပညာပစ္စည်းတွေကို ခေါင်းပုံဖြတ်တဲ့အဆင့်ဖြစ်ပြီး မိုက်မိုက်ရိုင်းရိုင်း ပက်ပက် စက်စက်ခိုးတဲ့အတွက် အဆိုတော်တွေလည်း တေးစီးရီးတွေ မထုတ်နိုင်တော့ဘူး။ ဝါသနာရှင်တွေလည်း ဒီလောကထဲကို မဝင်နိုင်တော့ဘူး။ အဲဒီလိုတွေဖြစ်ခဲ့တယ်။ ပြီးတော့ဗီဒီယိုပေါ့။ ဗီဒီယိုမှာလည်း ခိုးကူးတွေရှိနေတဲ့ အတွက် ဗီဒီယိုလောက ပြိုလဲသွားတယ်။ အခုဆိုရင် ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးမှာ သရုပ် ဆောင်သင်တန်းတွေဖွင့်နေပါတယ်။ အဲဒီမှာ ကျွန်တော့်အတွေ့အကြုံတွေကို ပြောပေးဖို့ ကမ်းလှမ်း ခံရပါတယ်။ ကျွန်တော်ကူညီချင်ပါတယ်။ ကျွန်တော်တို့လည်း ရုပ်ရှင်အစည်းအရုံးကနေ သင်တန်းဆင်းခဲ့ တာပါ။ ကျွန်တော်တို့တုန်းကတော့ ဗီဒီယိုခေတ်ကောင်းတဲ့အတွက် မျှော်လင့်ချက်ရှိတယ်။ ကျွန်တော်က လက်ဦးဆရာ ဦးကျော်ဟိန်းတို့နဲ့ လက်တွဲပြီး ဒီလောကထဲကို ဝင် ရောက်ခဲ့တာပါ။ အခုသင်တန်းတက် နေတဲ့ သူတွေအတွက်ကတော့ ဗီဒီယိုလောကကပျက်နေပြီး သင်တန်းဆင်းရင် သူတို့ဘယ်မှာ ပါဝင်ပြီး သရုပ်ဆောင်ကြ မှာလဲ။ ရုပ်ရှင်မှာလည်း သရုပ်ဆောင်အသစ်တွေကို ဘယ်ပရိုဂျူဆာက မင်းသား မင်းသမီးအဖြစ် ရဲရဲဝံ့ဝံ့တင် ပြီး ရိုက်ကူးမှာလဲ။ စိတ်မကောင်းလည်း ဖြစ်ပါတယ်။ ကိုယ်ချင်းလည်း စာပါတယ်”လို့ သရုပ်ဆောင်ခန့်စည်သူက ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*