Heineken Beer
Heineken Beer

ချစ်သူ နန်းဆုရတီစိုးမှာ ချစ်စရာကောင်းတဲ့ အမူအရာတွေ အများကြီးပါလို့ G-Fatt ဖွင့်ဟ

ချစ်သူ နန်းဆုရတီစိုးမှာ ချစ်စရာကောင်းတဲ့ အမူအရာတွေ အများကြီးပါလို့ G-Fatt ဖွင့်ဟ
August 1, 2018 Asian Fame Media


အဆိုတော် G-Fatt ကတော့ မကြာသေးမီက Samsung Galaxy J8 ရဲ့ Brand Ambassador တစ်ဦးအဖြစ်ခန့် အပ်ခံထားရသူပါ။ Samsung နဲ့ ပူးပေါင်းပြီး သူ့ရဲ့ “အကယ်၍ လက် ထပ်ကြတဲ့အခါ” ဆိုတဲ့သီချင်းတစ်ပုဒ် ကိုလည်းြွှဠရိုက်ကူးပြီး ပရိသတ် ထံအရောက် ပို့ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီသီချင်း MTV ကိုတော့ G-Fatt က သူ့ချစ်သူ သရုပ်ဆောင် နန်းဆုရတီစိုးနဲ့အတူ သရုပ်ဖော် ထားခြင်းလည်း ဖြစ်ပါတယ်။ အချစ်ရေးမှာ တစ်ယောက်နဲ့တစ်ယောက်နားလည် မှုတွေနဲ့ ရှေ့ဆက်နေကြောင်းကိုလည်း G-Fatt က အခုလို ပြောပြခဲ့ပါတယ်။

“ကျွန်တော်တို့နှစ်ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်းနား လည်မှုရှိပါတယ်။ ကိုယ့်ရဲ့လိုအပ်ချက်တွေ၊ အားနည်းချက်တွေကို သူက ထောက်ပြတယ်။ ကိုယ်ကလည်း ပြင်တယ်ပေါ့။ ကိုယ်ကလည်း သူ့ရဲ့လိုအပ်ချက်တွေ အားနည်းချက်တွေကို ထောက်ပြ တယ်။ အဲဒီလိုလေးပဲ တစ်ယောက်နဲ့တစ်ယောက် လိုအပ် ချက်တွေ အားနည်းချက်တွေကို အပြန်အလှန် ထောက်ပြ ပြီး ပြင်ဆင်ရင်း ရှေ့ဆက်ဖြစ်နေပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဆိုးတာစိတ်ကောက်တာတွေတော့ ရှိ ပါတယ်။ ဒါပေမဲ့ အကြာကြီးတော့ စိတ်မဆိုးကြဘူး။ ဘယ်သူက ချော့ရလဲဆိုရင် ကိုယ်က ပြန်ချော့ ရတာ ပေါ့ဗျာ။ Facebook မှာလည်း တချို့ Comment တွေမှာ တစ်ယောက်နဲ့တစ်ယောက် ဆေးထိုး တာလေး တွေရှိပါတယ်။ ကျွန်တော်တို့က အဲဒီလိုပဲ အင်တာဗျူး တွေ ဖြေဆိုရင်သာ ရုပ်တည်ကြီးနဲ့နေတာ။ အပြင်မှာဆို ရင် ကျွန်တော် က အမြဲသူငယ်ချင်းတွေနဲ့လည်း နောက် ပြောင်ပြီးနေပါတယ်။ ကျွန်တော်နဲ့ ပေါင်းသင်းဆက်ဆံပြီး အခုသူလည်း နောင်ပြောင်တတ်လာပြီ။ ကျွန်တော်အစက ဆံပင်အနီရောင်ဆိုးထားတော့ ဖျော်ဖြေပွဲရှိတဲ့အခါ ဆံပင်အနက် ရောင်သွားဆိုးတာ အဲဒါကိုလည်း လှချင်လို့လားဆိုပြီး အနောက်ခံရ သေးတယ်။ ကျွန်တော့် အတွက် သူ့ရဲ့ ချစ်စရာကောင်းတဲ့ အမူအရာ တွေကတော့ အများကြီး ပါ” လို့ ပြောပြခဲ့ပါတယ်။

သူကတော့ ဒါရိုက်တာ ဂျိုး ရိုက်ကူးတဲ့ “ကိုယ့်သမိုင်းကိုယ် ရေး ကြသူများ – ၂ ” ရုပ်ရှင်ဇာတ်ကား မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါ တယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*