Heineken Beer
Heineken Beer

ဥပါယ်တံမျဉ်ဇာတ်ကား ရဲ့ သရုပ်ဆောင်များနဲ့ ပရိသတ်တွေ့ဆုံပွဲ ကျင်းပ

ဥပါယ်တံမျဉ်ဇာတ်ကား ရဲ့ သရုပ်ဆောင်များနဲ့ ပရိသတ်တွေ့ဆုံပွဲ ကျင်းပ
July 30, 2018 AsianFame MediaGroup

‘ဥပါယ်တံမျဉ်’ ဇာတ်ကားရဲ့ သရုပ်ဆောင်များနဲ့ ပရိသတ်တွေ့ဆုံ ပွဲကို ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၆ နာရီက St.John City Mall မှာ ပြု လုပ်ခဲ့ပါတယ်။ ဥပါယ်တံမျဉ်ဇာတ် ကားမှ သရုပ်ဆောင် ဇဏ်ခီ၊ ထိုင်း မင်းသမီးလေး Kaew Korravee ၊ ဒါရိုက်တာ ခရစ္စတီးနားခီတို့နဲ့အခြား သရုပ်ဆောင်များက လက်မှတ်ရေး ထိုးပေးခဲ့ပါတယ်။

ပရိသတ်တွေနဲ့ တွေ့ဆုံပွဲ ခဏ ခဏပြုလုပ်ဖြစ်တဲ့အပေါ် သရုပ် ဆောင် ဇဏ်ခီက ”ပရိသတ်တွေနဲ့ ကျွန်တော် အမြဲတမ်း နွေးနွေးထွေး ထွေး ဆက်ဆံတယ်။ ကျွန်တော်တို့ ဒီနေရာကို ရောက်လာတာကလည်း ပရိသတ်တွေရဲ့ ကျေးဇူးကြောင့်ပါ။ သူတို့ကို ကျွန်တော် အမြဲတမ်း တန်ဖိုးထားတယ်။ ဘယ်တော့မှ ပေါ့ ပေါ့လျော့လျော့ မဆက်ဆံဘူး။ လေး လေးစားစား ဆက်ဆံတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ သူတို့က အားပေး ခဲ့လို့ ကျွန်တော်တို့ ဒီနေရာထိ ရောက်လာရတာပါ။ အဲဒီအတွက် ပရိသတ်တွေက ကျွန်တော့်အတွက် တော့ တန်ဖိုးရှိတဲ့ အရာတစ်ခုပါ”လို့ ပြောပါတယ်။

ပရိသတ်တွေကြောင့် ‘ဥပါယ် တံမျဉ်’ဇာတ်ကားထဲမှာ အကောင်း ဆုံး သရုပ်ဆောင်နိုင်တာပါလို့ ထိုင်းမင်းသမီးလေး Kaew Korravee က ”မြန်မာနိုင်ငံက ပရိ သတ်တွေကိုချစ်တယ်။ ပရိသတ်တွေ ရဲ့ အားပေးမှုကြောင့် ဇာတ်ကားထဲ မှာ အကောင်းဆုံး သရုပ်ဆောင်နိုင် တာပါ”လို့ ပြောပါတယ်။

သဲစုလှိုင် ၊

ဓာတ်ပုံ ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*