
”အစ်ကိုကတော့ သူ့ကို မချော့ဘူး။ ရှောင်သွားတာပဲ။ သူကချော့ရင် ပိုပြီး တော့ စိတ်ကြီးတယ်။ သူ့အနေအထားကို ကြည့်လိုက်တယ်။ မျက်နှာကြီး နည်းနည်း မာနေသေးတယ်ဆိုရင် မပြောသေးဘူး။ မျက်နှာလေး နည်းနည်းလေးပျော့သွားပြီ ဆိုတော့မှ လျှောက်စတော့တာပဲ။ စိတ်ဆိုးလည်း ခဏပါပဲ။ သူက စိတ်ဆိုးလည်းမြန် သလို စိတ်ပြေလည်းလွယ်တယ်။ သူစိတ်ဆိုးနေပြီဆိုရင် ကိုယ်က မစတော့ဘူးလေ” လို့ ပြောပြပါတယ်။ သူတို့ရဲ့ အိမ်ထောင်သက်တမ်းကတော့ နှစ် ၂ဝ ကျော်ပြီလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း သံယောဇဉ်ကတော့ တိုးလို့ တိုးလို့နေပါပြီ။ သူ့ရဲ့ အိမ်သူသက်ထားကို ကိုကောင်းကျော်က အခုလို အမှတ်တရစကားဆိုတာကတော့ …”အိမ်ထောင်ရှင်မကောင်းတစ်ဦးပီသအောင်ရယ် ရင်မမောအောင် ရင်မပူ အောင်ရယ် ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ သူ့ရဲ့ကိုယ်ကျင့်သိက္ခာ တရားရယ်ကို တအားလေးစားတယ်။ တအားချစ်တယ်။ ထိုကဲ့သို့ပဲ အားလုံးသော ဇနီးမယားများ သည်လည်း လင်ယောက်ျားများသည်လည်း မိမိတို့ ဇနီးပေါ်မှာ ချစ်ချစ်ခင်ခင်ကြင် ကြင်နာနာသစ္စာရှိရှိနဲ့ ပေါင်းဖက်နိုင်ကြပါစေ”လို့ ပြောခဲ့ပါတယ်။
လင်းအက္ခရာ