ဒုတိယမြောက် တေးစီးရီးထွက်ရှိပြီး ဒုတိယမြောက် ရင်သွေးလေးပိုင်ဆိုင်ရတော့မယ့်အဆိုတော် သာဒီးလူ

ဒုတိယမြောက် တေးစီးရီးထွက်ရှိပြီး ဒုတိယမြောက် ရင်သွေးလေးပိုင်ဆိုင်ရတော့မယ့်အဆိုတော် သာဒီးလူ
July 23, 2018 Asian Fame Media

အဆိုတော်သာဒီးလူကတော့ သူ့ရဲ့ဒုတိယမြောက်တစ်ကိုယ်တော်တေးစီး ရီးဖြစ်တဲ့ “ကျွန်တော်ရူးနေသည်” တေးစီးရီးကို ပရိသတ်လက်ထဲ အရောက်ပို့ ခဲ့ပြီး ဖြစ်ပါတယ်။ တေးစီးရီး မိတ်ဆက်ပွဲကို ဇူလိုင်လ ၄ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီတေးစီးရီးမှာ အဆိုတော် J-Me နဲ့အတူတွဲပြီးသီဆိုထားတဲ့ စုံတွဲသီချင်းတစ်ပုဒ်ပါဝင်ပြီး ပရိသတ်စိတ်ဝင်စားတဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ သူကိုယ်တိုင် အားကျရတဲ့ အဆိုတော်J-Me နဲ့ လက်တွဲပြီး အလုပ်လုပ်ဖြစ်ခဲ့တဲ့အကြောင်းကို အဆိုတော်သာ ဒီးလူက အခု လို ပြောပြခဲ့ပါတယ်။

“ပထမစီးရီးနဲ့ ကွာခြားချက်ကတော့ ပထမစီးရီးက အတွေးအခေါ်တွေ၊ ဒဿနတွေ နည်းနည်းစားတဲ့ဘက်ပေါ့။ ဒီစီးရီးကတော့ စားတဲ့အဆင့်ထက်ကျော် သွားတယ် ရူးတဲ့ဘက်ပေါ့(ရယ်လျက်)။ အဲဒါလေးတွေတော့ နည်းနည်းကွာ ခြားသွားပါတယ်။ ကျန်တာကတော့ ဘာမှမကွာပါဘူး။ Music Style တွေက လည်း လွန်ခဲ့တဲ့နှစ် ၅ဝ လောက်ကနေ ဒီနေ့အချိန်ထိ နားထောင်နေကြတဲ့ Music တွေချည်းပါပဲ။ ကိုJ-Me နဲ့ သီချင်းတစ်ပုဒ်လုပ်ဖြစ်ခဲ့တာကတော့ အရင်ကတည်းက သူနဲ့အတူ သီချင်းတစ်ပုဒ်လုပ်ဖို့ အစီအစဉ်ရှိခဲ့တယ်။ ကျွန် တော်က ကျွန်တော့်ရဲ့ စီနီယာတွေ ကျွန်တော်တကယ်ကြိုက်တဲ့လူတွေနဲ့ အတူတူရင်းရင်းနှီးနှီးနေပြီး အလုပ်တွေတွဲလုပ်ချင်တာ။ သူတို့နဲ့အတူတူ Shosw တွေဆိုရရင် အဲဒီနေ့က ကျွန်တော် ထမင်းမေ့ဟင်းမေ့ပဲ”လို့ ပြောပါတယ်။

သူကတော့ သူငယ်ချင်းတွေဖြစ်ကြတဲ့ ကိုကိုမောင်၊ ဖြိုးကျော်ထိုက်တို့ နဲ့အတူ “အနောက်ဘက်က မဇ္ဈိမ” တေးစီးရီးတစ်ခွေလည်း ၂ဝ၁၃ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ သူငယ်ချင်း ကိုကိုမောင်ကို သတိရ မိပါတယ်လို့ ပြောလာတဲ့ သာဒီးလူက …

“ကိုကိုမောင်ကိုတော့ တိုက်ဆိုင်မှုတွေရှိရင် အချိန်တိုင်းသတိရတယ်။ အထူးသဖြင့် ဘီယာတွေဘာတွေသောက်ရင်သတိရတယ်။ သူက ဘီယာ သောက်တတ်အောင် သင်ပေးခဲ့တာကိုး။ အဲဒါကြောင့် ဘီယာသောက်ရင် ကိုကိုမောင်ရဲ့ မျက်နှာကိုပဲမြင်မိတယ်။ ကျွန်တော်တို့သူငယ်ချင်းတွေရဲ့ အ မှတ်တရကတော့ ပြောလို့ကုန်မှာမဟုတ်ဘူး။ ကျွန်တော်တို့ အိမ်ကနေ ခိုးထွက် ပြီးတော့ သီချင်းတွေဖန်တီးရေးသားခဲ့ကြတယ်။ သူငယ်ချင်းသုံးယောက် တေး စီးရီးတစ်ခွေထွက်ခဲ့တယ်”လို့ ပြောပြခဲ့ပါတယ်။

ဒုတိယမြောက် တေးစီးရီးထွက်ရှိပြီးဖြစ်တဲ့သူကတော့ ဒုတိယမြောက် ရင်သွေးလေးရှိနေသူပါ။ မကြာခင် လူ့လောကထဲကို ရောက်ရှိလာတော့မယ့် သူ့ရဲ့ ဒုတိယမြောက်ရင်သွေးနဲ့ပတ်သက်ပြီးလည်း …

“ဒုတိယမြောက်ရင်သွေးလေးရှိနေပြီဆိုတော့ တအားဝမ်းသာပါတယ်။ ကျွန်တော်ရဲ့ ရတနာလေးတွေပေါ့။ ပထမဆုံးတေးစီးရီးထွက်တော့လည်း ကလေးတစ်ယောက်ရတယ်။ အခုဒုတိယမြောက်စီးရီးခွေထွက်တော့ နောက် တစ်ယောက်ရတော့ ကောင်းတာပေါ့။ ယောက်ျားလေးလား၊ မိန်းက လေးလားဆိုတာတော့ မသိ သေးပါဘူး။ ဘာလေးပဲဖြစ် ဖြစ်ချစ်မှာပါ”လို့ သာဒီး လူကပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*