ရှင်ကေသရ ဘွဲ့နာမည်နဲ့ ရဟန်း ဝတ်ခဲ့တဲ့ သရုပ်ဆောင် ဇဏ်ခီ

ရှင်ကေသရ ဘွဲ့နာမည်နဲ့ ရဟန်း ဝတ်ခဲ့တဲ့ သရုပ်ဆောင် ဇဏ်ခီ
July 18, 2018 AsianFame MediaGroup

ပရိသတ်တွေရဲ့ ချစ်မြတ်နိုးမှုကို ရရှိထားတဲ့ ဇနီးမောင်နှံကတော့ သရုပ်ဆောင်ဇဏ်ခီနဲ့ ဒါရိုက် တာ ခရစ္စတီးနားခီတို့ပဲဖြစ်ပါတယ်။ လက်ရှိမှာ တော့ သရုပ်ဆောင်ဇဏ်ခီဟာ ဇူလိုင်လ ၉ ရက်နေ့ က အောင်ဇမ္ဗူ တောရဓမ္မရိပ်သာကျောင်းမှာ ဦးပဉ္စင်းရှင်ကေသရ ဘွဲ့နာမည်နဲ့ ရဟန်းဝတ်ခဲ့ပါ တယ်။ ရဟန်းဝတ်ဖြစ်တဲ့အကြောင်းကို သရုပ် ဆောင်ဇဏ်ခီရဲ့ ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီး နားခီက သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ အခုလိုဖော်ပြ ထားတာတွေ့ရပါတယ်။

”ဇူလိုင်လ ၉ ရက်နေ့ မနက် ၁ဝ နာရီ ၁၆ မိနစ်မှစပြီး ‘ရှင်ကေသရ’ ဘွဲ့ နာမည်ဖြင့် ရဟန်းဘဝခံယူခဲ့ပါတယ်။ (တစ်ခါတရံမှ ရဟန်းဘဝရတာမို့ ရဟန်းအလုပ်ကို ဖြောင့်ဖြောင့် လုပ်စေချင်လို့ ဘယ်သူမှ မဖိတ်တာပါ။ မန်နေဂျာ တွေကိုရော၊ မိသားစုကိုရော ဘယ်သူမှ ထပ်မလာ ဖို့နဲ့ မလာခိုင်းဖို့ကိုလည်း သေချာပြောထားတာမို့ နားလည်ခွင့်လွှတ်စေချင်ပါတယ်”လို့ ရေးထားပါ တယ်။

T.SH , Photo-Min Thu Kyaw

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*