
သရုပ်ဆောင် ခရစ္စတီးနားကတော့ အနုပညာလောကနဲ့ အချိန်အနည်း ငယ်ဝေးကွာခဲ့ပေမယ့် လက်ရှိမှာ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ လတ်တလောမှာ ဒါရိုက်တာသားညီ ရိုက်ကူးတဲ့ ၂၅% ရုပ်ရှင်ဇာတ် ကားမှာ ပါဝင်သရုပ်ဆောင်နေပြီး ဗီဒီယို ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက် ကူးသွားမှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ သူ့အနေနဲ့အနုပညာအလုပ်ကို ပြန်လည် အားစိုက်လုပ်ကိုင်ဖြစ်တဲ့အကြောင်းကို သရုပ်ဆောင် ခရစ္စတီးနား က အခုလိုပြောပြခဲ့ပါတယ်။
”အစ်မက ဒီနှစ်သင်္ကြန်ကစပြီး အနုပညာအလုပ်တွေ လှုပ်ရှားဖြစ်ပါ တယ်။ သင်္ကြန်မှာဆိုလည်း ပရိသတ်တွေနဲ့ သီချင်းဆိုတယ်။ အနုပညာ အလုပ်ကို ဆက်လုပ်ဖြစ်ခဲ့တာကတော့ ကိုယ်ကလည်း ဒါကိုဝါသနာပါ တယ်။ ဘဝမှာ အနုပညာကလွဲရင် ဘာမှဆက်လုပ်စရာ မရှိပါဘူး။ ပျော်စရာဆိုရင်လည်း ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ဒီအလုပ်ပဲရှိတယ်။ အဲဒါကြောင့်လည်း အနုပညာကိုပဲ ဆက်လုပ်သွား မှာပါ။ ကြားထဲမှာ နည်းနည်းလေးနားလိုက်ရတယ်။ နားလိုက်တာ ကလည်း အကြောင်းအမျိုးမျိုးကြောင့်ပါ။ မိသားစုရေးတွေရော။ ပြီး တော့အစ်မနိုင်ငံခြားရောက်သွားတာတွေလည်း ပါတယ်။ အခုအခြေ အနေကတော့ အဲဒီလို နားရမယ့်အကြောင်းလည်း မရှိတော့ပါဘူး။ ပြီး တော့မင်းသမီးဆိုတာထက် သရုပ်ဆောင်ကောင်းတစ်ယောက်ပဲ ဖြစ်ချင် တယ်ဆိုတာက အစ်မရဲ့ပြောင်းလဲလာတဲ့ စိတ်ခံစားမှုပါ” လို့ ခရစ္စတီးနားက ပြောပြခဲ့ပါတယ်။
ဇော်ဝင်းအောင် ၊
ဓာတ်ပုံ – အောင်ဇော်မင်း