Heineken Beer
Heineken Beer

ဇာတ်ညွှန်းတွေကအစ အတူတူဖတ်ပြီး သူ့ရဲ့ သရုပ်ဆောင်မှုကို ကူညီပေးဖြစ်တယ်ဆိုတဲ့ သရုပ်ဆောင် ပိုင်ဖြိုးသု ရဲ့ ချစ်သူ ဒါရိုက်တာ ဏကြီး

ဇာတ်ညွှန်းတွေကအစ အတူတူဖတ်ပြီး သူ့ရဲ့ သရုပ်ဆောင်မှုကို ကူညီပေးဖြစ်တယ်ဆိုတဲ့ သရုပ်ဆောင် ပိုင်ဖြိုးသု ရဲ့ ချစ်သူ ဒါရိုက်တာ ဏကြီး
July 3, 2018 AsianFame MediaGroup

မကြာသေးခင်ကမှ စေ့စပ်ပွဲ ကျင်းပထားတဲ့ ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုတို့ဟာ တစ် ယောက်နဲ့တစ်ယောက် အပြန်အလှန် ချစ်ခင်မှု၊ နားလည်မှုတွေနဲ့ လက်တွဲခဲ့ ကြပြီး ချစ်သူသက်တမ်း ၄ နှစ်ခွဲဆိုတဲ့ အချိန်ကာလကို ရောက်ရှိလာချိန်မှာ တော့ စေ့စပ်ပွဲလေး ပြုလုပ်ခဲ့ကြပါ တယ်။ ပရိသတ်တွေ အားပေးကြတဲ့ ချစ်သူ ပိုင်ဖြိုးသုအပေါ် ဘယ်လိုမြင် မိလဲလို့ မေးကြည့်တဲ့အခါမှာတော့ ဒါရိုက်တာ ဏကြီးက …

”ကျွန်တော်တို့ စတွေ့ကတည်း က သူ့ကို သတိထားမိတာက သူက မင်းသမီးတစ်ယောက်ဆိုပေမယ့် သရုပ်ဆောင်နေတဲ့အချိန်မှာပဲ မင်း သမီးတစ်ယောက်လို သရုပ်ဆောင် တယ်။ အပြင်မှာတော့ မင်းသမီးတစ် ယောက်လိုမနေဘူး။ ကြည့်ရတာ တအားသဘောကျတယ်။ ပြီးတော့ သူက လှတာတော့ ပြောစရာမလိုပါ ဘူးပေါ့နော် (ရယ်လျက်)။ ဒါပေမဲ့ သူ့ စိတ်လေးကိုချစ်လို့ ဒီလိုမျိုး သူနဲ့ လက်တွဲဖြစ်သွားတယ်။ သူ့ကို ကျွန် တော်ကတော့ မင်းသမီးတစ်ယောက် လို့မမြင်ဘူး။ အပြင်က ကောင်မလေး တစ်ယောက်လို့ပဲမြင်ပြီး သဘောကျ တာပါ”လို့ ပြောပါတယ်။

နှစ်ယောက်စလုံးကလည်း အနု ပညာအလုပ်ကို လုပ်ကိုင်နေကြတဲ့ အတွက် တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဖေးမမှုမျိုးတွေပြုလုပ်ပေးကြ သလဲလို့ မေးကြည့်တဲ့အခါမှာတော့ ဒါရိုက်တာ ဏကြီးက …

”သုသုနဲ့ ရိုက်ကွင်းပေါ်မှာ စတွေ့တာပေါ့။ ကျွန်တော်တို့ နှစ် ယောက်ကလည်း စိတ်တူ၊ ကိုယ်တူ ဆိုတော့ အနုပညာအလုပ်က တစ် ယောက်ကို တစ်ယောက်ဖေးမရင်းနဲ့ အနုပညာအလုပ်က ပိုပြီးတောင် အ တူတူလုပ်ဖြစ်မယ်ထင်ပါတယ်။ ပြီး တော့ ကျွန်တော်တို့နှစ်ယောက်စပြီး မေတ္တာမျှကတည်းကိုက ကျွန်တော် သူ့ရုပ်ရှင်တွေဆို အမြဲတမ်းဖွံ့ဖြိုးမှု အနေနဲ့ ဝိုင်းကူညီပေးတယ်။ သူ့ရဲ့ ကာရိုက်တာပိုင်းကိုလည်း ဘေးကနေ အမြဲတမ်းအကြံပေးဖြစ်တယ်။ ဇာတ် ညွှန်းကအစ ကူဖတ်ပေးပြီးတော့ သရုပ်ဆောင်တာကို အတူတူလုပ် ကိုင်ဖြစ်ပါတယ်။ အခုပြီးခဲ့တဲ့ ‘မီ’ ရုပ်ရှင်ဇာတ် ကားမှာဆိုရင်လည်း ကျွန်တော်တို့ အရှေ့ပိုင်းမှာ အတူတူ အလုပ်လုပ်ထားတဲ့အတွက်ကြောင့် နှစ်ယောက်အထောက်အကူ တအား ဖြစ်လာတယ်။ ပိုပြီးအဆင်ပြေပါ တယ်”လို့ ဒါရိုက်တာဏကြီးက ပြောပြခဲ့ပါတယ်။

သဲစုလှိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*