ချစ်သူ G – Fatt နဲ့ ကြီးကြီးမားမား ရန်မဖြစ်ဖူးဘူးဆိုတဲ့ နန်းဆုရတီစိုး

ချစ်သူ G – Fatt နဲ့ ကြီးကြီးမားမား ရန်မဖြစ်ဖူးဘူးဆိုတဲ့ နန်းဆုရတီစိုး
June 26, 2018 AsianFame MediaGroup
ချစ်သူ G – Fatt နဲ့ ကြီးကြီးမားမား ရန်မဖြစ်ဖူးဘူးဆိုတဲ့ နန်းဆုရတီစိုး

သရုပ်ဆောင် နန်းဆုရတီစိုးကတော့ လတ်တလောမှာ ကြော်ငြာတွေရိုက်ကူးဖြစ်နေပြီး သီချင်း တစ်ပုဒ်ထွက်ဖြစ်ဖို့လည်း စီစဉ်နေပါတယ်။ သူမရဲ့ မကြာခင်ထွက်ရှိလာမယ့် Music MTV နဲ့ပတ်သက်ပြီး . . . . .

”အခုကတော့ MTV တွေ ရိုက်ကူးဖြစ်နေပါတယ်။ ကိုယ့်သီချင်း အတွက်ရော၊ တခြား Music MTVတွေအတွက်ပါ ရိုက်ကူးဖြစ်နေပါတယ်။ သီချင်းကတော့ Online မှာပဲ တင်ပေးသွားမှာပါ။ ထွက်မယ့် သီချင်းက မသေချာသေးဘူး။ ဘယ်တစ်ပုဒ်ကိုထုတ်ရင် ကောင်းမလဲ စဉ်းစားနေတာပေါ့။ Music Video ရိုက်ကူးပြီးမှပဲကိုယ်အားရတဲ့တစ်ပုဒ်ကို ထုတ်ဖြစ်မှာပါ။ ရေးပေးထားတဲ့ တေးရေး ဆရာတွေကတော့ သုံးယောက်ရှိတယ် ဘယ်အပုဒ်ကို ထုတ်ဖြစ်မလဲ မသေချာသေးတော့ပြောလို့ မရသေးပါဘူး။ ၆ လပိုင်းမှာသီချင်းတစ်ပုဒ်ထွက်မယ်လို့ ပရိသတ်တွေကိုပြောထားတဲ့အတွက် နန်းဆုပြင်ဆင်နေပါတယ်။ မထွက်သေးဘူးလားလို့ လာမေးကြတဲ့ပရိသတ်တွေရော၊ စောင့်စား ပေးနေတဲ့ပရိသတ်ကိုရော နန်းဆုကျေးဇူးတင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ပရိသတ် သိပြီးသားဖြစ်တဲ့ အဆိုတောG-Fatt နဲ့ သူမတို့ရဲ့ချစ်သူဘဝ ဖြတ်သန်းမှုကိုလည်း ဆက်လက်မေးမြန်းခဲ့ရာ . . . .

”နန်းဆုတို့နှစ်ယောက်စလုံးက သိပ်ပြီး ရန်လည်းမဖြစ်ကြဘူး။ ညှိညှိနှိုင်း နှိုင်းတိုင်တိုင်ပင်ရှိကြတယ်။ ပြီးတော့ နှစ်ယောက်စလုံး အနုပညာသမား ဖြစ်နေတဲ့အတွက် ဘာမှလည်းထွေထွေထူးထူး ညှိယူစရာမလိုပါဘူး။ တစ်ယောက်နဲ့တစ်ယောက်က နားလည်မှုအပြည့်အဝရှိတယ်။ တစ်ခါ တလေစိတ်ဆိုးတာ၊ စိတ်ကောက်တာလောက်ပဲရှိတယ်။ ကြီးကြီး မားမား ရန်ဖြစ်တာတော့ မရှိပါဘူး။ တော်တော်လေး နားလည်မှုရှိတယ်လို ပြော လို့ရတာပေါ့။ ကိုယ့်အလုပ်ပေါ်မှာရော သူ့အလုပ်အပေါ်မှာရော နားလည် တယ်။ တစ်ယောက်လိုအပ်တာကို တစ်ယောက် ဖြည့်ဆည်းပေးတယ်ဆိုတော့ တော်တော်လေး အဆင်ပြေပါတယ်” လို့လည်း သူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး သရုပ်ဆောင်နန်းဆုရတီစိုးက အခုလိုပြောပြခဲ့ပါတယ်။

သတင်း

ဓာတ်ပုံ – ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*