ရဲအောင် ပြောပြတဲ့ လူငယ်တွေအတွက် အောင်မြင်မှု သော့ချက်

ရဲအောင် ပြောပြတဲ့ လူငယ်တွေအတွက် အောင်မြင်မှု သော့ချက်
June 21, 2018 AsianFame MediaGroup
ရဲအောင် ပြောပြတဲ့ လူငယ်တွေအတွက် အောင်မြင်မှု သော့ချက်

အခုလတ်တလောမှာတော့ အကယ်ဒမီရဲအောင်က ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင် ရိုက်ကူးနေတဲ့ ‘ကြီးမြတ်သော မာတာ’ ရုပ်သံဇာတ် လမ်းတွဲမှာ မို့မို့မြင့်အောင်၊ ကောင်း ဆက်ထူး၊ အေးချမ်းမောင်၊ နန်းရွှေ ရည်၊ ခင်သဇင်၊ အိရွှန်းမဒီတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီ ဇာတ်လမ်းတွဲမှာ ရဲအောင်က မို့မို့မြင့်အောင်ရဲ့ ခင်ပွန်း၊ သားသမီး ငါးယောက်တို့ရဲ့ဖခင်အဖြစ် သရုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ဒီဇာတ် လမ်းတွဲအပြင် MRTV 4 က ဇာတ် လမ်းတွဲတွေမှာလည်း ပါဝင်သရုပ် ဆောင်နေပါတယ်။ ဇာတ်လမ်းတွဲ တွေကို တက်သစ်စ သရုပ်ဆောင်တွေ နဲ့ ရုပ်သံတွေဘက်က ရွေးချယ်ထားတဲ့ သရုပ်ဆောင်သစ်တွေနဲ့ အတူတူတွဲ ဖက်ကာ ရိုက်ကူးနေရပြီး ဒီသရုပ် ဆောင်သစ်တွေကိုလည်း ဝါရင့် သရုပ်ဆောင် တစ်ယောက်အနေနဲ့ လက်တွဲခေါ်ယူသွားမှာဖြစ်သလို နွေးထွေးစွာလည်း ကြိုဆိုပါတယ်လို့ ရဲ အောင်က ပြောပြပါတယ်။ အနုပညာ ကို ဝါသနာပါလို့ တက်လှမ်းခဲ့ကြတဲ့ မျိုးဆက်သစ်သရုပ် ဆောင်တွေအပေါ် ရဲအောင်ရဲ့အမြင်က…

”သူတို့ အကုန်လုံးက သူတို့ ဝါသနာပါလို့ ရွေးချယ်ထားတဲ့ ဒီအလုပ်အပေါ်မှာ တအားအာရုံစိုက်ကြတယ်။ ကျွန်တော်တို့တွေခေတ်တုန်းကနဲ့စာရင် သူတို့ တွေခေတ်မှာကနည်းပညာတွေ တိုးတက် လာတယ်။ ခေတ်တွေ စနစ်တွေကြောင့် အသိပညာ အတတ်ပညာတွေကလည်း ပိုသိလာတယ်။ တချို့အရာတွေဆိုရင် ကျွန်တော်တို့ မသိတာတွေတောင် သူတို့ကကောင်းကောင်းသိကြတယ်။ နောက်တစ်ခါ သူတို့ဆီမှာ မမြင်ရတဲ့ အရည်အချင်းတွေ အကုန်ရှိနေပါတယ်။ ကျွန်တော်တို့ကတော့ ရုပ်ရှင်ဗီဒီယို ရိုက်လာတဲ့ နှစ်သက်တမ်းတွေအရ အတွေ့အကြုံတော့ ပိုတာပေါ့လေ။ ကျန်တာကတော့ သူတို့တွေ အကုန်တော်ကြပါတယ်”လို့ ပြောပြ ပါတယ်။

သရုပ်ဆောင်သစ်တွေ အနုပညာလောကမှာ အောင်မြင်ဖို့ အတွက် အဓိကသော့ချက်ကိုလည်း ရဲအောင်က ”အဓိကကတော့ ကိုယ့်အလုပ်အပေါ်မှာကိုယ် စိတ်ထည့်ထားပါ။ စိတ်ရှည်ပါ၊ စေတနာထားပါ၊ ကိုယ်မသိသေးတဲ့အရာတွေကို ပွင့်ပွင့်လင်း လင်းမေးပါ။ ပတ်ဝန်းကျင်မှာမြင်တွေ့နေရတဲ့ လူတွေရဲ့ စရိုက် ကာရိုက်တာတွေ အများကြီးရှိတယ်လေ။ အဲဒါ တွေကို လေ့လာကြပါ၊ မှတ်ထားပါ။ လိုအပ်ရင် ပြန် ပြန်သုံးပါလို့ ကျွန်တော်ပြောချင်ပါတယ်။ ဒီလုပ် ငန်းပဲဖြစ်ဖြစ် ဘယ်လုပ်ငန်းပဲဖြစ်ဖြစ် စိတ်ထဲ မှာရှိပြီး ဝါသနာပါနေဖို့လိုပါတယ်။ ဝါသနာပါ လို့ ကိုယ်ရွေးချယ်တဲ့ လမ်းကြောင်းပေါ်မှာ ဇွဲရှိရှိနဲ့လုပ်ကိုင်သွားရင် အချိန်တန်ရင် တော့အောင်မြင်မှာပါ”လို့ မျိုးဆက်သစ် လူငယ်တွေကိုအကြံပြုပြောကြား ခဲ့ပါတယ်။

ဇင်မာနွယ်၊

ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*