Lucky Star ဖူဆယ် ဘောလုံးကစားကွင်း ဖွင့်လှစ်လိုက်တဲ့ ကိုပြည့်မောင် နဲ့ သရုပ်ဆောင် Smile တို့ဇနီးမောင်နှံ

Lucky Star ဖူဆယ် ဘောလုံးကစားကွင်း ဖွင့်လှစ်လိုက်တဲ့ ကိုပြည့်မောင် နဲ့ သရုပ်ဆောင် Smile တို့ဇနီးမောင်နှံ
June 19, 2018 Popular

ကိုပြည့်မောင်နဲ့ သရုပ်ဆောငSmile တို့ ဇနီး မောင်နှံရဲ့ Lucky Star ဖူဆယ်ဘောလုံးကစားကွင်း ကို ဇွန်လ ၇ ရက်နေ့က သန်လျင်တောရကျောင်း လမ်း၊ ၁၅ နယ်မြေ၊ ဗိုလ်ချုပ်ကျေးရွာမှာ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီဖွင့်ပွဲမှာ မြန်မာ့လက်ရွေး စင်ဟောင်းများနဲ့ အနုပညာရှင်များရဲ့ ချစ်ကြည်ရေး ဘောလုံးပွဲစဉ် များလည်း ပါဝင်ခဲ့ပါတယ်။ အဆိုပါ Lucky Star ဖူဆယ်ဘောလုံးကစားကွင်း ဖွင့်လှစ်ခဲ့ ခြင်းနဲ့ ပတ်သက်ပြီး စမိုင်းလ်က အခုလိုပြောပြခဲ့ပါ တယ်။

”Lucky Star ဖူဆယ်ဘောလုံးကစားကွင်း ဖွင့်ဖြစ်ခဲ့တာကတော့ အစ်မတို့ ဇနီးမောင်နှံနှစ် ယောက်စလုံးက ဘောလုံးအားကစားကို ဝါသနာပါ တယ်။ အစ်မရဲ့ အမျိုးသားကိုယ်တိုင်လည်း ဘောလုံး ကန်တယ်။ ဘောလုံးကို ဝါသနာပါတယ်။ အစ်မရဲ့ သမီးလေးတွေလည်း ဘောလုံးကန်တာကို ဝါသနာပါ တယ်။ အဲဒီတော့ ရန်ကုန်မှာ ဘောလုံးကွင်းလေး လုပ်တယ်ဆိုပြီး စဉ်းစားတာပေါ့။ ဒါပေမဲ့ ရန်ကုန်မှာ အခုနောက် ပိုင်း ဖူဆယ်ဘောလုံးကွင်းတွေ အရမ်း များလာတယ်။ အဲဒါကြောင့် အစ်မတို့ သူငယ်ချင်း နဲ့လည်း တိုင်ပင်ပြီး သန်လျင်မှာ ဖွင့်ဖြစ်ခဲ့တာပါ”လို့ စမိုင်းလ်က ပြောပါတယ်။ စမိုင်းလ်ရဲ့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ကလည်း သူကိုယ်တိုင် ဘောလုံးဝါသနာ ပါတဲ့အတွက် အခုလို ဖူဆယ်ဘောလုံးကွင်းဖွင့်လှစ် နိုင်ခဲ့တဲ့အပေါ် ဝမ်းသာပီတိဖြစ်မိကြောင်း ပြောပြခဲ့ ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*