Heineken Beer
Heineken Beer

ပွဲတက်ဝတ်စုံနဲ့ ကတ္တီပါ ဖိနပ်တွေကို ထုတ်လုပ် ရောင်းချမယ့်

ပွဲတက်ဝတ်စုံနဲ့ ကတ္တီပါ ဖိနပ်တွေကို ထုတ်လုပ် ရောင်းချမယ့်
June 18, 2018 AsianFame MediaGroup

 

သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ် က စီးပွားရေး လုပ်ငန်းအနေနဲ့ ရွှေပိုး ဧကရီ ပိုးထည်ဆိုင်ဖွင့်လှစ် ထားပါတယ်။ အခု နောက်ထပ်စီးပွားရေးလုပ်ငန်း တစ်ခုထပ်မံလုပ်ကိုင်သွားဖို့ ခြေလှမ်းစနေပြီဖြစ် ပါတယ်။ဒီလုပ် ငန်းကို သြဂုတ်လအကုန်လောက်မှာ အကောင်အထည် ဖော်သွားမှာဖြစ် ပြီး တိုးချဲ့ လုပ် ကိုင်မယ့်လုပ်ငန်းအကြောင်းကိုတော့ လှမျိုး သဉ္ဇာ နွယ်က အခုလို ပြောပြပါတယ်။

”ပိုးထည်ဆိုင်နဲ့ ဆက်စပ်ပြီး တော့ ပွဲတက် ဝတ်စုံတွေကို ထုတ်လုပ်ပြီး ဖြန့်ချိရောင်းချဖို့ လုပ် နေပါတယ်။ အဲဒါကတော့ ဆိုင်ခွဲ အနေနဲ့မဟုတ်ဘဲနဲ့ ဖြန့်ချိရေးအပိုင်းပါပါလာမှာပါ။ နောက်ပြီး ကတ္တီပါ ဖိနပ်ကိုလည်း ဖြန့်ချိဖို့ စီစဉ်နေပါတယ်။ အခု ကိုယ်ပိုင်စက်တွေ ထောင်လိုက်တယ်။ အရင်က တော့ အပြင်ကလာအပ်တဲ့ သတို့ သမီး ဝတ်စုံတွေ ပွဲတက်ဝတ်စုံတွေ ကိုပဲ ချုပ်ပေးခဲ့တာ။ တခြားနေရာ သွားရင် ကိုယ်တွေမရနိုင်တဲ့ ဝတ်စုံပုံ စံမျိုးတွေ အများဆုံးလိုချင်တဲ့ပုံစံမျိုးတွေကို အစ်မထုတ်လုပ် ပေးနိုင်အောင်စီစဉ်နေပါတယ်” လို့ လှမျိုး သဉ္ဇာ နွယ်ကပြောပြပါတယ်။

အခုလို စီးပွားရေး လုပ်ငန်း များ လုပ်ကိုင်တဲ့အခါမှာ အနုပညာရှင်တစ်ယောက် ဖြစ်ခဲ့တဲ့အတွက်ပရိသတ်များ၊ Customer များရဲ့ အားပေးမှုများစွာရရှိတဲ့ အတွက်လည်း ကျေးဇူးတင် ကြောင်း ပြောပြခဲ့ပါတယ်။ သူ့အနေ နဲ့ အခုဆိုရင် အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီး ဒီနှစ်ထဲမှာ သူပါဝင်သရုပ်ဆောင်ထားတဲ့ ဗီဒီယို ဇာတ်ကားများ ရုပ်ရှင်ဇာတ်ကားများ ထွက်ရှိ လာခဲ့ရင်လည်း အားပေးကြည့်ရှုကြဖို့ ပရိသတ် များထံ ဆန္ဒစကားပါးခဲ့ပါတယ်။

”အနုပညာအလုပ်တွေ ပြန်ပြီး လုပ်တဲ့အခါမှာ လှိုက်လှိုက်လှဲလှဲ အားပေးကြတာ မြင်ရတဲ့အတွက် တအားလည်းဝမ်းသာပါတယ်။ အစ်မရဲ့ ပရိသတ် တွေအတွက် အရင်ကထက် ပိုကြိုးစား သွားပါ့မယ်။ အားပေးတဲ့အတွက်လည်းဝမ်းသာရပါတယ်။ အစ်မ သမီးလေးကို ချစ်ပေးကြတဲ့အတွက် ကျေးဇူးတင် ဝမ်းသာမိပါတယ်” လို့ လှမျိုးသဉ္ဇာနွယ်က ပြောပြ ခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ – မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*