အမေ နှင့် ကြည်ကြည်ဌေး

အမေ နှင့် ကြည်ကြည်ဌေး
June 11, 2018 AsianFame MediaGroup
အမေ နှင့် ကြည်ကြည်ဌေး

ကျွန်တော်၏ မြင်းမိုရ်တောင်ဦး၊ မကကျူးသော မာတာမိခင်ကျေးဇူးရှင်ကြီးသည် ရေမရောသော တောသူစစ်စစ်ဖြစ်ပါ၏။ ”ဟဲ့ … တောသူအတုဆိုတာရှိလို့လားကွယ်” ဟု စောဒကတက်လိုသူ ရှိငြားပါအံ့။ ကျွန်တော်ဖြေပါမည်။ တောမှာမွေး တောမှာ ကြီး၍ ကံအားလျော်စွာ မြို့ပြသို့ရောက်ပြီး ပုတ်သင်ညိုလို အရောင်ပြောင်း မြို့သူစတိုင်(လ်) မျိုးထွက်အောင် ဇွတ်ကြီးအသွင်ယူကြ သူများကား …’တောသူအတု’ များပင် ဖြစ်ကြသည်။ ”အိုဟယ် …မြို့ရောက်မှတော့ မြို့သူအတုပဲ ဖြစ်တော့မပေါ့”ဟု အချို့က ငြင်း ချက်ထုတ်ကောင်းထုတ်ကြမည်။ ကျွန်တော်၏ ဆိုလိုရင်းကို စစ်စစ် ပေါက်ပေါက် ကတ်ကတ်သတ်သတ် တွေးကြည့်လျှင် အဖြေပေါ်သွားပါ လိမ့်မည်။ တောမှာမွေး တောမှာ ကြီးပြင်းကာ တောဇာတိကို ဖျောက် သောသူ ဣတ္ထိယများကို ကျွန်တော် က ‘တောသူအတု’ ဟုသာ ခေါ်ချင် သည်။ တောသူ၏ ဇာတိလက္ခဏာ ပျောက်ဆုံးသွားကာ၊ တောသူစစ် စစ်မဟုတ်တော့ဘဲ အတုဖြစ်သွား ကြောင်း ‘တောသူအတု’ ဟု ကျွန် တော်က နာမပညတ် လိုက်ရခြင်းသာ ဖြစ်တော့သည်။ ကျွန်တော့်အမြင်ကို ကျေနပ်က ယူပါ။ မကျေနပ်က ပယ် ပါ။No problem။

‘တောသူစစ်စစ် လက္ခဏာ’ တွေကား ဘာတွေပါလဲ။ အများကြီး ပါ။ ထင်ရှားသောလက္ခဏာအနည်း ငယ်မျှကို ပြောပြရလျှင် တောသူစစ် စစ်တို့သည် ဝတ်ပုံစားပုံ၊ နေပုံထိုင် ပုံ၊ စားပုံသောက်ပုံ ရိုးသားပွင့်လင်း ကြသည်။ ဟန်တွေ ပန်တွေ၊ စတိုင် တွေ ဂွိုင်တွေ မရှိကြပါ။ ပဲမများကြ ပါ။ တိုးတိုး …တိုးတိုး မလုပ်တတ် ကြ။ တုတ်ထိုးအိုးပေါက် ဟော့ဟော့ ဒိုင်းဒိုင်းပြောတတ်ဆိုတတ်ကြသည်။ ထိုမျှမက …”တို့ကတော့ ကျယ် ကျယ်ပဲဟေ့၊ စကားပြောလည်းကျယ် ကျယ်ပဲ၊ အီးပေါက်လည်း ကျယ်ကျယ် ပဲ၊ မှတ်ထား”ဟူ၍ပင် ကြေညာချက် ထုတ်ပြန်တတ်ကြသည်။

ကျွန်တော်၏ မာတာမိခင်ကျေး ဇူးရှင်ကြီးသည် ဆိုခဲ့ပါ တောသူစစ် စစ်ဖြစ်သော်လည်း စာပေအနုပညာ ချစ်မြတ်နိုးရာမှာတော့ မြို့သူပညာ တတ်တွေ လက်ဖျားခါလောက်ပါ သည်။ အမေသည် စာပေချစ်မြတ်နိုး သော ဘုန်းတော်ကြီးတစ်ပါး၏ တပည့်မပီပီ (သူÓဏ်မီသလောက် လက်လှမ်းမီသလောက်) ‘မင်းပူး ဆရာတော်ဦးသြဘာသ’၏ လက်ရာ ‘ဝေဿန္တရာဇာတ်တော်ကြီး’ ဝတÄုစာ အုပ်ကိုလက်ရင်းထားပြီး အခြားဇာတ် နိပါတ်စာအုပ်များကို အရည်ကျို သောက်ထားခဲ့ပါသည်။ ထို့ကြောင့် ကျွန်တော်ကျောင်းမနေမီ၊ ထို့နောက် ကျောင်းနေပြီး မြန်မာစာနှင့် စတင် မရင်းနှီးသေးခင်ကပင် အမေ၏နှုတ် ပြောဇာတ်တော်ကြီးများနှင့် ကျွမ်းဝင် ပူးကပ်ပြီးသားဖြစ်နေသည်။ တစ်ခါ သော် အူတူတူစာပေသမား နာမည်ခံ အူကြောင်ကျားတစ်ယောက်က …

”ကိုကြူးရဲ့ စာပေလက်ဦးဆရာ က ဘယ်သူတုံး’ဟု မေးသည်။

”ကျွန်တော့်အမေ ဒေါ်ဖွားမှီ ပေါ့ဗျ …”

”ဟွန်း …ဒေါ်ဖွားမှီဆိုတဲ့ စာရေးဆရာမဆိုတာကို မကြားဖူးပါ လားဗျာ …”

”ဒေါ်ဖွားမှီဆိုတာ ကျုပ်အမေ ဗျ၊ ကျုပ်ရဲ့ တစ်ဦးတည်းသော စာပေ လက်ဦးဆရာ မူရင်းစစ်စစ်ပဲ၊ (ကဲ) ဘာပြောချင်သေးသလဲ …”
အမေသည် စာပေဝါသနာ (ဇီး ရိုး)ဖြစ်သော အဖေနှင့် အိမ်ထောင် ကျခဲ့ပြီးနောက် ပြည်တွင်းစစ်၏ ဂ ယက်ကြောင့် အသက် ၃ဝ ကျော် အရွယ်တွင် ရန်ကုန်မြို့လယ်ကောင် အနီးသို့ ရောက်ရှိလာခဲ့ပါသည်။ ရန် ကုန်မှာတော့ စာနယ်ဇင်းတွေက ပေါ လှပါဘိ။ မနက် ၇ နာရီလောက်ဆို သတင်းစာပို့သမားက စက်ဘီးဘဲလ် သံပေးရင်း အမေရှေ့သို့ ရောက်လာ ပြီး သတင်းစာပို့သမားဆီမှာ သတင်း စာအပြင် ဂျာနယ်မဂ္ဂဇင်းအသစ်တွေ လည်း ပါတတ်သည်။ မိမိအလိုရှိပါ က ‘ဘားမားစတား’လို ကာတွန်းဂျာ နယ်၊ ‘ရုပ်ရှင်စတား’လို ရုပ်ရှင်ဂျာနယ် များကို သတင်းစာပို့သမားထံမှ အော်ဒါမှာ၍ ရသည်။ အမေသည် ဈေးရောင်းရင်း အိမ်မှုကိစ္စဆောင် ရွက်ရင်း အားလပ်သည်နှင့် စာဖတ် နေလေ့ရှိသည်။ အိမ်ဦးနတ်အသျှင် ဖခင်ကြီးကတော့ သတင်းစာက လွဲ လျှင် ဘာမှမဖတ်။

အမေက စာဖတ်ခြင်းကိုလည်း လက်မလွှတ်ဘဲ ရုပ်ရှင်ဘက်သို့ အာ ရုံပြောင်းသွားပြန်သည်။ ကျွန်တော် တို့ နေထိုင်သောရပ်ကွက်က မြို့ လယ်ကောင် down town ရုပ်ရှင်ရုံ တွေနှင့် မြေနီကုန်းရှိ ရုပ်ရှင်ရုံတွေ ကြားမှာ ရောက်နေသည်။ မြန်မာရုပ် ရှင်ဆိုလျှင် အမေက မြို့လယ်ကောင် သို့ သွားကြည့်သည်။ ကုလားကား ကောင်းကောင်းရုံတင်ပြီကြားလျှင် တော့ ရွှေတောင်ကြားရပ်ကွက်ကို မြင်းလှည်းစီး၍ ဖြတ်ပြီး မြေနီကုန်း သို့ သွားသည်။ ကျွန်တော့်ကျောင်း ပိတ်ရက်ရောက်မှ၊ အမေက ရုပ်ရှင် ကြည့်သွားတတ်ရာ အမေရုပ်ရှင် ကြည့်တိုင်း ကျွန်တော်လည်း ရုပ်ရှင် ကြည့်ခွင့်ရနေသည်။ ခက်တာက ကျွန်တော်သည် မြန်မာဇာတ်ကား တွေကို မကြိုက်၊ နိုင်ငံခြားအက်ရှင် ဇာတ်ကားမှ ကြိုက်သည်။

ကျွန်တော်လေ့လာမိသလောက် ၁၉၅ဝ ပြည့်နှစ်များသည် မင်းသမီး ‘ကြည်ကြည်ဌေးခေတ်’ဖြစ်သည်။ ကြည်ကြည်ဌေးသည် ရုပ်ရှင်အများ ဆုံးရိုက်ကူးရသည်ဟု ထင်သည်။

”ကြည်ကြည်ဌေးကားသစ် ရုံ တင်ပြီဟေ့”ဟု တစ်ယောက်က လာ ပြောလျှင် အမေက ”အဆင်သင့်ပဲ ဟေ့”ဟု ပြန်အော်တတ်သည်။ မကြာ မီ ကျွန်တော့်ကျောင်းပိတ်ရက် ရောက်လျှင် အိမ်နီးချင်းမိန်းမဖော် တစ်သိုက်နှင့်အတူ စကားတွေ ဟောင်ဖွာဟောင်ဖွာနှင့် ကျွန်တော် တို့ သားအမိတစ်တွေ ကြည်ကြည်ဌေး ရုပ်ရှင်ဇာတ်ကား ပြသနေရာ ရုပ်ရှင် ရုံသို့ ရောက်သွားကြသည်။ စကား တွေ ဟောင်ဖွာဟောင်ဖွာဟု ပြောရ ခြင်းမှာ အမေ၏ အိမ်နီးချင်းမိန်းမ ဖော်အားလုံး တောသူတွေဖြစ်ကြ သောကြောင့်ပင်။ ထိုခေတ်ကတည်း က ရန်ကုန်မြို့ပေါ်မှာ နယ်သူနယ် သား တောသူတောင်သားတွေက အများစုဖြစ်ပါသည်။ အမေတို့ တစ် သိုက်က တောသူတွေဆိုတော့ … စကားတွေ ဟောင်ဖွာဟောင်ဖွာ၊ ဆေးပေါ့လိပ်မီးခိုးတွေ တထောင်း ထောင်း ကွမ်းတံထွေးတွေ တဗျစ် ဗျစ် ကြည်ကြည်ဌေး၏ သစ္စာတော်မြဲ၊ အမာခံ ပရိသတ်တွေ ဖြစ်ကြသည်။ ကြည်ကြည်ဌေးရယ်လျှင် သူတို့လည်း လိုက်ရယ်ကြမည်။ ကြည်ကြည်ဌေး ငိုလျှင် သူတို့လည်း နှပ်တရှုပ်ရှုပ်ဖြင့် လိုက်ငိုကြမည်။

”ကြည်ကြည်ဌေးပါတဲ့ ဘိုင်စ ကုတ်တွေ ကြည့်ချင်လိုက်တာ။ အ သက်ကြီးလို့ သူဘိုင်စကုတ်မရိုက် တော့ဘူး မှတ်တယ်”ဟု အသက် ၆ဝ ကျော်လာသော အမေကညည်းသံ ဖြင့် ပြောသည်။

ထပ်ဆင့်အကယ်ဒမီဆုရှင် ဆိုငို လွမ်းစွယ်စုံရမင်းသမီးကြီး ဒေါ်ကြည် ကြည်ဌေးသည် လောကဓံနှင့် စီးချင်း ထိုးရင်း ဇရာဖိစီးလာချိန်မှာ ညှိုးငယ် နွမ်းပါးစွာ ကွယ်လွန်သွားခဲ့ကြောင်း အမေမသိခဲ့ပါ။ ကြည်ကြည်ဌေးဆုံး ပါးချိန်မှာ အမေလည်း ဇရာဖိစီး လျက် စာမဖတ်နိုင် တီဗီမကြည့်နိုင် ဖြစ်နေခဲ့ရရှာပြီ။

အမေတစ်ယောက် သင်္ခါရသ ဘောကို မလွန်ဆန်နိုင်တော့သည်။ နောက်ဆုံးအချိန်မှာ အမေ့ခေါင်းအုံး ဘေးတွင် ‘ဝေဿန္တရာဇာတ်တော် ကြီး’ စာအုပ်နှင့် ဂျာနယ်ကျော် မမ လေးရေးသားသော ကြည်ကြည်ဌေး ၏ ဝတÄုဟန် အတÄုပ္ပတ္တိ ‘မာလာရီ’ စာအုပ် နှစ်အုပ်တို့ကို တွေ့ခဲ့ရသည်။

အမေသည် စာပေနှင့်အနုပညာ ကို ချစ်ခင်နိုင်သလောက် ချစ်ခင်ပြီး တိမ်းပါးသောအခါ သူအနှစ်သက်ဆုံး များကို စုပ်ယူမျိုချသွားခဲ့ပါသည်။ ကျွန်တော်ကား စာအုပ်တွေအများ ကြီးဖတ်၊ ရုပ်ရှင်တွေ တစ်ပုံကြီးကြည့် ရင်း ဟိုယောင်ယောင်သည်ယောင် ယောင်နှင့် ‘ဟုံ’နေသည်။ ကျွန်တော် သေလျှင် ဘာကိုမှ စုပ်ယူမျိုချခြင်း မပြုနိုင်ဘဲ အဆန်ချောင်ရင်ဘတ် ဟောင်းလောင်းနှင့် မီးသင်္ဂြိုဟ်စက် ထဲ ပစ်ထည့်ခံရမှာကို မြင်ယောင် သေးမိကြောင်းပါ ။ ။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*