Heineken Beer
Heineken Beer

စတုတ္ထမြောက်အခွေ ထွက်ရှိဖို့ ပြင်ဆင်နေတဲ့ မိစန္ဒီ

စတုတ္ထမြောက်အခွေ ထွက်ရှိဖို့ ပြင်ဆင်နေတဲ့ မိစန္ဒီ
June 8, 2018 AsianFame MediaGroup

ဒီနှစ်ကုန်လောက်မှာ သူ့ရဲ့ စတုတ္ထမြောက်အခွေထွက်ရှိနိုင်ဖို့ အဆိုတော် မိစန္ဒီက ပြင်ဆင်နေပါတယ်။ ဒီအခွေမှာ သူဘယ်လိုသီချင်းပုံစံမျိုးတွေကို ဦးစားပေးလုပ်ဆောင်နေသလဲ၊ အရင်ထွက်ရှိခဲ့တဲ့ အခွေတွေထက် ဘယ်လို ထူးခြားမှုတွေရှိ နေမလဲဆိုတာကို မိစန္ဒီက…

”သီချင်းတွေ စလုပ်နေပါပြီ။ အထူး ခြားဆုံးဖြစ်အောင်လုပ်နေပါတယ်။ ဒီတစ်ခေါက် အခွေကို မိစန္ဒီ Rap အပိုင်းကို ဦးစားပေးလုပ်နေပါတယ်။ ပြီးတော့ အခု နောက်ပိုင်း activite လည်း ဖြစ်တဲ ပုံစံမျိုးတွေလည်း လုပ်မယ်။ အဲဒီ တော့ ဒီစတုတ္ထမြောက်အခွေက ထူးထူးခြားခြားလေး ဖြစ်မယ်လို့ ထင်တယ်”လို့ သူက ပြောပြပါတယ်။

အဆိုတော် မိစန္ဒီက သူရဲ့ထွက်ရှိခဲ့သမျှ အခွေတိုင်းကို တစ်ခွေနဲ့ တစ်ခွေ ပုံစံအမြဲမတူအောင် လုပ်တတ်တဲ့သူပါ။ အခုစတုတ္ထမြောက်ထွက်ရှိ မယ့် အခွေနဲ့ ပထမဆုံးထွက်ရှိခဲ့တဲ့အခွေတွေရဲ့ကွဲပြား ခြားနားမှုကို မိစန္ဒီက…

”ပထမဆုံးအခွေကို ၂ဝ၁၁ ခုနှစ်က ထွက်ရှိခဲ့တာဆိုတော့ ခေတ်ကြီးက လည်းအများကြီးကွာသွားပြီ။ အခုပဲ ၂ဝ၁၈ ခုနှစ်ထဲ ရောက်ရှိပြီဆို တော့ ခေတ်ကကွာသလို ခေတ်စားလာ တဲ့ မြူးဇစ်ပုံစံတွေလည်း ကွာခြားလာမယ်။ လူငယ် အကြိုက် တွေပြောင်းလာ သလိုမိစန္ဒီရဲ့ အ ကြိုက်တွေလည်း ပြောင်းလာပြီ။ အဲဒီ အတွက် ပရိသတ် တွေအ သစ် အဆန်း တွေ ကိုခံစားရ မယ်’လို့ ထင်ပါ တယ်”လို့ မိစန္ဒီက ပြောပြ ခဲ့ပါတယ်။ မိစန္ဒီ က ပစ်တိုင်း ထောင်၊ အသည်းလေး၊ မိုနို ပိုလီစတဲ့ အခွေများကိုထွက်ရှိ ထားခဲ့ပြီး ပြီဖြစ်ပါတယ်။

ဇင်မာနွယ်၊

ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*