ၾကံဳဖူးဆံုဖူးကိုလူထူးမာ်း (၈)

ၾကံဳဖူးဆံုဖူးကိုလူထူးမာ်း (၈)
May 31, 2018 Leanne Win
ၾကံဳဖူးဆံုဖူးကိုလူထူးမာ်း (၈)

 

ကျွန်တော်စာပေလောကထဲသို့ ခြေစုံ ပစ်မဝင်သေးမီ ကလောင်သွေး၊ ကလောင်စမ်းနေဆဲကာလ၌ ရန်ကုန် စာပေရပ်ကွက်ထဲမှာ နာမည်ကျော် လူထူးလူဆန်း စာရူးပေရူးတစ် ယောက်ရှိသည်ဟုဆိုပါသည်။ သူ့ကို “စာပုလွေသိန်းဟန်”အဖြစ် လူသိ များကြသည်။ စာရေးဆရာကြီးတစ် ဦး၏ သွင်ပြင်ဟန်ပန်မျိုးဖြင့် နေထိုင် တတ်သည်ဟုဆိုသည်။

တစ်ခါသော် စာပုလွေသိန်းဟန် သည် မဂ္ဂဇင်းတိုက်တစ်တိုက်ထဲသို့ ဝင်လာပြီး တာဝန်ခံအယ်ဒီတာ၏ စားပွဲရှေ့မှာ သွားရပ်သည်။ အယ်ဒီ တာက စာပုလွေသိန်းဟန်၏ “အ ထာ”ကို သိသဖြင့် အင်းမလှုပ် အဲ မလှုပ် ခပ်တည်တည်ပဲ ထိုင်နေသည်။

“ကဗျာဆရာ စာပုလွေသိန်း ဟန်ဆိုတာ ကျုပ်ပဲ။ ကဗျာစာမူတစ် ပုဒ်ပေးမလို့၊ စာရေးစက္ကူတစ်ရွက်နဲ့ ဘောလ်ပင်ခဏငှားစမ်းပါ”ဟု စာပု လွေသိန်းဟန်က အရေးတကြီးလေသံ ဖြင့် ပြောသည်။

အယ်ဒီတာက ဓာတ်သိလည်း ဖြစ်၊ ပြဿနာလည်း မဖြစ်ချင်သော ကြောင့် စာရေးစက္ကူတစ်ရွက်နှင့် ဘောလ်ပင်တစ်ချောင်းကို စားပွဲပေါ် မှာ အသာချပေးလိုက်သည်။ ဘာမှ တော့ မပြော။ မျက်နှာလွှဲ၍ အပြင် သို့ ငေးနေလိုက်သည်။
စာပုလွေသိန်းဟန်သည် မတ် တပ်ရပ်လျက်ကပင် စာရေးစက္ကူပေါ် မှာ (အလွတ်ကျက်မှတ်ထားဟန်တူ သော) လေးလုံးစပ်ကဗျာတစ်ပုဒ်ကို အသော့ရေးပါလေသည်။ ပြီးသော် …

“ဟော့သမှာ ..ကျုပ်ရဲ့ကဗျာ” ဟုဆိုကာ စာရွက်နှင့် ဘောလ်ပင်ကို အယ်ဒီတာရှေ့သို့ တွန်းပို့ပြီး ချာခနဲ လှည့်ထွက်သွားတော့သည်။
အယ်ဒီတာသည် “ဝှီး”ခနဲသက် ပြင်းမှုတ်ကာ စာရွက်ကို ကောက်ယူ ပြီး ဒေါသတကြီးလုံးချေပစ်လိုက် သည်။ ပြီးတော့ ကြေမွသွားသော ကဗျာစာမူကို အနီးရှိအမှိုက်ခြင်းထဲ သို့ ဆောင့်ကြီးအောင့်ကြီးပစ်ထည့် လိုက်တော့သည်။

စာပုလွေသိန်းဟန်သည် မဂ္ဂ ဇင်းတိုက်တကာသို့ လှည့်လည်ကာ အောက်ပါပုံစံဖြင့် အယ်ဒီတာထံမှ စက္ကူနှင့် ဘောလ်ပင်တောင်း ကဗျာ တစ်ပုဒ်လက်တန်းရေးကာ ကဗျာစာ မူအဖြစ် ခပ်တည်တည်ပေးအပ်သည်။ ပြီးလျှင် ဘာမပြောညာမပြော ပြန် ထွက်သွားကရော။ အယ်ဒီတာတွေ ကလည်း စာပုလွေသိန်းဟန်စာပေ လက်ရာများကို အမှိုက်ခြင်းထဲသို့သာ ပစ်သွင်းနေတတ်ကြသည်။ သူက ခပ် တည်တည်ကြီး ကြေညာသော ကဗျာ ဟူသည်မှာ …

ကဗျာလည်းမဟုတ်၊ စကားပြေလည်း မဟုတ်။ စာညွန့် လည်း မဟုတ်။ သွက်ချာပါဒလိုက် နေသော ဦးနှောက်ထဲမှ ကိုးရိုးကား ယားထွက်ကျလာကြသော အမြီးအ မောက်မတည့်သည့် စကားလုံးတွေ မျှသာ။ (ယခုခေတ် စသျအာသိနမည ကဗျာဆရာများကတော့ စာပုလွေ သိန်းဟန်ကို မြန်မာပြည်၏ အစော ဆုံးပို့စ်မော်ဒန်ကဗျာ ဆရာစာရင်းထဲ သွင်းရမလား။ စဉ်းစားကောင်း စဉ်း စားကြပါလိမ့်မည်။)

စာပုလွေသိန်းဟန် မည်ကဲ့သို့ ပျောက်ကွယ်သွားမှန်း ကျွန်တော် မပြောတတ်ပါ။ ရန်ကုန်စာပေလော က၏ သမိုင်းကို ပြည့်စုံစွာရေးမည် ဆိုလျှင်။ (ကျမ်းမလေးရအောင်)စာ ပုလွေသိန်းဟန်အကြောင်း အခန်း ငယ်တစ်ခုတော့ ထည့်သွင်းရေးသား သင့်ပါသည်။ ==ရူးမှတတ်၊ထူးမှ မြတ်” လို့ ရှေးလူကြီးတို့ ဆိုခဲ့ကြပေသကိုး။

နာမည်ကျော် “လေထန်ကုန်း ခေတ်” (၁၉၉ဝ ပြည့်နှစ်များ)တုန်း က ဖြစ်သည်။ လေထန်ကုန်းသို့ မရောက်ဖူး၊ မထိုင်ဖူးလျှင် စာပေသ မားအရာမရောက်ဟု ထင်ကြလေ သလား မသိ။ လေထန်ကုန်းသို့ ရန် ကုန်အခြေစိုက်စာပေသမားများသာ မက မြန်မာပြည်အနှံ့အပြားမှ စာပေ သမားတွေ ရောက်လာလေ့ရှိကြ သည်။ စင်စစ် လေထန်ကုန်းသည် ရန်ကုန် ကျောက်တံတားမြို့နယ်ထဲရှိ ၃၃ လမ်းအထက်ဘလောက်တစ်နေ ရာမှ ပလက်ဖောင်းလက်ဖက်ရည် ဆိုင်ကလေးတစ်ဆိုင်မျှသာဖြစ်သည်။ ကျွန်တော့်အတွက်တော့ လေထန် ကုန်းသည် ထိုစဉ်က စာနယ်ဇင်းရုံး လည်း ဖြစ်သည်။ (လက်ဖက်ရည် ဆိုင်ရှင်ကို စာမူပေးထား၍လူကြုံဖြင့် မဂ္ဂဇင်းတိုက်သို့ စာမူပို့ရာ ဌာနဖြစ် သည်။) ဘဏ်တိုက်လည်း ဖြစ်သည်။ ဘိုင်ကျလျှင် လက်ဖက်ရည်ဆိုင်ရှင် ထံမှ ငွေချေး၍ ရပေသကိုးဗျ။

တစ်ခါသော် လေထန်ကုန်းသို့ ညနေ ၄ နာရီလောက်မှာ မှန်မှန်လာ ၍ လက်ဖက်ရည်သောက်လေ့ရှိသူ တစ်ဦးကို ကျွန်တော်သတိထားမိ သည်။ အသက် ၆ဝ ခန့် ဝဝဖိုင့်ဖိုင့် အရပ်ပြတ်ပြတ်၊ ဥပဓိရုပ်ကောင်း ကောင်းပုဂ္ဂိုလ်။ ကျွဲကော်ကိုင်းစာ ကြည့်မျက်မှန်ကြီးတပ်လျက်။ ရှပ် အင်္ကျီအဖြူ လက်တိုသန့်သန့်၊ ပုဆိုး အကောင်းစား ပုံစံတကျဝတ်လျက်။ သူ့မှာ အကောင်းစားသားရေလက် ဆွဲအိတ်ကြီးတစ်လုံး အမြဲပါရှိသည်။ သူသည် မည်သူနှင့်မျှ မရောဘဲ တစ် ယောက်တည်း ခန့်ခန့်ကြီးထိုင်နေ တတ်သည်။ သူ့ကို နှုတ်ဆက်သူ၊ သူ က နှုတ်ဆက်သူဟူ၍လည်း မတွေ့ရ။

“အဲသည် ပုဂ္ဂိုလ်ကြီးက ဘယ် သူများလဲကွ”ဟု ကျွန်တော်က စာပေ လောကမှာ ကျင်လည်ပြီး လေထန် ကုန်းမှာ ကြမ်းပိုးထိုးနေတတ်သော စာပေသမားပေါက်စနကလေးတစ် ကောင်ကို မေးကြည့်သည်။

“မသိဘူးဗျ။ စာရေးဆရာ ကဗျာဆရာထဲကတော့ ဟုတ်မယ် မထင်ဘူး။ ထုတ်ဝေသူထဲက တစ် ယောက်လောက်တော့ ဖြစ်နိုင်တယ်”ဟု ကြမ်းပိုးကလေးက ဖြေသည်။ အ ခြားသူတွေကို မေးကြည့်တော့လည်း ပုဂ္ဂိုလ်ကြီးကို ဘယ်သူဘယ်ဝါမှန်း မသိ။ ပုဂ္ဂိုလ်ကြီးကတော့ စာပေလော ကသားကြီးတစ်ဦးလို ခပ်တည်တည် ပါပဲ။

တစ်နေ့တော့ ကျွန်တော်က သူနှင့်အနီးဆုံး စားပွဲပုကလေးဆီမှာ သူနှင့်ကပ်၍ ထိုင်လိုက်သည်။ သူနှင့် နီးကပ်လွန်း၍ သူ၏အသက်ရှုသံ ပြင်းပြင်းကိုပင် ကြားနေရသည်။ ကျွန်တော်ထိုင်မိချိန်တွင် ပုဂ္ဂိုလ်ကြီး သည် သူ၏လက်ဆွဲအိတ်ကို ဖွင့်နေ သည်။ အိတ်ထဲမှာ စာရွက်စာတမ်း တွေ ပြွတ်သိပ်ကျပ်ညပ်နေသည်။ စာ ရွက်စာတမ်းတွေ ကြားထဲကနေ ကတ္တူစာအုပ်ကြီးတစ်အုပ်ကို သူက ဟန်ပါပါဆွဲထုတ်လိုက်သည်။ ရှပ် အင်္ကျီအိတ်ကပ်မှ အကောင်းစား ဘောလ်ပင်ကို စတိုင်လ်တစ်ခွဲသား ဖြင့် ဖြုတ်ယူသည်။

စာအုပ်ကို ဖွင့်ပြီး စာရေးဟန် ပြင်သောအခါ ကျွန်တော်က မျက်လုံး စွေ၍ ခိုးကြည့်နေလိုက်၏။ ပုဂ္ဂိုလ် ကြီးက ဘုန်းကြီးကျောင်းသား လက် ရေးဖြင့် ရေးချလိုက်သည်ကို ကျွန် တော်မြင်တွေ့ခွင့်ရကာ ပါးစပ်မှ “အိုးမိုင်ဂေါ့ဒ်”ဟု အော်မိမတတ်ဖြစ် သွားသည်။
ယနေ့ မြောက်ဥက္ကလာပ (ဈ) ဈေးမှ ကုန်စိမ်းသည်မပဲထံကန်ဇွန်းရွက်အစီး (၃ဝဝ) ပို့သည်။

ကျွန်တော်တို့က စာရေးဆရာ ကြီးလား၊ ကဗျာဆရာကြီးလား၊ ဓန ရှင်ထုတ်ဝေသူကြီးလားဟု ရော်ရမ်း မှန်းဆထင်ယောင်ခဲ့သော ပုဂ္ဂိုလ်ကြီး သည် လက်စသတ်တော့ ကုန်စိမ်းပွဲ စားကြီးပါကလား။ သည်စာကို “လူထူးကြီး”တစ် ယောက်အကြောင်း ကလောင်တို့၍ နိဂုံးချုပ်ရပါတော့အံ့။

ကျွန်တော်ကလောင်သွေးစဉ်က “ရုပ်ရှင်လှံပျံ” (အမည်လွှဲ) အမည်ရှိ မဂ္ဂဇင်းတစ်စောင်တွင် ရုပ်ရှင်ရေးရာ ဆောင်းပါးဇာတ်များ ရေးလေ့ရှိ၏။ (ရန်ကုန်ရှိ အစိုးရရုပ်ရှင်မြှင့်တင်ရေး ဌာနအနီးမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ် ကြောင်း ဝန်ခံပါရစေ။) အခြားရုပ်ရှင် ရေးရာမဂ္ဂဇင်းအချို့မှာလည်း ကျွန် တော်ကလောင်သွေးခဲ့ပါသည်။

“ရုပ်ရှင်လှံပျံ”မဂ္ဂဇင်းထုတ်ဝေ သူမှာ ပုံနှိပ်စက်လည်းပိုင်၊ အယ်ဒီ တာချုပ်လည်း ဖြစ်၊ ငွေရှင်မန်နေဂျာ ကြီးလည်းဖြစ်သည်။ တိုက်တွေ၊ ကား တွေနှင့် ကြွယ်ဝ ကြွယ်ပိုးရှိ၏။ သို့ သော် ထိုအဘိုးကြီးဦးဘကုံး (အမည် လွှဲ) ကို ဘယ်တော့ကြည့်လိုက်ကြည့် လိုက် စွပ်ကျယ်အပြဲ၊ ပုဆိုးအဟောင်း တို့ကိုသာ ဝတ်ထားသည်ကို တွေ့ရ မည်။ တစ်နေ့သောအခါ လူငယ် လည်းဖြစ် စာပေသွေြး<ွကလည်းဖြစ် သော ကျွန်တော်သည် ဦးဘကုံးကို သွား “ချဲ”သည်။

“တခြားမဂ္ဂဇင်းတွေက စာမူခ ဆယ့်ငါးကျပ်၊ နှစ်ဆယ်ပေးနေကြ တယ်။ ဦးလေးက ကျွန်တော့်ကိုပေး တာ တစ်ဆယ်ကကို မတက်ဘူး။ စာ မူခတိုးပေးပါ ဦးလေး”

“ဟေ့ကောင်လေး၊ တိုးမပေးနိုင် ဘူး။ မကျေနပ်ရင် တခြားမှာ သွား ရေး။ မင်းတို့ကလောင်သစ်ကလေး တွေ ဂျစ်ကန်ကန်လာမလုပ်နဲ့၊ ငါက စာပေလောကမှာ အံတိုနေပြီ ဒီမယ် ကြည့်”

သူက ပါးစပ်ကြီးကို ဖြဲဟပြ သည်။ ဟုတ်ပဗျာ။ သူ့မှာ အံတိုရုံသာ မဟုတ်။ အံသွားတွေ တစ်ချောင်းမှ မရှိတာပါကလား။ ။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*