ပိုပြီးကောင်းမွန်တဲ့စည်းမျဉ်းတွေနဲ့အတူအမှန်တရားနဲ့ ပိုနီးစပ်တဲ့ အကယ်ဒမီဆုတွေဖြစ်လာမှာပါရုပ်ရှင်ဥက္ကဋ္ဌ ဦးဇင်ဝိုင်း

ပိုပြီးကောင်းမွန်တဲ့စည်းမျဉ်းတွေနဲ့အတူအမှန်တရားနဲ့ ပိုနီးစပ်တဲ့ အကယ်ဒမီဆုတွေဖြစ်လာမှာပါရုပ်ရှင်ဥက္ကဋ္ဌ ဦးဇင်ဝိုင်း
May 30, 2018 AsianFame MediaGroup
ပိုပြီးကောင်းမွန်တဲ့စည်းမျဉ်းတွေနဲ့အတူအမှန်တရားနဲ့ ပိုနီးစပ်တဲ့ အကယ်ဒမီဆုတွေဖြစ်လာမှာပါရုပ်ရှင်ဥက္ကဋ္ဌ ဦးဇင်ဝိုင်း

မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုတွေနဲ့ ပတ်သက်ပြီး စည်းမျဉ်းမူဝါဒတွေ အသစ်ပြောင်းလဲရေးဆွဲ ဖွဲ့စည်းနိုင်ဖို့အတွက် ရည်ရွယ်ပြီး မေလ ၂၄ ရက်နေ့ နေ့ခင်း ပိုင်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဦးဇင်ဝိုင်း ဦးဆောင်တဲ့ ရုပ်ရှင်အမှု ဆောင်အဖွဲ့နဲ့ ရုပ်ရှင်နာယကအဖွဲ့တို့ဟာ အကယ်ဒမီအကဲဖြတ်ဘုတ်အဖွဲ့မှာ ပါဝင်ခဲ့ ကြတဲ့ အကဲဖြတ်အဖွဲ့ဝင်တွေနဲ့တွေ့ဆုံပြီး မူဝါဒပိုင်းဆိုင်ရာနဲ့ စည်းမျဉ်းပိုင်း ဆိုင်ရာတွေကို ပထမအကြိမ် အနေနဲ့ ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။

”၂ဝ၁၇ ခုနှစ်တုန်းက ကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်ရှင်ညီလာခံမှာတုန်းက အကယ် ဒမီနဲ့ပတ်သက်ပြီးတော့ လောကသားတွေအနေနဲ့ တင်ပြခဲ့တဲ့ အချက်တွေ အများကြီး ရှိခဲ့ပါတယ်။ အဲဒီအချက်တွေကို ကျွန်တော်တို့က လက်ရှိရှိနေတဲ့ စည်းမျဉ်းစည်းကမ်း ထဲမှာ အဲဒီအချက်တွေကို ထည့်သွင်းရေးဆွဲဖို့နဲ့ တစ်ချို့အချက်တွေက လက်ရှိ စည်း မျဉ်းစည်းကမ်းကို ပြုပြင်ဖို့အတွက်ကို ကျွန်တော်တို့က ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး တော့ ပထမဦးဆုံးဆွေးနွေးကြတာ ဖြစ်ပါတယ်။ အကယ်ဒမီနဲ့ပတ်သက်တာတွေကို အစကနေအဆုံးအထိ ပြန်လည်ဆွေးနွေးမှာဖြစ်ပါတယ်။ အကယ်ဒမီအဖွဲ့ဝင် စုဖွဲ့ခြင်းကအစ အဖွဲ့ဝင်တွေရဲ့ အရည်အချင်း အရည်အသွေးအမှတ်ပေးပုံ။ ပြီးတော့ အခုနှစ်မှာ အကယ်ဒမီကိုဘယ်နှစ်ဆင့်ကြည့်မလဲဆိုတာတွေက စည်းမျဉ်းစည်းကမ်း အတိအကျနဲ့ ပြန်လည်သတ်မှတ်မှာ ဖြစ်ပါတယ်” လို့ ရုပ်ရှင်ဥက္ကဋ္ဌဦးဇင်ဝိုင်းက ပြောပြပါတယ်။

လက်ရှိမှာလာမယ့် အကယ်ဒမီဆုရွေးချယ်ပေးခြင်းအစီအစဉ် အသေးစိတ်ကို ဆွေးနွေးနိုင်တဲ့အထိ မရှိသေးသော်ငြားလည်း ပြောင်းလဲရမယ့် ပြောင်းလဲသင့်တဲ့ စည်းမျဉ်းစည်းကမ်း အချက်အလတ်တွေကိုတော့ ဝေငှထားပြီးခဲ့ပြီ ဖြစ်တယ်လို့လည်း ရုပ်ရှင်ဥက္ကဌ ဦးဇင်ဝိုင်းက ဆိုပါတယ်။ ဒါ့အပြင် အကယ်ဒမီဆုရွေးချယ်ရေးပုံစံ ပြောင်းလဲဖို့အတွက်နဲ့ပတ်သက်ပြီး အကြံပြုချက် တင်ပြချက်တွေကိုလည်း ဇွန်လ ၁ဝ ရက်နေ့အထိ ရုပ်ရှင်လောကသားတွေထံကနေ တောင်းဆိုထားတယ်လို့လည်း ဆိုပါတယ်။

”လောကသားတွေဆီက အဲဒီတင်ပြချက် အကြံဥာဏ်တွေကို ထပ်မံရလာမှာသာ ကဏ္ဍအလိုက်ထပ်ခွဲပြီးတော့ အကယ်ဒမီအကြောင်းအရာတွေကို ထပ်မံဆွေးနွေး သွားမှာဖြစ်ပါတယ်။ ပြီးတော့ ခေတ်ကာလအလိုက် တိုးတတ်ပြောင်းလဲလာတဲ့အတွက် အကယ်ဒမီဆုတွေထပ်မံတိုးပေးလို့ရတဲ့ ကဏ္ဍတွေလည်းရှိလာတာမို့ နောက်ပိုင်း လုပ်မယ့်တွေ့ဆုံဆွေးနွေးမှုတွေမှာတော့ အကယ်ဒမီဆုတွေ ထပ်တိုးပေးလို့ ရနိုင်တဲ့အရာတွေကို ဆွေးနွေးသွားကြဖို့တွေရှိပါတယ်။ ဒါ့ပေမဲ့ ထပ်တိုးပေး မယ့် အကယ်ဒမီဆုတွေရှိလာမယ်၊ မရှိလာသေးဘူးဆိုတာတွေကတော့ ဆွေးနွေးပွဲတွေက ပြုလုပ်တဲ့ရလဒ်တွေအပေါ်တော့ မူတည်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့သည် အကယ်ဒမီဆုချီးမြှင့်ခြင်းကို ပိုပြီး အမှန် တရားနဲ့ နီးစပ်အောင်ကြိုးစားသွားကြပါမယ်။ မနှစ်က ထက်ပိုပြီးကောင်း မွန်တဲ့ စည်းမျဉ်းတွေနဲ့အတူ အမှန်တရားနဲ့ ပိုနီးစပ်တဲ့ အကယ်ဒမီဆုတွေ ဖြစ်လာမှာပါ”လို့ ရုပ်ရှင်ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပြပေးခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲကို တက်ရောက်လာခဲ့တဲ့ အကယ်ဒမီရန်အောင်က တော့ သူ့အနေနဲ့ သရုပ်ဆောင်အပိုင်းကနေ ပြောရရင်တော့ လက်ရှိ အချိန်အထိ အဓိကသရုပ်ဆောင်နဲ့ ဇာတ်ပို့ဇာတ်ရန် မကွဲတာကိုတော့ ကွဲကွဲပြားပြားဖြစ်စေချင်ပါတယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။

”နောက်တစ်ခုကဗျာ ရသင့်ရထိုက်တဲ့သူကို တစ်နှစ်အတွင်းက အကောင်းဆုံးသူ၊ အတော်ဆုံးသူကိုတော့ ပေးအပ်ရမှာဖြစ်ပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့တွေ ဆွေး နွေးကြပါတယ်။ အမှတ်တစ်ခုကို သတ်မှတ်ပါမယ်။ စည်းမျဉ်းစည်း ကမ်းကို ခိုင်ခိုင်မာမာ သုံးသပ်ပြီးတော့ အမှတ်အများဆုံး လူကိုတော့ပေးရမှာ ဖြစ်ပါတယ်” လို့ အကယ်ဒမီ ရန်အောင်ကတော့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*