သီချင်းတွေရေးပေမယ့် သီချင်းဆိုရမှာတော့ ကြောက်ခဲ့တယ် တေးရေးေoကြီး

သီချင်းတွေရေးပေမယ့် သီချင်းဆိုရမှာတော့ ကြောက်ခဲ့တယ် တေးရေးေoကြီး
May 28, 2018 Leanne Win

တေးရေးဝေကြီးလို့ ဆိုလိုက်ရင် ရေးသားသမျှ သီချင်းတိုင်းနီးနီး အောင်မြင်ပြီး တစ်ပုဒ်ဆိုတစ်ပုဒ် ပရိသတ်တွေရဲ့ရင်ထဲကို တန်းရောက်အောင် ရေးသားနိုင်သူလို့သိကြမှာပါ။ အခုတော့ ဝေကြီးက သီချင်းရေးတဲ့ အလုပ်အပြင် သီချင်းဆိုတာကိုလည်း စတင်နေပါပြီ။ ဟာသသရုပ်ဆောင် ပွင့်ရဲ့ ဘေဘီပွင့် တေးအယ်လ်ဘမ်မှာတော့ ပွင့်အတွက် သီချင်းလေးပုဒ်ရေးပေးထားတဲ့အပြင် ကိုယ်တိုင်လည်း ပါဝင်သီဆိုပေးထားပါတယ်။ ပထမဆုံးသီဆိုဖြစ်တဲ့ သီချင်းအကြောင်းကိုတော့ …

“ကျွန်တော်နဲ့ မပွင့်နဲ့က အရင်ကတည်းက မောင်နှမတွေလိုမျိုး ခင်မင်ကြတယ်။ မပွင့်ကလည်း သူ့အခွေထဲမှာ ကျွန်တော်ကိုလည်း သီဆိုပေးဖို့ ပြောတော့ ကျွန်တော်ကလည်း ကိုယ့်အစ်မလိုမျိုးဆိုတော့ မငြင်းရက်ပါဘူး။ တကယ်ဆို ကျွန်တော်က အဆိုကောင်းလွန်းလို့ ချေတာမျိုး မဟုတ်ပါဘူး။ ကိုယ်တိုင်ကိုက သီချင်းဆိုရမှာကြောက်နေလို့ပါ။ မပွင့်တစ်ယောက်တည်းဆိုဖို့ ပြုံးပြုံးလေးလို့ နာမည်ပေးထားတဲ့ သီချင်းလေးကို ကိုယ် ပါဝင်ပြီးသီဆိုဖြစ်ခဲ့တယ်။ အချစ်သီချင်းပုံစံမျိုး မဟုတ်ဘူး။ ခွန်အားပေးတဲ့ ပုံစံမျိုးလေးပါ။ အခုကတော့ ကျွန်တော်က ကြောက်ကြောက်လန့်လန့်ဆိုလိုက်တာမျိုးဆိုတော့ နောက်ပိုင်းသီချင်းဆိုဖို့ သေသေချာချာ စီစဉ်ဖြစ်ရင်တော့ ဆိုမှာပါ” လို့ ဝေကြီးက ပြောပြပါတယ်။ သီချင်းတွေရေးပေမယ့် သီချင်းဆိုဖို့တော့ ကြောက်တယ်ဆိုတဲ့ ဝေကြီး အတွက် ပထမဆုံးသီချင်းဆိုခြင်းကို လုပ်ဆောင်ပြီးပြီဖြစ်တာကြောင့် နောက်ပိုင်းမှာ တေးရေးဆရာ တစ်ဦးအပြင် အဆိုတော်အနေနဲ့ရော ရပ်တည်ဖြစ်မလားဆိုတာ ဆက်လက်မေးမြန်းတော့ …

“သီချင်းဆိုရတာကြောက်တယ်ဆိုတာကလည်း တကယ်တော့ ကျွန်တော် က မဆိုနိုင်လို့ပါ။ ဆိုနိုင်ရင်တော့ ကြောက်စရာမလိုဘူးပေါ့နော်။ ကျွန်တော် က အဆိုပိုင်းကို သိပ်ပြီး မကျွမ်းကျင်သေးတဲ့အတွက် အမှား ပါမှာဆိုးလို့ပါ။ ကြိုးတော့ ကြိုးစားကြည့်တယ်။ တအား ကြီး အဆိုတော်ဖြစ်ရမယ်လို့တော့ စိတ်မတင်း ထားပါဘူး”လို့ ဝေကြီးက ပြောပြပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*