သားလေးရဲ့ ဆန္ဒကြောင့် ခင်ပွန်းဟောင်းနဲ့ ပြန်ပေါင်းထုတ်ကြတော့မှာလား

သားလေးရဲ့ ဆန္ဒကြောင့် ခင်ပွန်းဟောင်းနဲ့ ပြန်ပေါင်းထုတ်ကြတော့မှာလား
May 25, 2018 AsianFame MediaGroup
သားလေးရဲ့ ဆန္ဒကြောင့် ခင်ပွန်းဟောင်းနဲ့ ပြန်ပေါင်းထုတ်ကြတော့မှာလား

သရုပ်ဆောင်မေသန်းနုရဲ့ တစ်ဦးတည်းသောသားလေး မင်းသန့်မောင်မောင်က ဒီအချိန်မှာ သူ့ရင်ထဲက အဖြစ်ချင်ဆုံးဆန္ဒလေးတစ်ခုကို ပြောပြလာခဲ့ပါတယ်။ ဒါကတော့ ငယ်ငယ်ကတည်းက မိသားစုစုံစုံလင်လင် မနေထိုင်ခဲ့ရတဲ့သူ့အတွက် ဒီအချိန်မှာ အဖေနဲ့ အမေတို့ ပြန်လည်ပေါင်းစည်းပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစု လေးအဖြစ် နေထိုင်သွားချင်လို့ ပြောလာပါတယ်။ ဒီ့အတွက် မေသန်းနုနဲ့တွေ့ဆုံခိုက်သားလေးရဲ့ဆန္ဒကို ဖြည့် ဆည်းပေးသွားတော့မှာလားလို့မေးမြန်းတဲ့အခါ…

”မရှိပါဘူး။ ကလေးက ငယ်ငယ်လေးကတည်းက သူလိုချင်တဲ့ အရာလေးတွေ သူမျှော်လင့်ခဲ့တာလေးတွေကို အဖေ၊ အမေကိုလည်း သိပ်မပြောရဲဘူးပေါ့နော်။ အားလုံးက ကိုယ့်လမ်းကိုယ် လျှောက်နေတဲ့အခါကျတော့ သူလည်းသိပ်မပြောပါဘူး။ သူလည်း နေသားကျနေပါပြီ။ ကိုယ့်ဘဝကိုယ့်လမ်းကို လျှောက်နေတဲ့ အခါကျတော့ ဒါတွေကအစီအစဉ်မရှိပါဘူး”လို့ မေသန်းနုက ပြောပြပါ တယ်။

အခုလို သားလေးရဲ့ဆန္ဒကို ဖြည့်ဆည်းမပေးနိုင်တဲ့အတွက် သူ့ရင်ထဲက ပြောချင်တဲ့စကားက…

”မိဘနှစ်ယောက်စလုံးရဲ့ လိုအပ်ချက် တွေမှာ ဒီကလေးလေးကမြေစာပင်ဖြစ်ရတာပေါ့။ အဲဒီတော့ စိတ်တော့ မကောင်းဘူး။ အားလုံးပြီး ပြည့်စုံရင်တော့ အကောင်းဆုံးပေါ့”လို့ မေ သန်းနုက ပြောပါတယ်။

ဒီလိုအခြေအနေအတိုင်းပဲရှိနေပေမယ့် မိဘနှစ်ယောက် စလုံးက သူ့အတွက်ပဲအရာရာစဉ်းစားပေးပြီး အကောင်းဆုံး အရာတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေး ပံ့ပိုးပေးသွားမှာ ဖြစ်တယ်လို့ မေသန်းနုက ထပ်မံပြောပြပါတယ်။ သားလေးရဲ့ အနာဂတ်နောင်ရေးအတွက်ကိုလည်း မိခင်တစ်ယောက် အနေနဲ့…

”နောင်ရေးကတော့ ကိုယ့်ဘဝကိုယ် ကိုယ်တိုင် လျှောက်လှမ်းရမှာဆိုတော့ အကောင်းဆုံးတွေဖြစ်လာ ဖို့ပဲ မျှော်လင့်ရတာပေါ့။ ကြိုးစားရင် ကြိုးစားသလို သူ့ရဲ့ အရည်အချင်းတွေကြောင့် သူ့ရဲ့အနာဂတ်ဟာ အ ကောင်းတွေ ဖြစ်လာမှာပါ။ ဘဝကို အေးအေးဆေး ဆေးဖြတ်သန်းရမှာပေါ့နော်။ သူ့မှာက တခြားမိန်းကလေး ကိစ္စတွေလည်းမရှိဘူးဆိုတော့ သူကဆိုရင် တအား စိတ်ချ ရတာပေါ့။ အဖေနဲ့အမေတို့ကိုကြည့်ပြီးတော့လည်း သူအဲဒီဖီလင်တွေကို မခံစားချင်ဘူးထင်တယ်။ သူ့ ဘဝသူအေးဆေးပဲ ဖြတ်သန်းချင် လောက်တယ်”လို့ သားဖြစ်သူ ရှေ့ဆက်လျှောက်လှမ်းရမယ့်ဘဝ လမ်း ခရီးနဲ့ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်၊

ဓာတ်ပုံ-ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*