ကျန်းမာရေးအခြေအနေကြောင့် ခွဲစိတ်မှုပြုလုပ်ရမယ့် အကယ်ဒမီ ပိုင်ဖြိုးသု

ကျန်းမာရေးအခြေအနေကြောင့် ခွဲစိတ်မှုပြုလုပ်ရမယ့် အကယ်ဒမီ ပိုင်ဖြိုးသု
May 24, 2018 AsianFame MediaGroup
ကျန်းမာရေးအခြေအနေကြောင့် ခွဲစိတ်မှုပြုလုပ်ရမယ့် အကယ်ဒမီ ပိုင်ဖြိုးသု

လတ်တလောမှာတော့ အကယ်ဒမီသရုပ်ဆောင် ပိုင်ဖြိုးသုဟာ မေလထဲ မှာ ကျန်းမာရေးအခြေအနေကြောင့် ခွဲစိတ်မှုပြုလုပ်ရမှာဖြစ်တဲ့အတွက် ဇာတ် ကားရိုက်ကူးမှုတွေ ခေတ္တခဏရပ်နားထားမှာဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ ကျန်းမာရေးအခြေအနေအပေါ် ပရိသတ်တွေ စိတ်မပူပါကြဖို့ အကြောင်းကို တော့ ပိုင်ဖြိုးသုက…

”သုအတွက် စိတ်ပူပေးနေတဲ့ ပရိသတ်ကြီး စိတ်မပူကြ ပါနဲ့နော်။ မကြာခင်ခွဲစိတ်မှုလုပ်ပြီးရင် ပရိသတ်ကြီးအတွက် အနုပညာ အလုပ်တွေကို အရင်ထက် ကြိုးစားပြီး လုပ်ကိုင်သွားမှာပါ။ အခု လတ်တလော မှာတော့ ဒီသူ့ ထက်ကဲ ရုပ်ရှင်ဇာတ်ကားရိုက်ကူးပြီးစီးသွားရင်တော့ ဇာတ်ကား ရိုက်ကူးမှုတွေတော့ နားရမယ်။ ခွဲစိတ်ရမယ်ဆိုတဲ့ အတွက်ပေါ့။ ရှေ့လ ထဲမှာတော့ အနုပညာအလုပ်တွေ ပြန်လုပ်ကိုင်သွားမှာပါ”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

အကယ်ဒမီ ရရှိပြီးတဲ့နောက်မှာ ကိုယ့်ရဲ့ကာရိုက်တာ ရွေးချယ်မှုအပိုင်း တွေကိုရော ဘယ်လိုလက်ခံဖြစ်လဲလို့ မေးကြည့်တဲ့အခါမှာတော့ ပိုင်ဖြိုးသုက…

”အဓိက ကတော့ သု အရင်ကတည်း ကံကောင်းတယ်လို့ပဲ ပြောရမလား မသိ ဘူး။ သုကို ကမ်းလှမ်းတဲ့ ကာရိုက် တာတွေ တော်တော်များများ က သု မလုပ်ဖူးသေးတဲ့ ပညာရမယ့် ကာရိုက်တာ တွေ သုနဲ့ လိုက်ဖတ်မယ့် ကာရိုက်တာတွေ အဲဒီ လိုလေးတွေလည်း ရိုက်ကူးခွင့်ရတဲ့ အတွက်ကံကောင်း တယ်လို့ ပြောရမယ်။ အဲဒီအတွက် အကယ် ဒမီ ရပြီးတဲ့နောက်မှာ လည်း ကိုယ့်နဲ့ အဆင်ပြေမယ်။ ကြိုး စား လို့ရမယ့် ဇာတ်ကားတွေကို တော့ ရွေးချယ်ပြီး လက်ခံဖြစ်ပါ တယ်” လို့ ပိုင်ဖြိုးသုက ပြော ပါတယ်။

ရိုက်ကူးချင်ဆုံး ကာရိုက် တာများ ရှိလားလို့ မေးကြည့်တဲ့ အခါတော့ ပိုင်ဖြိုးသုက…

”သုအနေနဲ့ အခုအချိန် က ပညာစုဆောင်းရမယ့် အချိန်ပေါ့ နော်။ မလုပ်ဖူးတဲ့ ကာရိုက် တာတွေ များများရိုက်ကူးချင်တယ်။ ပြီးတော့ သုအဲဒီလိုတစ်ခုခု လိုအပ်နေတဲ့ ကာရိုက် တာပြောရရင် မျက်မမြင်ကာ ရိုက်တာ ဖြစ်ဖြစ်၊ Autism တို့ ဘာတို့ လိုမျိုး တစ်ကားလုံးအပြည့်အနေနဲ့ သရုပ် မ ဆောင်ဖူးသေးဘူး။ အဲဒီလိုမျိုးကာ ရိုက် တာ မျိုးကို ရိုက်ကူးကြည့်ချင်တယ်” လို့ပြောပါတယ်။ လတ်တလောမှာ တော့ သရုပ်ဆောင်ပိုင်ဖြိုးသုကသူ့ ထက်ကဲ ရုပ်ရှင်ဇာတ်ကားကြီး ပါဝင်သရုပ် ဆောင်ရိုက်ကူးနေတယ်လို့သိရပါ တယ်။

သဲစုလှိုင်၊

ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*