Heineken Beer
Heineken Beer

ရုပ်ရှင်လောကတိုးတက်စေဖို့ ရည်ရွယ်ကာ ရုပ်ရှင်နဲ့သက်ဆိုင်သော Workshop တွေ ပြုလုပ်သွားမယ့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး

ရုပ်ရှင်လောကတိုးတက်စေဖို့ ရည်ရွယ်ကာ ရုပ်ရှင်နဲ့သက်ဆိုင်သော Workshop တွေ ပြုလုပ်သွားမယ့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး
May 15, 2018 AsianFame MediaGroup

Basic Camera and LED Lighting Technology Workshop ကို ယနေ့ မနက် ၁ဝ နာရီက ရန် ကုန်မြို့၊ ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ခဲ့ပါ တယ်။ အဆိုပါ Workshop တွင် ပြည်တွင်းပြည်ပပညာရှင်များက Basic Camera and LED Lighting Technology အကြောင်း အရာများကို တင်ပြဆွေးနွေးခဲ့ကြပါ တယ်။

”ဒီနှစ်က အလုပ်ရုံ ဆွေးနွေးပွဲ တွေ၊ သင်တန်းတွေကို ပြုလုပ်မယ့်နှစ် ဖြစ်တယ်လို့ ကျွန်တ်ာပြောခဲ့ပါတယ်။ ဒီနှစ်ထဲမှာတော့ ပထမဆုံးအနေနဲ့ ကတော့ ဆင်ဆာနဲ့ပတ်သက်လို့ Workshop ပေါ့။ အဲဒါပြီးတဲ့အခါ မှာတော့ စက်မှုအလွှာအတွက်ကို အခြေခံကင်မရာနဲ့ Lighting မီး အယူအဆတွေကို သုံးရက်တာ ပြည် တွင်းပြည်ပက ကျွမ်းကျင်ပညာရှင် တွေနဲ့ ပို့ချတယ်။ ဆွေးနွေးတယ်။ လူတွေကို ပညာသင်ပေးခြင်းဟာ ဘယ်တော့မှ မဆုံးရှုံးနိုင်တဲ့ ရင်းနှီး မြှုပ်နှံမှုတစ်ခုပါပဲ။ တိုင်းပြည် တစ် ပြည်ကိုပဲဖြစ်ဖြစ် အဖွဲ့အစည်းတစ်ခု ကိုပဲဖြစ်ဖြစ် ဒီလူတွေရဲ့ အသိပညာ အတတ်ပညာကို ပိုမိုတိုးတက်အောင်လုပ်ပေးခြင်းဟာ တစ်ဦးခြင်းရဲ့အ ရည်အသွေးတိုးတက်တောက်ပြောင်လာခြင်းကနေ အဖွဲ့အစည်း (သို့မ ဟုတ်) နိုင်ငံရဲ့ အရည်အသွေးတိုးမြှင့် တောက်ပြောင်လာမှာပါပဲ။ ဒီလိုပါပဲ ကျွန်တော်တို့ လောကသားတွေမှာ ရှိ နေတဲ့ အသိအမြင်အတွေးအခေါ် အတတ်ပညာတွေကို ပိုမိုအဆင့်မြင့် လာစေဖို့ ဒါကိုကျွန်တော်တို့က ဖန် တီးပေးတာပါ။ သူတို့တွေ အသိအ မြင်တိုးတက်လာတာနဲ့အမျှ ကျွန် တော်တို့ လောကတိုးတက်လာမယ် လို့ ယူဆပါတယ်”လို့ Workshop တွေပြုလုပ်ဖြစ်ခြင်း အကြောင်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြောပါတယ်။ ဒီ Workshop ကိုတော့ အနုပညာရှင်၊ အတတ်ပညာရှင်များ၊ စက်မှုလုပ် သားများ တက်ရောက်ခဲ့ကြပါတယ်။

”ဦးတို့လည်း လေ့လာရတာပေါ့ လေ။ နည်းပညာစနစ်တွေဆိုတာကအင်မတန်းတိုးတက်နေတဲ့အခါ ကြ တော့လေ။ အခု၂၁ ရာစုမှာက ပြိုင် ဆိုင်မှုတွေ တစ်အားပြင်းထန်လာ ပြီလေ။ အမြင်ချင်းတူပေမယ့် လေ့ လာမှုအားရှိတဲ့လူတွေက ပိုပြီးတော့ ဗဟုသုတရတာပေါ့။ ဒါနဲ့လုပ်စားမယ် ဆိုရင်တော့ ဒီပညာကိုတော့ အပတ် တကုတ်သင်ထားဖို့ လိုတာပေါ့”လို့ အဆိုပါ Workshop ကိုတက်ရောက် ခဲ့တဲ့ ဒါရိုက်တာဟိန်းစိုးက ပြောပါ တယ်။ Workshop ကိုတော့ မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် မေလ ၈ ရက်နေ့ကစတင်ပြီး ၃ ရက်တာ ပြု လုပ်ခဲ့တာဖြစ်ပါတယ်။

လင်းအက္ခရာ၊

ဓာတ်ပုံ- အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*