Heineken Beer
Heineken Beer

ရုပ်ရှင်ပွဲတော်လို လူငယ်တွေရဲ့ရုပ်ရှင်ကို စမ်းသပ်ခွင့်ရတဲ့နေရာမျိုးမှာတော့ ဆင်ဆာမရှိစေချင်ဘူး သိဒ္ဓိ

ရုပ်ရှင်ပွဲတော်လို လူငယ်တွေရဲ့ရုပ်ရှင်ကို စမ်းသပ်ခွင့်ရတဲ့နေရာမျိုးမှာတော့ ဆင်ဆာမရှိစေချင်ဘူး သိဒ္ဓိ
May 15, 2018 AsianFame MediaGroup

ရှစ်ကြိမ်မြောက်ဖြစ်လာမယ့် ဝသာန်ရုပ်ရှင်ပွဲတော်အတွက် ပြိုင်ပွဲဝင် ရုပ်ရှင်ဇာတ်ကားတွေကို ဖိတ်ခေါ်လျက်ရှိနေပြီဖြစ်ပြီး ရုပ်ရှင်ပွဲတော်ကိုတော့ လာမယ့် စက်တင်ဘာလအတွင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဝသာန်ရုပ်ရှင်ပွဲတော်ကို တည်ထောင်စီစဉ်ခဲ့သူ ကိုသိဒ္ဓိကတာ့ ပြိုင်ပွဲ ဝင်ဇာတ်ကားတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာနေပြီ လို့ မှတ်ချက်ပြုဆိုပါတယ်။

”ကျွန်တော်တို့ စတင်ခဲ့တဲ့ ၂ဝ၁၁ ခုနှစ်လောက်ကနေ အခုထိဖြတ်သန်း မှုမှာ ဖန်တီးသူဒါရိုက်တာတွေရဲ့ လက် ရာတွေဟာ တစ်နှစ်ထက် တစ်နှစ်ပို ကောင်းလာတယ်။ ကျွန်တော်တို့ကလည်း ပြိုင်ပွဲတစ်ခုတည်းလုပ်တာ မဟုတ်ဘဲနဲ့ Workshop တွေ၊ သင်တန်းတွေကို တောက်လျှောက်လုပ်ဖြစ်တယ်။ အဲ့တော့ ဝသာန်ကနေထွက်ပေါ်လာပြီး နာမည်ရလာ တဲ့ လူငယ်ဒါရိုက်တာတွေ အတော်အများတွေ့ လာ ရတယ်။ ဥပမာ- ထူးပိုင်ဇော်ဦး ဆိုရင် ၂ဝ၁၂ ခုနှစ်မှာ ဝသာန်မှာဆုရတယ်။ အခုဆိုရင် သူကရုပ်ရှင်တွေကို တောင် ရိုက်ကူးနေတဲ့ ဒါရိုက်တာဖြစ်နေပြီ။ ဒီလိုပဲ အရည် အချင်းရှိတဲ့ လူငယ်ဒါရိုက်တာတွေ ဆက်လက်ထွက်ပေါ်လာမယ် လို့ ယုံကြည်ပါတယ်”လို့ ကိုသိဒ္ဓိက ပြောပြပေးပါတယ်။

ဒါပေမဲ့လည်း လူငယ်ဒါရိုက်တာတွေဟာ ပြိုင်ပွဲအတွက် ရုပ်ရှင်တွေကို လွတ်လွတ်လပ်လပ် ဖန်တီးနိုင်သော် ငြားလည်း ရုပ်ရှင်ပွဲတော် မပြမီဆင်ဆာဆိုတဲ့ အပေါ်ကိုတော့ အခုအချိန်အထိ ဖြတ်ကျော်နေရဆဲဖြစ်လာပါတယ်။ အဲ့ဒါနဲ့ပတ် သက်ပြီး ကိုသိဒ္ဓိမှတ်ချက်ပြုဆိုလာတာကတော့ . . .

”ဆင်ဆာကတော့ အခုအချိန်အထိ ဖြတ်သန်း နေရတုန်းပဲ။ အဲဒါတစ်ခုက ကျွန်တော်တို့အတွက် သိပ်ကို အားမရစေတဲ့ အချက်ပဲဗျ။ ဘာလို့ဆိုရင် စာပေတို့၊ ဂီတတို့မှာ ဆင် ဆာမရှိတော့ဘူးဗျ။ ဒါပေမဲ့ ရုပ်ရှင်ဘက်မှာတော့ အခုအထိ ဆင်ဆာဆိုတာကို ဖြတ်နေရတုန်း။ ဆင်ဆာဖြတ်တော့ဗျာ ရုပ်ရှင်ပွဲတော်လို လူငယ်တွေရဲ့ ရုပ်ရှင်ကိုစမ်းသပ်ခွင့်ရတဲ့ နေရာမျိုးမှာတော့ ဆင်ဆာမရှိစေချင်ဘူး။ ကျွန် တော်တို့က တစ်နိုင်ငံလုံးကို ပြသတာ လည်းမဟုတ်ဘူး။ ရုပ်ရှင်ပွဲတော် ကာလ လေးမှာပဲပြသတယ်။ ပြတဲ့အခါမှာလည်း အခုလို ရုပ်ရှင်တွေကို စိတ်ဝင်စားတဲ့သူ သုံးရာ၊ လေးရာလောက်ပဲ လာရောက် ကြည့်ရှုကြတာများပါတယ်။ လူငယ်တွေ လာကြည့်ကြတာများတယ်။ အဲဒီတော့ အဲဒါ မျိုးကို ဆင်ဆာမဖြတ်ဘဲနဲ့ ပေးပြ စေချင်တယ်။ တစ်နှစ်မှ တစ်ခါလောက် လုပ်တာပါ ရုပ်ရှင်ပွဲတော်ဆိုတာက။ စလာကတည်းက ဆင်ဆာဆိုတာကြီးနဲ့ သူတို့ တွေရဲ့ ဖန်တီးမှုကို ချုပ်ချယ်ထားတာဆိုရင် သူတို့ဖန်တီးမှုတွေအတွက် ဒုက္ခရောက်နိုင် ပါတယ်။ မနှစ်ကဆိုရင်လည်း LGBT ရုပ်ရှင် ဇာတ်ကားတစ်ကား ဆင်ဆာဖြတ်ခံခဲ့ရပါတယ်” လို့ ပြောပြပေးခဲ့ပါတယ်။

ထက်လူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*