Heineken Beer
Heineken Beer

Zombie တွေ ပါဝင်ပြီး သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် ရုပ်သံ ဇာတ်လမ်းတွဲမိတ်ဆက်

Zombie တွေ ပါဝင်ပြီး သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် ရုပ်သံ ဇာတ်လမ်းတွဲမိတ်ဆက်
May 14, 2018 AsianFame MediaGroup

CANAL + မှ မြန်မာနိုင်ငံတွင် ပထမ ဆုံးကိုယ်တိုင်ရိုက်ကူး ပုံဖော်ထားသော လျှို့ဝှုက်သည်းဖို ရုပ်သံဇာတ်လမ်းတွဲ TOXIC (အဆိပ်သွေး)ကို ရန်ကုန်မှာ တရား ဝင်မိတ်ဆက်ပွဲကို မေလ ၈ ရက်နေ့ ညနေ ၃ နာရီကBURBRIT TAPROOM ပြုလုပ် ခဲ့ပါတယ်။ အဆိုပါ ဇာတ်လမ်းတွဲကိုတော့ ဒါရိုက်တာထွဋ်တင့်ထွန်းကရိုက်ကူးပြီး မင်းဦး၊ ကျော်ဆု၊မို့မို့မြင်အောင်၊ မြနှင်းရည်လွင်၊ မုဏ်းတို့က ပါဝင်သရုပ်ဆောင်ထားကြပါ တယ်။ ဒီဇာတ်လမ်းတွဲကတော့ Zombie ဇာတ်လမ်းမျိုးဖြစ်ပြီး စိတ်ဝင်စားဖွယ်ရာ ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။

”ကျွန်တော် အရင်ရိုက်ကူးခဲ့တဲ့ ဇာတ် လမ်းတွေက အချစ်ဇာတ်လမ်းတွေများတယ်။ ဒီဇာတ်လမ်းကကျတော့ အချစ်အကြောင်းက နည်းနည်းပဲပါတယ်။ Zombie တွေနဲ့ ဖိုက် တာတွေဆိုတော့ ကျွန်တော့်အတွက်တော့ စိတ်လည်းလှုပ်ရှားတယ်။ ဖြစ်ပါ့မလားဆိုပြီး စိုးရိမ်မှုတွေလည်းအများကြီး ပဲ။ အခုထက်ထိလည်း စိုးရိမ်မှုတွေကတော့များနေတုန်းပါပဲ။ ပြသတဲ့အချိန်မှာအဆင်ပြေပါ့မလားပေါ့။ စိတ်ပူတာကတော့ Zombi ဇာတ်ကား ဖြစ်နေလို့လေ။ မြန်မာနိုင်ငံမှာ Zombi ဇာတ်လမ်းတွဲက အခုမှစတာလေ။ အဲဒီအတွက် ပရိသတ်လက်ခံပါ့မလားဆိုတာကိုလည်း ကြောက်တယ်။ ဘာကြောင့်လဲဆိုတော့ ပရိသတ်လက်မခံရင် ကျွန်တော်တို့က ဘာမှ လုပ်လို့မရဘူးလေ။ အီဒီအတွက် အသစ်တစ်ခုလုပ်တာဖြစ်တဲ့အတွက် တအား စိတ်လှုပ်ရှားရပါတယ်” လို့ အဆိုပါဇာတ်လမ်းတွဲကို ရိုက်ကူးတဲ့ ဒါရိုက်တာထွဋ်တင့်ထွန်းကပြောပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ CANAL + ရုပ်သံရဲ့ ဇာတ်လမ်းချန်နယ်တွင် ပြသလျက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*