Heineken Beer
Heineken Beer

ဆင်ဆာက အရင်လိုပြန်ပြီး တင်းကြပ်လာတယ် ဒါရိုက်တာ ဟိန်းစိုး

ဆင်ဆာက အရင်လိုပြန်ပြီး တင်းကြပ်လာတယ် ဒါရိုက်တာ ဟိန်းစိုး
May 14, 2018 Leanne Win

လက်ရှိရုပ်ရှင်လောကမှာ အပြောင်းအလဲတွေရှိလာပြီဖြစ်ပြီး အဲဒီလို ဖြစ်လာဖို့အတွက်ကိုလည်း သူ့အနေနဲ့ အရင်ကတည်းက ဖြစ်စေချင်ခဲ့တာ ဖြစ်ကြောင်း ဒါရိုက်တာဟိန်းစိုးက ပြောပါတယ်။

မြန်မာနိုင်ငံက ရိုက်ကူးကြတဲ့ရုပ်ရှင်ဇာတ်ကားများကို ပြည်ပနိုင်ငံတွေမှာ လည်း ထိုးဖောက်စေချင်ကြောင်း သူကဆိုပါတယ်။ ရုပ်ရှင်လောကရဲ့ တိုး တက်မှုတစ်ခုမှာ ဆင်ဆာကလည်း အရေးကြီးတဲ့နေရာကနေရှိနေကြောင်းကို ဒါရိုက်တာဟိန်းစိုးက …

“ဆင်ဆာနဲ့ပတ်သက်လို့ကတော့ ဒီမှုကဒီဟာအတိုင်းပြန်လာနေတာ။ ဦးတို့တော့ သိပ်ပြီးတော့ မျှော်လင့်ချက်လည်းမရှိပါဘူး။ ဆင်ဆာပေးတယ် ဆိုရင်လည်း ဝမ်းသာရမှာပေါ့လေ။ အခုဟာကမပေးတဲ့အပြင်မှာကို ပိုပြီး ပြန်တင်းကျပ်တော့ စိတ်တော့လည်းမဝင်စားတော့ဘူး။ ရိုက်တယ်။ မကြိုက် ရင် ဖြတ်လိုက်။ လက်ခံလိုက်တယ်ပြီးတာပါပဲ။ အတိုက်အခံမပြောတော့ ဘူးလေ။ အမှန်မှန်ကတော့ မောင်နဲ့ နှစ်မသားနဲ့အမိကြည့်ရှုလို့မသင့်တဲ့ ဇာတ်ကွက်တွေကို အလွန်အကြူးမပြဘူး၊ ဘာသာရေး မစော်ကားဘူး၊ နိုင်ငံရေးမပါဘူးဆိုရင် ခွင့်လွှတ်သင့်ပါတယ်”လို့ ပြောပါတယ်။ သူကတော့ ဗီဒီယိုဇာတ်ကားတွေရိုက်ကူးဖို့ကို မစဉ်းစားတော့ဘဲ ၅ ရက်တစ်ကားနဲ့ မရိုက်နိုင်ဘူးလားဆိုတဲ့ မေးခွန်းတွေနဲ့ ပညာရှင်တွေကိုစော်ကားတာတွေ ကြောင့် ဗီဒီယိုတွေ ရိုက်ကူးဖို့ စိတ်မကူးတော့ခြင်းဖြစ်ကြောင်း ဒါရိုက်တာ ဟိန်းစိုးက ပြောပါတယ်။ ရုပ်သံတစ်ခုနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးဖို့ အစီအစဉ်ရှိပြီး ဇာတ်လမ်းတွဲတွေ ရိုက်ကူးတဲ့အခါမှာလည်း နေ့စဉ် စောင့် ကြည့်ရတဲ့ ဇာတ်လမ်းတွဲမျိုးဖြစ်စေချင်တယ်လို့ ပြောပါတယ်။

“ကိုယ်တွေကတော့ လေ့လာရတာပေါ့။ ပေါချောင်ကောင်းရိုက်လို့တော့ မရဘူး။ အပိုင်း ၄ဝ လောက်ဆိုတာ နှစ်လလောက်ထုတ်လွှင့် ပြသရမှာလေ။ နှစ်လလုံးလုံးမှာ ပရိသတ်တွေကို ဖမ်းထိန်းနိုင်တဲ့ ပညာကတော်တော်ကို လိုပါတယ်”လို့ ဒါရိုက်တာဟိန်းစိုးက ပြောပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*