Heineken Beer
Heineken Beer

မြန်မာစာမတက်ဘဲ မြန်မာ စာရေးဆရာ ဖြစ်နေသူ

မြန်မာစာမတက်ဘဲ မြန်မာ စာရေးဆရာ ဖြစ်နေသူ
May 9, 2018 Leanne Win

“ကျွန်တော်က အင်္ဂလိပ်စာကို ထမင်းစားရေသောက်လောက်တတ် ပါတယ်”ဟု ပြောလာသူစာရေးဆရာ အမည်ခံ၊ ကဗျာဆရာအမည်ခံတစ် ယောက်ကို “မြန်မာစာကိုရော ဘယ် အတိုင်းအတာအထိ တတ်ထားပါ သလဲ”ဟု ဆက်မေးကြည့်ပါ။ သူက နှုတ်ခမ်းထော်ပြီး “ဟာ

…မြန်မာ လူမျိုးပဲဗျ။ မြန်မာစာအဓိကနဲ့ မဟာ ဘွဲ့ မရပေတဲ့ မြန်မာစာတတ်လို့ မြန် မာလိုရေးပြီး မြန်မာစာရေးဆရာ လုပ်နေတာပေါ့”ဟု ကျွဲမြီးတိုသံဖြင့် ပြောလာပေလိမ့်မည်။

ကျွန်တော်ကတော့ ပြောရဲပါ သည်။ ပြောဝံ့ပါသည်။ မြန်မာစာရေး ဆရာ၊ ကဗျာဆရာအများစုသည် မြန်မာစာကောင်းကောင်းမတတ်ကြ ပါဟု ပြောလိုသည်။ စိတ်မဆိုးကြပါ နှင့်။ ကျွန်တော်ကိုယ်တိုင်ပင်လျှင် စာရေးသက် နှစ်ပေါင်း ၄ဝ ရှိပြီဖြစ် သည့် တိုင်၊ မြန်မာစာကောင်းစွာ မတတ်မြောက်သေးပါ။ “လုပ်ကိုင်စား သောက်တတ်ရုံ၊ အလုပ်ဖြစ်ရုံ”မျှ ရေး သားဖွဲ့နွဲ့တတ်ရုံပဲရှိသည်။ ဆရာတို့ …။ ဆရာမတို့ကို သူခိုးသေဖော် ညှိခြင်းဟု မမှတ်ယူကြပါနှင့်။ မြန်မာ စာကောင်းစွာတတ်သော ဆရာ အချို့၊ ဆရာမအချို့ရှိကြပါသည်။ “အချို့”တကယ့်ကို ရှိကြပါသည်။ “အချို့”ပါ။ တချို့တစ်ဝက်ပါ။ လက် တစ်ဆုပ်စာမျှပါ။ အနည်းအကျဉ်းပါ။ လူနည်းစုကလေးပါ။

ဤသို့သော ကျွန်တော်၏ ခပ် ရမ်းရမ်းမတော်မတည့်စကားကြောင့်၊ ကျွန်တော့်ကို ဝိုင်းရိုက်ကြမည်ဆိုလျှင် လူစုပြီး လာခဲ့ကြပါ။ ကျွန်တော်ထွက် မပြေးဘဲ ပတ်တီးတွေ၊ ဂွမ်းတွေ၊ ဆေးဝါးတွေ အသင့်ဆောင်ပြီးစောင့် နေပါမည်။ မိမိသေချာတွေးမိ၍ မှန် သည်ဟုထင်သောစကားကို မပြော ဘဲ ကျွန်တော်သေမသွားချင်ပါ ခင်ဗျား။

ကျွန်တော်သည် “ဘို”စာကို အထင်ကြီးသော ဘုန်းတော်ကြီး ကျောင်းထွက် “ဘဂဝါ ဟိုက်စကူး” ဘွဲ့ရဖခင်ကြီးကြောင့် အင်္ဂလိပ်စာ သင်၊ ခရစ်ယာန်ဆရာ၊ ဆရာမများ သာ သင်ကြားသည့် စာသင်ကျောင်း မှာ ကျောင်းစနေခဲ့ရပါသည်။ ၉ နှစ် သားအထိ မြန်မာစာဆိုလျှင် ကကြီး ကို ပုတ်လောက်ကြီးအောင် ရေးပြ လည်း ကကြီးမှန်း မသိခဲ့ပါ။ ၁ဝ နှစ် သားကျမှ မြန်မာအက္ခရာတို့ကို စသင်ခွင့်ရသည်။ ကျွန်တော်၏ စာ သင်လက်ဦးဆရာမှာ မွေးစားဖခင် ကြီးဖြစ်သည်။ သူက ရှေးခေတ်ဘုန်း တော်ကြီးကျောင်းသုံး “သင်ပုန်းကြီး” ဖတ်စာအုပ်ဖြင့် ကျွန်တော့်ကို မြန်မာ စာစသင်ပေးပါသည်။ စာရေးတော့ …ကျောက်သင်ပုန်းနှင့် ကျောက် တံကို သုံးရပါသည်။ ဗလာစာအုပ် အကောင်းစား၊ ခွေးတံဆိပ်ခဲတံတို့ ဖြင့် ဘိုကျောင်းမှာ အင်္ဂလိပ်စာရေး လာခဲ့ရသည့် အကောင်။ ကျောက် သင်ပုန်း၊ ကျောက်တံနှင့် တွေ့သော် သေချင်စော်နံသွားပါသည်။

အမှန်က မြန်မာအက္ခရာကဲ့သို့ လက်ဝဲရစ်စာလုံးဝိုင်းများ ရေးတတ် ရန်၊ အကောင်းဆုံးလေ့ကျင့်ကွင်းက ကျောက်သင်ပုန်းနှင့် ကျောက်တံသာ ဖြစ်ပါသည်။ အညံ့ဦးနှောက်ပဲစေ့ ညှောက်လောက်နှင့် အမျိုးသားသစ္စာ ဖောက်တွေက လက်ရေးဝိုင်းဝိုင်းညီ ညီရေးလျှင် “ဘုန်းကြီးကျောင်းလက် ရေး”ဟု သရော်တော်တော်သမုတ် ချင်ကြသည်။ သူတို့ ကိုယ်တိုင်ရေး သော မြန်မာစာလက်ရေးမှာမူ လက် ဝဲစာလုံးခေါ် မိမစစ် ဖမစစ် မြန်မာ စာလက်ရေးသာဖြစ်ပါသည်။ လက်ဝဲ ဝါဒကျဆုံးသွားသည့်တိုင် လက်ဝဲစာ လုံးအြ<ွကင်းအကျန်တွေက ချောင်ကျို ချောင်ကြားမှာ ကပ်နေကြတုန်းပါ။

မြန်မာစာကို သင်ယူလေ့လာ ရင်းနှင့်ပင် အချိန်တန်သောအခါ မြန်မာစာကို သံယောဇဉ်ကြီးလာခဲ့ပါ သည်။

“မောင်ရင်က မြန်မာလူမျိုးပဲ။ မြန်မာစာကို မချစ်လို့ ဘင်္ဂါလီစာကို ချစ်တဲ့လား”ဟု ခွစကားပြောလိုက ပြောပါ။ ကျွန်တော် မြန်မာစာကို သံ ယောဇဉ်ကြီးလာ၊ ချစ်ခင်မြတ်နိုးလာ ခြင်းမှာ ကျွန်တော်ကိုယ်တိုင် မြန်မာ လူမျိုးဖြစ်နေ၍ မဟုတ်ရပါ။ မြန်မာ စာကို လေ့လာရင်း၊ ရေးသားအသုံး ချရင်း မြန်မာစာ၏ နက်နဲကျယ်ဝန်း က သုတများကို တွေ့ရှိလာရသော ကြောင့်ဖြစ်သည်။ ပင်လယ်ကို ချစ် သူသည် ပင်လယ်ကြီး ဘယ့်က လောက်ကျယ်မှန်းမသိသော်လည်း ပင်လယ်ပြင်မှာ ပျော်မွေ့ဘိသကဲ့သို့ ကျွန်တော်သည်လည်း အပြောကျယ် လှသော မြန်မာစာပင်လယ်ပြင်ကြီး ထဲမှာ ဥာဏ်ပညာက ကလေးကို နှလုံးသားလှော်တက်ဖြင့် လှော်ခတ် ရင်း သက်ဆုံးတိုင် မွေ့လျော်လှည့် လည်လိုပါသည်။

အထက်မှာ အစီရင်ခံခဲ့သလို ကျွန်တော်သည် မြန်မာစာဖြင့် ရေး သားပြီး အသက်မွေးခဲ့သည့် စာရေး ဆရာအမည်ခံတစ်ယောက်ဖြစ်ခဲ့ သည့်တိုင်။ တကယ်တမ်းအားဖြင့် မြန်မာစာတတ်သော မြန်မာစာရေး ဆရာတစ်ဦး မဟုတ်သေးပါ။ ကျွန် တော်အပါအဝင် စာရေးဆရာများ စွာသည် ကျေးဇူးကြီးလှစွာသော ရှေးဂန္တဝင်မှ မြန်မာစာပညာရှင်များ ကို သတိရ ရကောင်းမှန်းလည်း မသိ ကြတော့ ..။ ထိုပုဂ္ဂိုလ်များ ထား ရစ်ခဲ့ကြသည့် ပညာအမွေအနှစ်ကို တမြတ်တနိုး ရိုကျိုးစွာ စောင့်ရှောက် သည်။ ကယ်ကြရမှန်းလည်း မသိကြ တော့ပါ။ မကိုးကွယ်ချင်နေ စောင့် ရှောက်ကြဖို့တော့ သင့်ပါသည်။

ကျွန်တော်ခပ်ပြတ်ပြတ်ပဲ သုံးစွဲ ရတော့မည်။ ကလောင်သရမ်းသည် ဟုတော့ အပြစ်တင်မစောကြစေလို။

FB သုံးနေသူများထဲမှ မြန်မာစာမ တတ်သော မြန်မာစာကို ဖျက်နေ သော စုန်းပြူးများဖြစ်ကြသည်။ မြန် မာစာသည် ဝေါဟာရအသုံးအနှုန်း အလွန်ကြွယ် ဝပြောင်မြောက်သည့် ဘာသာစာပေ၊ ဘာသာစကားဖြစ် ရာ ရေးသားသုံးနှုန်းတတ်လျှင် အလွန်လှပပြေပြစ်ပါသည်။ ရေးသား သုံးနှုန်းသည်က မှန်ကန်သည်ဆိုစေ ဦး ..အဖတ်အရွတ်မတတ်လျှင် လည်း ငါးပါးမှောက်တတ်ပါသေး၏။ “ကုလားထိုင် ငှားရန်ရှိသည်။”ဟူ သော ဆိုင်းဘုတ်ကို ကျွန်တော်ငယ် ငယ်က အလောတကြီးနှင့် “ကုလား ထိုင် ငါးရံ့ရှိသည်”ဟု အလွဲဖတ်ရှုမိ ခဲ့ပါသည်။ ကျွန်တော်သည် ခုထက် ထိ “ဂြိုဟ်”နှင့် “ဂြိုလ်”ကို ဘယ်ဟာ က ရေးထုံးအမှန်မှန်းမသိသေးပါ ခင် ဗျား။ ။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*