ပန်းလှိုင်းများ ရဲ့ အရွေ့ဆီ

ပန်းလှိုင်းများ ရဲ့ အရွေ့ဆီ
May 9, 2018 AsianFame MediaGroup
ပန်းလှိုင်းများ ရဲ့ အရွေ့ဆီ

ဘုရာကျောင်းက ဓမ္မတေးသံဟာ သာယာကြည်နူးဖွယ်ကောင်း လှတယ်။

သူမရဲ့ ကမ္ဘာဖြစ်ခဲ့ဖူးတဲ့ ခပ် လှမ်းလှမ်းက တောင်တန်းတွေကို လွမ်းလွမ်းဆွတ်ဆွတ် ငေးမောကြည့် လိုက်မိတယ်။ တောင်တန်းတွေဟာ ဥတုသုံးပါးစလုံးကိုတော့ ရင်ကော့၊ ခေါင်းမော့၊ အံတုရင်း မြဲမြံစွာ ရပ် တည်နေတုန်းပဲ။ ကွာခြားမှုက တောင်ထိပ်ပေါ်မှာ လှပတဲ့ ပန်းခင်း တွေအစား သစ်ပင်တွေ စိမ်းမှောင် နေတာကို တွေ့ရတယ်။

ပန်းခင်းတွေနဲ့ ဝေးကွာသွားတာ နောင်တရလားဆိုရင် မရပါဘူး။ ဒါ ပေမဲ့ လွတ်လပ်ပျော်ရွှင်မှုကို လွမ်း တယ်။ တိမ်တွေနဲ့ တစ်သားတည်း ထိတွေ့ခဲ့ရတာကို လွမ်းတယ်။ ပန်းနံ့ သင်းသင်းလေးရှူရင်း ရိုးရာသီချင်း တွေ အော်ဆိုခဲ့ရတာကိုလွမ်းတယ်။ နူးညံ့သိမ်မွေ့တဲ့ ပန်းပွင့်လေးတွေကို လွမ်းတယ်။ ကောင်းကင်၊ လမင်းကြီး နဲ့ အနီးကပ်ဆုံးနေရတဲ့ တောင်ထိပ် မြင့်မြင့်က ခံစားမှုကို လွမ်းတယ်။ ပင်ပန်းဆင်းရဲမှု။ လောဘတွေကို လွမ်းတယ်။ အေးစက်စက် အထီး ကျန်ဆောင်းကိုလွမ်းတယ်။

တောင်ထိပ်ပေါ်မှာရပ်ရင်း လားဟူမလေးနာဘို လက်တွေကို ဆန့်ထုတ်လိုက်တယ်။ ပါးလျလျ တိမ် တစ်အုပ်က သူမလက်ကလေးတွေကို တိုးဝှေ့ကျော်ခွသွားကြတယ်။ အထိ အတွေ့မသိရ၊ အနံ့အရသာ မသိရ ပေမယ့် သူမတိမ်တွေကို ချစ်မြတ် နိုးစွာ ဆုပ်ကိုင်လိုက်တယ်။ ပန်း ရောင်ပြေးနေတဲ့ ပါးမို့မို့၊ နီရဲအေး စက်နေတဲ့ နှာခေါင်းထိပ်လေး၊ နှင်း ပွင့်လေးတွေ ကပ်ငြိနေတဲ့ မျက် တောင်စင်းစင်းလေး ချမ်းနေတဲ့ နား ရွက်လေးတစ်စုံကတော့ မွှေးပဦးထုပ် ထဲမှာ ပုန်းလျှိုးလို့။ သဘာဝအရိုင်း ဆန်ဆန်အလှဟာ ခပ်ကြမ်းကြမ်း ဆောင်းနဲ့ ပနံရလှတယ်။
သူမကိုယ်လေးကိုလှည့်ပြီး စိုက် ခင်းကြီးကို ကြည့်လိုက်တယ်။ အို လှလိုက်တာ။ ရောင်စုံ၊ အသွေးစုံ၊ ပန်းပွင့်တွေလေအဝေ့မှာ ညီညီညာ ညာ လိမ့်သွားတာများ သိမ်မွေ့တဲ့ ပန်းလှိုင်းလုံးတွေလိုပဲ။ ရုပ်ရှင်ထဲမှာ မြင်ဖူးတဲ့ ပင်လယ်ထဲက လှိုင်းလုံးကြီး တွေ လိမ့်တက်လာသလိုမျိုးပေါ့။ ဒီ ပန်းခင်းကြီးဟာ သူမရဲ့ဘဝ၊ သူမရဲ့ ကမ္ဘာ။ ချစ်မြတ်နိုးစွာနဲ့ ခရမ်းရောင် ပန်းလေးတစ်ပွင့်ကိုခူး၊ ဦးထုပ်ကိုချွတ် ပြီး နားရွက်ကြားထဲ ပန်းထိုးပန်လိုက် တယ်။

မခို့တရို့နေခြည်နုနုဟာ နှင်းထု ခံတပ်ကြားထဲက ဖောက်ထွက်နိုင်ဖို့ ရုန်းကန်နေတယ်။ ခြောက်သွေ့တဲ့ လေထုပါးပါးက ခပ်သင်းသင်းပန်း ရနံ့ကို တွဲလဲခိုစီးပြီး သူမနှာခေါင်းထဲ တိုးဝင်သွားတယ်။ ပါးချိုင့်လေးနှစ် ဖက် ခွက်ဝင်သွားအောင် သူမ ကျေ နပ်စွာ ပြုံးလိုက်တယ်။
ပန်း၊ နူးညံ့တဲ့ပန်း၊ သိမ်မွေ့တဲ့ ပန်း၊ ဘိန်းပန်း၊ ဘိန်းပင်တွေကြားထဲ က အပင်စိမ်းစိမ်းလေးတွေ အတော် ကြီးနေပြီး သီးညှပ်အဖြစ်စိုက်ထားတဲ့ မုန်ညှင်းတွေ ခူးရဦးမယ်။ ဘိန်းပင် တွေကြားထဲမှာ စိုက်တဲ့အသီး၊ အနှံ တွေဟာ အခြားမြေကြီးမှာ စိုက်တာ ထက် ပိုချိုတယ်။ ပိုထွားတယ်။ ဘာ မြေသြဇာမှ သုံးစရာမလိုဘူး။ မုန် ညင်းတွေခူး၊ အစည်းလေးတွေ လုပ်ရ မယ်။ မနက်ဖြန်မနက်စောစော တောင်အောက်က ရှမ်းရွာဈေးလေး မှာ သွားရောင်းရမယ်။ အချို့ကို ဆားနဲ့လဲ၊ ကြံသကာနဲ့လဲ၊ အချိုမှုန့် နဲ့လဲ လုပ်ရတာပေါ့။ လားဟူမလေး နာဘိုဟာ သူမစိုက်ထားတဲ့ ဘိန်းခင်း ကြီးကို ငေးကြည့်နေမိတယ်။ မိဘ လက်ထက်ထဲက စိုက်လာတာ။ အခု သူမဦးဆောင်ပြီး စိုက်ရတဲ့ အဆင့် ဖြစ်သွားပြီ။ အဖေဆုံးပြီးကတည်းက အမေမုဆိုးမကြီးနဲ့ ဘဝကို ရုန်းကန် ခဲ့ရတယ်။ မောင်လေးနဲ့ ညီမလေး ကိုတော့ ပညာတတ်စေချင်လို့ မြို့က ဆရာမကြီးအိမ်မှာ အပ်ထားတယ်။ ဆရာမကြီးအိမ်မှာပဲနေ၊ စား၊ ကျောင်းတက်ပေါ့။ ဆရာမကြီးကို ပိုက်ဆံပေးတာ မယူဘူး။ ဘိန်းတစ် လုံးပေးတော့လည်း ခါးခါးသီးသီး ငြင်းတယ်။ အဲဒါနဲ့ ဘိန်းရောင်းပြီး ဆန်ဝယ်ပေးလိုက်တယ်။

ဆရာမကြီးကပြောတယ်။ ဘိန်း မစိုက်ဖို့၊ အခြားသီးနှံစိုက်ဖို့ပေါ့။ မူးယစ်ဆေးဖြစ်နေတယ်။ ကလေး တွေ ပညာတတ်ဖြစ်လာရင် အစ်မ ကြီးက ဘိန်းစိုက်တယ်။ ဘိန်းရောင်း တယ်ဆိုရင် မကောင်းဘူးတဲ့။ တိုင်း ပြည်နဲ့ လူမျိုးအတွက်လည်း မကောင်းဘူးတဲ့။ တစ်နှစ်၊ နှစ်နှစ် လုပ်ပြီးရင် နားမှာပါလေ။ တကယ် တော့ ဘိန်းစိုက်တယ်ဆိုတာ လွယ်တဲ့ အလုပ်မဟုတ်ဘူး။ မြေ၊ ရာသီဥတု၊ အကုန်ကြည့်ရတာ။ ဘိန်းစိုက်မယ့် မြေကို မွနေအောင် လုပ်ရတယ်။ အဲဒီမြေထဲနင်းလိုက်ရင် ခြေထောက် နှစ်ဖက် နစ်ဝင်သွားတဲ့အထိ မွနေ ရတာ။ မလွယ်ဘူး။ ပြီးတော့ ဘိန်းက တောင်မြင့်မြင့်မှာ စိုက်ရတာလေ။ မိုး အုံ့မှာကိုကြောက်တယ်။ နေရောင် တိုက်ရိုက်ထိမှာကိုလည်း မကြိုက်ပြန် ဘူး။ အရှေ့တည့်တည့် အရပ်နဲ့ အနောက်တည့်တည့်အရပ်မှာ မစိုက် ကြဘူး။ တောင်နဲ့မြောက် အရပ်ကို ရွေးစိုက်ကြတယ်။

အသီးတွေသီးတဲ့အချိန်မှာ ရင် အခုန်ဆုံးဘဲ။ မျိုးအောင်၊ အလုံးလှ ရင် အလွန်ပျော်တယ်။ ဘိန်းခြစ်တဲ့နေ့ ကတော့ ပင်ပန်းတယ်။ ခါးကိုညောင်း နေတာပဲ။ အထစ်ပါတဲ့ ဓားထက် ထက်သေးသေးလေးနဲ့ ဘိန်းသီးကို မတိမ်မနက် တစ်ချက်ခြစ်ချရတယ်။ ဘိန်းသီးတစ်လုံးကို သုံးနေရာ လောက် လှည့်ပတ်ခြစ်ရတယ်။ ည နေရောက်ရင် မနက်ကခြစ်ထားတဲ့ ဘိန်းလုံးက ဓားဒဏ်ရာကနေ ထွက် တဲ့ ဘိန်းစေးလေးတွေကို အသာယူ ရတယ်။ တအားကို နုပြီး လက်ဝင်ပါ တယ်။

ဘိန်းပွင့်ရဲက ပွင့်ဖတ်တွေကို လည်း ခူးရသေးတယ်။ အဲဒီပွင့်ဖတ် တွေကို တစ်ခုချင်းဆက်၊ အပေါ်က အပူပြားနဲ့ ဖိလိုက်တော့ ကော်ကပ် ထားသလို ပွင့်ဖတ်အချပ်အပြားကြီး တွေရလာတယ်။ အဲဒီပွင့်ဖတ်ပြားကြီး နဲ့ ခုနဘိန်းစေးတွေကိုလုံးပြီး ထုပ်ပိုး ရတာပေါ့။

တကယ်တော့ ဘိန်းကဆေး အဖြစ်သုံးရင် အင်မတန်ကောင်းတာ ပါ။ လူတွေက မူးယစ်ဖို့သုံးနေတော့ မကောင်းတဲ့အရာ ဖြစ်သွားတာပေါ့။ နာဘိုတို့တစ်မိသားစုလုံး အစဉ် အဆက် ဘိန်းပဲစိုက်လာတာပါ။ မိသားစုထဲမှာ ဘိန်းစွဲတဲ့လူ မရှိပါ ဘူး။ မူးယစ်ဆေးအဖြစ် သုံးတဲ့လူ တွေများလာရင်တော့ မစိုက်ချင် တော့ဘူး။ လေယာဉ်နဲ့ ဆေးလာဖြန်း ပြီး ဘိန်းပင်သတ်မယ်လည်း ကြား တယ်။ ဖြစ်သမျှအကြောင်းအကောင်း ပဲပေါ့လေ။ သူမဘဝကို ပြောင်းလဲ သွားစေတာကတော့ ဆရာမကြီး ဒေါ်ရီပါပဲ။ လမ်းမှန်ပေါ်ရောက် အောင် လမ်းပြကူညီပေးခဲ့တယ်။ စက်ချုပ်၊ အလှပြင်သင်တန်းတွေ တက်နိုင်ဖို့ စီစဉ်ပေးခဲ့တယ်။ ဘဝကို ရိုးသားစွာ ဖြတ်ကျော်နိုင်ဖို့ စီမံပေး ခဲ့တယ်။ နာဘိုတို့မောင်နှမ တွေရဲ့ ပဲ့ကိုင်ရှင်၊ ကျေးဇူးရှင်၊ ကျောင်း အုပ်ဆရာမကြီး ဒေါ်ရီကို အမြဲ တန်ဖိုးထားပါတယ်။ အခုတော့ လည်း သူမဘဝဟာ ရောင်စုံပန်းလှိုင်း တွေအစား၊ ရောင်စုံပိတ်စတွေ၊ ရောင်စုံအလှပြင်ပစ္စည်းတွေကြား ထဲမှာ ပန်းချီဆန်ဆန် ချယ်မှုန်းတတ် နေခဲ့ပြီ။ လူသားတွေ လှပအောင် တစ်ဖက်တစ်လမ်းက ကူညီပံ့ပိုး ပေးနေခဲ့ပြီ။ သူမချစ်မြတ်နိုးတဲ့ တိမ် တွေပါးပါးသွဲ့သွဲ့မျောလို့ကောင်း တုန်း။ ရှမ်းရိုးမကြီးကတော့ ကိန်းခမ်း ကြီးစွာ မမှိတ်မသုန် တည်မြဲနေခဲ့ တယ်။

တောင်တန်းပေါ်က လှိုင်းတွေ ဟာ ရွေ့လျားပျောက်ကွယ်သွားခဲ့ပြီ ပဲ။

နန်းခင်သန္တာဦး (တောင်ကြီး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*