Heineken Beer
Heineken Beer

တွံတေးမြို့မှာ ဘုရားထီးတော်တင်လှူခဲ့တဲ့ ရွှေရည်သိန်းတန်တို့ ဇနီးမောင်နှံ

တွံတေးမြို့မှာ ဘုရားထီးတော်တင်လှူခဲ့တဲ့ ရွှေရည်သိန်းတန်တို့ ဇနီးမောင်နှံ
May 9, 2018 AsianFame MediaGroup

ဖခင်ကြီး ဦးတွံတေးသိန်းတန်နဲ့ မိခင်ကြီး ဒေါ်ချစ်စံပယ် တို့ကို အမှူးထားပြီးတော့ သားမောင်နေလ၊ သမီး မရွှေရည်သိန်း တန်တို့မှ တည်ထားကိုးကွယ်တဲ့ အပရာဇိကရွှေကံမြင့် ဆု တောင်းပြည့် ရွာဦးရှမ်းစေတီတော်မြတ် ထီးတော်တင်လှူ အောင်ပွဲကို ဧပြီ ၂၉ ရက်နေ့က တွံတေးမြို့၊ ရှမ်းစုကြီးကျေးရွာ၊ ရှမ်းစုကြီးကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ထီးတော် တင်လှူပွဲမှာ အလှူ့အစ်မဖြစ်တဲ့ ရွှေရည်သိန်းတန်က မနက်ခင်း ဘက်မှာ မုန့်ဟင်းခါး စတုဒိသာနဲ့ နေ့ခင်းဘက်မှာ ထမင်း၊ ဟင်း ၉ မျိုးနဲ့ တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါတယ်။ ဘုရားကြီး ထီးတော်တင်လှူတဲ့အခါမှာ ထူးခြားချက်တွေများစွာရှိခဲ့ ကြောင်းကိုလည်း ရွှေရည်သိန်းတန်က …

”ဘုရားကြီးစတည်မယ်လုပ်ပြီး ပန္နက်တင်အခမ်းအနားတွေ လုပ်ကတည်းက ထူးခြားတယ်။ ဆရာတော်ကြီးတွေ ကိုယ်တိုင် ကိုကလည်း ဒီနေရာမှာ အစောင့်အရှောက်တွေ ရှိတယ်ဆိုတာ ကို အိပ်မက်ရထားကြတာ။ မက်တဲ့အိပ်မက်ကလည်း ရှမ်းစုကြီး မှာ သီတင်းသုံးတဲ့ ဆရာတော်ကြီးမက်တဲ့အိပ်မက်နဲ့ အစ်မတို့ ရန်ကုန်မှာ ကိုးကွယ်တဲ့ ဆရာတော်ကြီး မက်တဲ့အိပ်မက်က အတူတူပဲ။ ဘုရားကြီးတည်တဲ့ အချိန်ကနေစပြီးတော့ အစ်မ ငွေရေး၊ ကြေးရေးအခက်အခဲတွေ တစ်စက်မှမရှိတော့ဘူး။ ရစရာရှိတဲ့ကိစ္စတွေပေါ်လာတယ်။ ပွဲကြီး အကြီးကြီးလုပ်ထားတဲ့ အခါကျတော့ မနက်ကျလို့ရှိရင် ဖျော်ဖြေရေးပေါ့။ ရတုတွေ၊ တေးထပ်တွေနဲ့ ဖျော်ဖြေဖို့အတွက်ကို ပြင်ဆင်ထားတယ်။ စက်တွေကို ရန်ကုန်ကနေ ငှားလိုက်တယ်။ ရောက် လာတော့ သူတို့က စက်တွေမချသေးဘဲ တစ်နေ ရာရာမှာ ဘီယာဝိုင်းလေးသွား သောက်ကြတာပေါ့။ သွားသောက်တာ မိုးကလည်း တော်တော်ချုပ်နေပြီ။ အဲဒီမှာ လူလည်းမမြင်ရဘဲနဲ့ သောက်နေတဲ့ ဘီယာ ဝိုင်းကို သဲတွေနဲ့ ကျုံးကျုံးပက်တာ။ အဲဒီကလေး တွေက လာပြောပြတာ။ စက်တွေဆင်မယ်လည်း လုပ်ရော လုံးဝ မသုံးရသေးဘဲနဲ့ စက်လေးလုံး လောင်သွားတယ်။ အဲဒါနဲ့ ညတွင်းချင်း ရန်ကုန်ပြန် ပြီးတော့ စက်တွေတစ်ခေါက် ပြန်လည်ပြီး တပ်ဆင် ရတာပေါ့။ မကြိုက်ဘူးဆိုတာကို ပြတဲ့သဘောဖြစ် နေတာပေါ့။ နောက်ပြီးတော့ ဒီနေရာကြီးမှာ ဘုရား တည်မယ် မလုပ်ခင်တုန်းက အလွန်ပူတယ်။ ဘုရား တည်မယ်ဆိုပြီး လုပ်လိုက်ကတည်းက လေတိုက် တယ်။ လေတိုက်ပြီဆိုရင်လည်း ဘုရားကို ဝေ့တိုက် တယ်။ ဘုရားမှာ အောင်သပြေပင် ကြီးတစ်ပင်ရှိ တယ်။ အဲဒီ တစ်ပင်တည်းပဲလှုပ်နေတယ်။ အဲဒီလို ထူးထူးဆန်းဆန်းတွေနဲ့ ကြုံတွေ့ရပါတယ်”လို့ ရွှေရည်သိန်းတန်က ပြောပြခဲ့ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*