ထက်ထက်မိုးဦး နဲ့ တွဲဖက် သရုပ်ဆောင်ရတဲ့ အားသာချက်ကို သရုပ်ဆောင်အောင်ရဲလင်းပြောပြ

ထက်ထက်မိုးဦး နဲ့ တွဲဖက် သရုပ်ဆောင်ရတဲ့ အားသာချက်ကို သရုပ်ဆောင်အောင်ရဲလင်းပြောပြ
May 2, 2018 Leanne Win
ထက်ထက်မိုးဦး နဲ့ တွဲဖက် သရုပ်ဆောင်ရတဲ့ အားသာချက်ကို သရုပ်ဆောင်အောင်ရဲလင်းပြောပြ

သရုပ်ဆောင် အောင်ရဲလင်းကတော့ မကြာမီရုံတင်ပြသတော့ မယ့် ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးတဲ့ ‘ရှယ်ချွေးမ’ ရုပ်ရှင် ဇာတ်ကားမှာ ရန်အောင်၊ စိုးမြတ်သူဇာ၊ ထက်ထက်မိုးဦး၊ ခင်ဝင့်ဝါ စတဲ့ သရုပ်ဆောင်များနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

“ဇာတ်ကားရိုက်ကူးတဲ့အချိန်မှာလည်း တအားကို ပျော်စရာ ကောင်းပါတယ်။ ဒီဇာတ်ကားမှာ ကျွန်တော်တို့က ဟာသကို ထွေထွေ ထူးထူး လုပ်ယူစရာတော့ မလိုပါဘူး။ ပါဝင်တဲ့ဇာတ်ကောင်တွေ ကလည်း အားလုံးအတည်တွေချည်းပဲဖြစ်နေတယ်။ လုပ်ရတဲ့ ကာရိုက် တာတွေက မကြီးစိုးလည်း အတည်၊ ကိုရန်လေးလည်း အတည်၊ မထက်လည်းအတည်၊ ကျွန်တော်ဆိုလည်းအတည်ပဲ။ အဲဒီလို ဖြစ်နေ တာကိုက ရယ်နေရတယ်။ တကယ်ကို သဘာဝကျပါတယ်။ ပရိသတ် ကို ပေးထားတဲ့ မက်ဆေခ်ျ့ကတော့ ကြီးကြီးမားမား မရှိပါဘူး။ အမေရဲ့ သူငယ်ချင်းကို ယူမိသွားတယ်ဆိုတာပဲ။ အပြင်မှာလည်း ဒီလိုအဖြစ်မျိုး တွေက တော်တော်ရှားပါတယ်။ ချွေးမနဲ့ ယောက္ခမ ဖြစ်တတ်တာတွေကိုပဲ ဦးတည်ပြီး ပြထားတာပါ။ လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေလည်း ကြိုက်မယ်လို့ ထင်ပါတယ်” လို့ သူက ပြောပြခဲ့ပါ တယ်။ သူ့အနေနဲ့ ဒီရုပ်ရှင်ဇာတ်ကားမှာ ရန်အောင်၊ စိုးမြတ်သူဇာ၊ ထက်ထက်မိုးဦး စတဲ့ ဝါရင့်သရုပ်ဆောင်များနဲ့အတူ ပါဝင်သရုပ် ဆောင်ခဲ့ရတဲ့အတွက် ပညာတွေရရှိခဲ့ကြောင်း ပြောပြခဲ့ပါ တယ်။ အထူးသဖြင့် ထက်ထက်မိုးဦးနဲ့အတူ တွဲဖက် သရုပ်ဆောင်မှုအပေါ်လည်း ဆက်လက်မေးမြန်းခဲ့ ရာ. . .

“ဒီရုပ်ရှင်ဇာတ်ကားမှာကျတော့ ဝါရင့်သရုပ် ဆောင်တွေနဲ့ တွဲဖက်ပြီးသရုပ်ဆောင်ရတယ်။ ဝါရင့် သရုပ်ဆောင်တွေနဲ့တွဲဖက်ပြီး သရုပ်ဆောင်ရတဲ့ အတွက်လည်း ပညာတွေအများကြီးရပါတယ်။ မထက်ကကျတော့ လိုအပ်တာတွေရှိရင်လည်း ပြောပြပေးပါတယ်။ သူနဲ့တွဲဖက်ပြီး သရုပ်ဆောင်ရ တာလည်း အစစအရာရာ အဆင်ပြေပါတယ်။ ပြန် ပြီးကြည့်ရှုတဲ့အချိန်မှာလည်း မထက်နဲ့ မကြီးစိုးတို့ ဆုံတဲ့အခန်းတွေ အားလုံးကို ကြိုက်ပါတယ်”လို့ အောင်ရဲလင်းက ပြောပြခဲ့ပါတယ်။ နောက်ထပ် သူပါဝင်သရုပ်ဆောင်ထားတဲ့ ‘ဇာတိမြေ’၊ ‘မတစ် ထောင် တစ်ကောင်ဖွား’၊ ‘မှားတဲ့ဘက်မှာနေ ကြည့်ပါ’ စတဲ့ ရုပ်ရှင်ဇာတ်ကားများလည်း ဒီနှစ်ထဲမှာ ရုံတင်ပြသဖို့ရှိကြောင်းလည်း ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*