သတိရတာပေါ့ နွေဦးရယ်

သတိရတာပေါ့ နွေဦးရယ်
May 2, 2018 Leanne Win
သတိရတာပေါ့ နွေဦးရယ်

နွေဦးရာသီဟာ မခေါ်ဘဲနဲ့ သူရောက်ရောက်လာခဲ့တာ အခါများလှပြီ။ နွေဥသြက လွမ်းချင်း သီတဲ့ လရာသီ။ ငါ့ရဲ့ ပန်းချီအိမ် ကလေးက တွယ်ရာမဲ့အသံ။ ပန်းချီ ကားတွေနဲ့ အဖော်ပြုလို့ ငါရေးခဲ့တဲ့ နေ့ရက်တွေက အိမ်သူရှိတဲ့ အချိန် တုန်းကတည်းက ရေးခဲ့တဲ့ပန်းချီတွေ။ သူတို့တွေက ငါ့အဖော်ပါပဲ။

တစ်ခါတလေ ဂီတသံလေးနဲ့ နေပြီး နွေဦးကိုငါ ရင်ဆိုင်ရပေဦး တော့မယ်။ငါ့ရဲ့အိမ်ကလေးကို မိုးကောင်း ကင်လို စိမ်းမြမြ အရောင်လေးတွေ သုတ်ထားပြီး ပျဉ်ချပ်ကလေးတွေက နွေရဲ့အပူဒဏ်ကို အေးမျှအောင် ကူ ညီနေတယ်။
အခါသင်္ကြန်နီးပြီမို့ ပိတောက် ဝါပုံလေးတွေနဲ့ မဂ္ဂဇင်းမျက်နှာဖုံးတွေ ရေးဖွဲ့ခဲ့ရင်း အရင်တုန်းက ရှုမဝ၊ တိုင်းရင်းမေ မဂ္ဂဇင်းလေးတွေကို ငါလွမ်းနေမိတယ်။

ရှုမဝကိုစန်းမြင့် (မောင်မြင့် မြတ်)၊ မောင်ဆွေတင့်၊ ကိုကိုကြီးတို့ ကို သတိတရနဲ့ လွမ်းမိပါရဲ့ …အဖွင့်လတန်ခူးပေမို့ အလှထူးပါဘိ မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။

တကယ်တမ်းသာဖြင့် ဘယ်ပန်းသော် စံမတူဘူး နန္ဒမူ ဖန်ဂူ ထိပ်မှာလ ပစ္စေကာ ချွေးတော် သိပ်ရတယ်အေးရိပ် ဆာယာ။

တစ်နှစ်တွင် သည်တစ်လသာပ တစ်လတွင် တစ်ရက်ထဲခက်ခဲတဲ့ ရက်ဗုဒ္ဓါ ပွင့်ရှာကြ စုံမြိုင်တွင်း။

မြူမင်း လွင်ထန်ကြူသင်း တာချိန်ယံ မတော့ ရွှေဝတ်ဆံ ငုံတံ ညှောက်ကယ်နှင့်ခါသင်္ကြန် ဂိမှာန် ရောက်ပြန်တော့ သိန် သရေ ထိန်ဝေလို့
တောက်တဲ့ပြင် လမ်းတစ်လျှောက် သင်းပါဘိဆန်းသလောက် မလင်းနိုင်ဘု ပန်းပိတောက် မင်း ။ ။

စာဆိုဦးကြော့ရှုမဝ သင်္ကြန်မဏ္ဍပ်။ ဇော်ဝမ်း၊ ဆွေဇင်ထိုက်တို့ရဲ့ နှစ်ကာလက ရှုမ ဝဦးကျော်ရဲ့ ရင်ခုန်သံ …ရုပ်ရှင် စာမျက်နှာ၊ မဂ္ဂဇင်းစာမျက်နှာတွေ ပေါ်မှာ နေခဲ့ကြရင်း နွေဥသြက အခုဆို တေးမဆိုတော့ …။

သုံးဘီးကားလေးတွေရဲ့ မြည် သံနဲ့အတူ နွေဦးကို ကြိုခဲ့ရင်း ဆယ်စု နှစ်လေးခုလောက်က ပိတောက်ပင် က အရင်ပွင့်တဲ့ ပိတောက်က မရှိ တော့ပါကလား။ လက်ကျန်ပိတောက် က အားငယ်စွာ ပွင့်နေရှာတယ် ။

အိုပိတောက် သေးငယ်ပေမယ့် ပွင့်နေတယ်မဟုတ်လား။ ပိတောက် ပင်အောက်မှာြေ<ွကသံမကြားဘဲြေ<ွက ခဲ့ရှာပြီ။ ပိတောက်က တိတ်ဆိတ်စွာြေ<ွကနေရှာမည်။

သင်္ကြန်မိုးလေးကို ပိတောက်က မျှော်ရှာသည်။

အနောက်တောင်ဘက်ကနေ ရွာတော့မည်လား မသိတဲ့ မိုးဟာ …

ငယ်ငယ်ကတည်းက ပွင့်နေရှာ ခဲ့တဲ့ ပန်းတွေနဲ့ အခါခါ တွေ့ဆုံခဲ့ ပေမယ့် မမောပန်းနိုင်ခဲ့ပါဘူး။ ။ ပြည်သူ့ဆိုင်လေးက ဆန်ထုတ်ပြီး ခါသင်္ကြန်မှာ သင်္ကြန်ရက်ကလေးမို့ ငွေတာရီ၊ မြဝတီ၊ ရှုမဝ၊ တိုင်းရင်းမေ တွေမှာ ငွေကျပ် ၁၅ဝ၊ ကျပ် ၂ဝဝ၊ ထုတ်ယူကြရင်း ပန်းချီပုံခဖိုးလေး တွေနဲ့ တွေ့ဆုံကြတယ်။

ကဗျာစာပေ၊ ပန်းချီသမားတွေ နဲ့အတူ သံယောဇဉ်လွယ်အိတ်က လေးတွေက ဘေးက အဖော်သဖွယ် လိုက်ပါလို့ လာမြဲ။ မဂ္ဂဇင်းစာအုပ် ကလေးတွေနဲ့အတူ ပျော်ခဲ့ရတဲ့ နှစ် တွေ မပေါများဘဲ ပျော်ခဲ့ရတယ် ။

ကဗျာစိတ်၊ စာစိတ်၊ ပန်းချီစိတ် လေးတွေနဲ့ အတူ တွေ့ဆုံကြရင်း ..ပန်းချီမောင်မောင်သိုက်၊ စံတိုး၊ ဝသုန်တို့နဲ့ ပိတောက်တွေအတူ ပွင့် ကြတဲ့ နှစ်ကာလတွေ ..။ အခုတော့ြေ<ွကရှာကြပြီကော ..ပိတောက်က လေးတွေရယ် ..။

မင်းတို့ကို သရုပ်ဖော်ပုံရေးဆွဲခဲ့ ရင်း မင်းတို့ကို အလွတ်ရနေတယ် လေ ။ မင်းတို့က တစ်နှစ်တစ်ခါ လာ လည်ခဲ့ပေမယ့် မင်းတို့ကို ဘယ်မေ့ နိုင်မှာတဲ့လဲကွယ်။ မင်းတို့ကို သရုပ် ဖော်ရေးဆွဲပေးတဲ့ ပန်းချီသမား ၊ ကဗျာသမား၊ စာသမားတွေကို မလွမ်းဘူးလားလို့ ငါမေးနေမိတယ်။ ငါသတိရတာပေါ့ နွေဦးရယ် ။

ငါ့ရဲ့ ပိတောက်ရိပ်မှာ ပန်းချီ သမားတွေ၊ ကဗျာသမားတွေကို ရောက်ရှိစေချင်တယ်။ မင်းတို့မှာ အလှတရားကိုယ်စီရှိတော့ သစ်ပင် တွေကို ချိုးမယူဘူးလေ ။ စာစပ် တယ်၊ ကဗျာစပ်ကြတယ်။

ငါ့ရင်က သိနေတယ်။ မင်းတို့ ရဲ့ စာအလှ၊ ကဗျာဘဝလေးတွေနဲ့ အတူ ကဗျာဆန်ဆန်၊ စာဆန်ဆန် အညွန့်အဖူးလေးတွေ ရေးသီဖွဲ့လို့ စာမျက်နှာတွေပေါ် တင်ကြတယ်။

ငါ့အိမ်သူက =ကိုလေးရယ် ကဗျာသမား၊ စာသမားတွေနဲ့တွေ့ ရင် ပန်းချီခလေးထဲက လက်ဖက်ရည် လေးတိုက်ခဲ့ပါ။ မုန့်လေးကျွေးခဲ့ပါ+ လို့ တဖွဖွလေး ပြောခဲ့တယ်။

မောင်ခိုင်မာ၊ မောင်မောက် (ဥက္ကလာ)၊ ဆရာဒေါင်းနွယ်ဆွေတို့ အပါအဝင် သိကျွမ်းခဲ့ရတဲ့ စာကဗျာ သမားတွေဆိုတာ မနည်းခဲ့ပါဘူး။ နွေဦးရဲ့ တစ်ချိန်က ရွှေတိဂုံစေတီ ပေါ်ရှိ ဇရပ်မှာ ဆရာရွှေပြည်အေးကို ထမင်းဝိုင်းလေးနဲ့ ကျွေးခဲ့ရင်း တစ်မိုး တစ်မြေ သန်းသန်းမေတို့ အိမ်ဘက် ကို ဆရာနဲ့အတူ လိုက်ပါသွားခဲ့ရင်း ခါသင်္ကြန်ရက်မှာ သွားခဲ့တဲ့ နှစ်လေး ဆယ်ကျော်က ပုံရိပ်တွေက ကိုယ့် နှလုံးသားထဲမှာ ပုံရိပ်ထင်နေဆဲပါ။

ဒီအပွင့်ဝါဝါနဲ့ ပန်းရနံ့တွေက ရနံ့မပြောင်း။ အခါသာနှောင်းခဲ့ပြီမို့ ပိတောက်ပင်အောက်မှာ ဝိုင်းဖွဲ့ကာ စကားပြောကြရင်း သောက်ရေအိုး စင်၊ ရေချမ်းစင်လေးရဲ့ အနားမှာ ရှိနေတဲ့ ရယ်သံလေးက မနုပျိုခဲ့ပါ ကလားကွယ်။ စိတ်တို့က မပြောင်း။ ခါခါ နှောင်းတဲ့နွေဦးရယ်။ မင်းပြန် လာပြန်ပြီလား ။

ငါ့အိမ်သူက ပိတောက်ပင် အောက်မှာ အိပ်မောကျနေပြီလားလို့ ငါခံစားရတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာမို့ ငါနှိုးပေမယ့် သူ က မနိုးသော အိပ်ခြင်းနဲ့အတူ အိပ် မောကျလို့နေဆဲပါပဲလားကွယ်။

စာပေ၊ ကဗျာတွေနဲ့ ရင်းနှီးခဲ့တဲ့ အိမ်သူသက်ထားကို ငါ ဒီစာရေးဖွဲ့ နေတဲ့အခါ မင်တံလေးကလည်း သတိတရရှိလို့နေဆဲနော် ။
ငါတို့အိမ်ကလေးမှာ ခုတော့မှ ပဲ ပန်းချီပြခန်းလေးလုပ်ခဲ့ပြီမို့ အိမ် သူသာမြင်ခဲ့ရင် ပျော်ရှာနေမှာအမှန် ပါပဲ။

သူငယ်ချင်း ကဗျာသမား၊ စာ သမား၊ ပန်းချီသမားတွေ တွေ့မြင်ခဲ့ မယ်ဆိုလည်း ပျော်နေရှာမှာအမှန်ပါပဲ။

တကယ်တော့ ‘ပိတောက်ရိပ် ဝယ်’ဆိုတဲ့ပန်းချီကားလေးတစ်ကား ရေးရဦးမှာပါကလား ..။

ပိတောက်ရိပ်မှာ စာကဗျာတွေ ရေးဖွဲ့ကြရင်း အိမ်သူလေးရှိစေချင် တဲ့၊ သိစေချင်တဲ့၊ ပိတောက်ပင် အောက်မှာ မှန်းဆ၊ လွမ်းတလို့ ပုံ ဖော်ရေးဆွဲချင်သေးတယ်။

ပန်းချီတင်လှဝင်းထင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*