Heineken Beer
Heineken Beer

၁၆ နှစ်တာ ကာလ အိမ်ထောင်ရေး အတွေ့အကြုံကိုပြောပြတဲ့ အကယ်ဒမီ ခိုင်သင်းကြည်

၁၆ နှစ်တာ ကာလ အိမ်ထောင်ရေး အတွေ့အကြုံကိုပြောပြတဲ့ အကယ်ဒမီ ခိုင်သင်းကြည်
April 30, 2018 AsianFame MediaGroup

ဧပြီလ ၂၄ ရက်နေ့ကတော့ သရုပ်ဆောင် ခိုင်သင်းကြည်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည် ၁၆ နှစ်ပြည့်တဲ့ နေ့လေး ပဲဖြစ်ပါတယ်။အဆိုပါနေ့လေးမှာတော့ လှိုင်သာယာမြို့နယ် မှာရှိတဲ့ အောင်ဇေယျာမင်း ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတိုက်မှာရှိကြတဲ့ သံဃာ၊ သီလရှင်၊ ကျောင်းသူ ကျောင်း သား စုစုပေါင်း ၇ဝဝ ကျော်ကို ကျွေးမွေး လှူဒါန်းခဲ့ပါတယ်။ အလှူပြုလုပ်ဖြစ်ပုံနဲ့ ပတ်သက်ပြီးခိုင်သင်းကြည်က …

”ဒီနှစ်မင်္ဂလာနှစ်ပတ်လည်နေ့မှာ အစ်မတို့ လင်မယား နှစ်ယောက်တိုင်ပင်ထားတယ်၊ ကျောင်းတစ်ကျောင်းမှာ ဆွမ်း လည်းကပ်မယ်၊ အကျွေးအမွေးလည်း ကျွေးချင်တယ်၊ မြို့ထဲက ကျောင်းတွေမှာတော့ အမြဲတမ်းလုပ်ဖြစ်တယ်၊ ဒီဘက်ကျတော့ နည်းနည်းလေးဝေးတော့ မလုပ်ဖြစ်ခဲ့ဘူး၊ ဒီကျောင်းကို ဖေ့စ်ဘုတ်ခ်ကနေရှာလိုက်တာ၊ ဖေ့စ်ဘုတ်ခ်ထဲမှာတော့ လူဦး ရေ နှစ်ထောင်ကျော်ရှိ တယ်ဆိုတော့ အဲဒီလောက်ကျွေးရမယ် ထင်တာ၊ အခုကကျောင်းမဖွင့်သေးတော့ကျောင်းသားတွေ ရောက်မလာသေးဘူး။ လောလောဆယ် ဘုန်းကြီး၊ သီလရှင်၊ ကျောင်းသား စုစုပေါင်း၇ဝဝ လောက်ပဲရှိတယ်”လို့ ပြောပါ တယ်။

ဇာတ်ကားရိုက်ကူးမှုတွေအပြင် အလှူအတန်းပါ အမြဲ တမ်းဆိုသလိုလှူဒါန်းဖြစ်တဲ့ခိုင်သင်းကြည်ကတော့ ဒီနှစ်မင်္ဂလာ နှစ်ပတ်လည်နေ့မှာလှူဒါန်းခွင့်ရခဲ့တဲ့အတွက်လည်း ကြည် နူးမိကြောင်း ပြောပါတယ်။

”ဒီကျောင်းမှာက ရင်ခွင်ပိုက်ကလေးကနေ ဆယ်တန်းထိ ကလေး တွေ ရှိကြတယ်၊ မနှစ်ကလည်း ဆယ်တန်းစာမေးပွဲကို အကုန်လုံးနီးပါး အောင်ကြတယ်၊ လေးယောက်ပဲ ကျတယ်လို့ ပြောတယ်၊ မခိုင်ဇာတ်ကား ရိုက်ကူးတုန်းက အင်္ကျီလေး အထည် ၃ဝဝ လောက်လည်း လှူပေးခဲ့တယ်၊ မခိုင်လေးတို့က ဘာရယ်မဟုတ်ပါဘူး၊ ဒီလိုခေါင်းစဉ်လေးတပ်ပြီးတော့ အလှူ လှူဖြစ်တယ်၊ မနှစ်ကဆို မခိုင်နယ်မှာ ဇာတ်ကားရိုက်ကူးရေးရှိ တယ်၊ သူလည်း အလုပ်မအားတာနဲ့ ဒီနှစ်ကျတော့ မခိုင်လည်း ရှိတယ်၊ ဒါတောင် သမီးလေးက ကျောင်းဖွင့်လို့ပါမလာဘူး”လို့ ပြောပါတယ်။

မင်္ဂလာနှစ်ပတ်လည် ၁၆ နှစ် ပြည့်နေ့လေးမှာတော့ ခိုင်သင်းကြည်ကို ခင်ပွန်းဖြစ်သူကိုခန့်နိုင်က အမှတ်တရ အနေ နဲ့ သိန်းလေးရာ့ကိုးဆယ်တန် စိန်လက်စွပ်လက်ဆောင် ပေးခဲ့ပါ တယ်။ အိမ်ထောင်သက်ကြာလာပြီဖြစ်တဲ့အတွက် အတွေ့အကြုံ တွေလည်း အများကြီးရရှိခဲ့ပြီး အိမ်ထောင်သက် ရေရှည်တည်မြဲ ဖို့အတွက်ဘာတွေလိုအပ်မလဲဆိုတာကို တော့ ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်က …

”ကျွန်တော် ဖြတ်သန်းလာခဲ့တဲ့ အိမ်ထောင်သက်တမ်းက ၁၆ နှစ်ဆိုတော့ အတွေ့အကြုံတော်တော်များများလည်း ရခဲ့တယ်။ အဓိက အိမ်ထောင်သက်တမ်း အတွေ့အကြုံအနေ နဲ့က မိသားစုရယ်လို့ ဖြစ်လာရင်ဘယ်လောက် အလုပ်များများ မိသားစုအတွက် အနည်းနဲ့အများတော့ အချိန်ပေးဖို့လိုအပ်တယ်၊ ဒါမှလည်း သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို တည်ဆောက်နိုင်မှာ၊ သူလည်း အလုပ်မအားဘူး၊ အစ်ကိုလည်း အလုပ်မအားဘူး၊ ဒါပေ မဲ့အလုပ်မအားတဲ့ကြားထဲကနေ အချိန်ပေးနိုင်အောင် ကြိုးစား ရတာပေါ့၊ နားလည်မှုလည်းအဓိကလိုအပ်တယ်၊ နောက်ပြီးကိုယ် ချင်းစာတရားလေးလည်းအဓိကလိုအပ်ပါတယ်” လို့ ပြောပါတယ်။

တွယ်တာ၊

ဓာတ်ပုံ-မင်းမင်းထွန်း

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*