Heineken Beer
Heineken Beer

ပရီမီယာ၏ နှစ်သစ်ကူး အလှူ ဆီမီး ၁၁ဝဝဝ လှူဒါန်းပွဲ

ပရီမီယာ၏ နှစ်သစ်ကူး အလှူ ဆီမီး ၁၁ဝဝဝ လှူဒါန်းပွဲ
April 24, 2018 Leanne Win

တို့ဌာနေ၊ တို့မြန်မာပြည်၊ မြန် မာတို့ရဲ့ ပရီမီယာကော်ဖီမှ မြန်မာ့ နှစ်သစ် ကူးအလှူအဖြစ် ဆီမီး ၁၁ဝဝဝ လှူဒါန်းပွဲကို ၂ဝ၁၈ ခုနှစ်၊ ဧပြီလ ၂ဝ ရက်နေ့က ရွှေတိဂုံ ဘုရား ရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆီမီးလှူဒါန်းပွဲကို ပရီမီယာ မိသားစုက ဦးဆောင်ကျင်းပခဲ့ပြီး ဘုရားဖူး လာ ပရိသတ်များနှင့်အတူ ပရီမီယာ ဝန်ထမ်းမိသားစုများက ဆီ မီးများ ထွန်းညှိ ပူဇော်လှူဒါန်းခဲ့ကြ သည်။ ထို့အပြင် ဘုရား ဖူးဧည့်သည်များကိုလည်း ပရီမီယာ ထုတ်ကုန်များ ဖြစ်သည့် ပရီမီယာကော်ဖီ၊ ပရီမီယာပဲနို့၊ ပရီမီယာ Chocolate Malt ၊ ပရီမီယာWhite Malt နှင့် တီး မာစတာ လက်ဖက်ရည်ထုပ်များကို လည်း ပေးဝေ လှူဒါန်းခဲ့ကြသည်။


အဆိုပါ လှူဒါန်းဖြစ်ခဲ့ပုံနှင့် ပတ်သက် ပြီး Premier Coffee ၏Head of Marketing ဖြစ်သူ ဒေါ် ယဉ်ဝေပြုံးက “ကျွန်မတို့အနေနဲ့ နှစ် သစ်အကြိုအလှူအဖြစ် ရှင်အပါး ၁ဝဝ ကို မန္တလေးမြို့မှာ ရဟန်းခံ၊ ရှင်ပြု အလှူပြု လုပ်ပေးခဲ့ပြီး စတုဒိသာအလှူလည်း ပြုလုပ် ခဲ့ပါတယ်။ သင်္ကြန်တွင်းမှာလည်း ရန်ကုန် လမ်း လျှောက်သင်္ကြန်မှာ စတုဒိတာ အလှူ လည်း ပြုလုပ်ခဲ့ပါသေးတယ်။ အခုက တော့ နှစ်သစ်ကူးအလှူအဖြစ် ဆီမီး နဲ့ ပရီမီယာ ထုတ်ကုန်တွေကို လှူဒါန်း တာဖြစ်ပါတယ်။ ကျွန်မတို့က မြန်မာ နိုင်ငံ ကိုယ်စားပြု အမှတ်တံဆိပ် အဖြစ် ရပ်တည် နေတာ လည်းဖြစ်တဲ့အတွက် ကိုယ့် မြန်မာလူမျိုး တွေနဲ့အတူ ကုသိုလ်မျှဝေပြီး လှူဒါန်းရ တာကို ဂုဏ်ယူမိပါတယ်”ဟု ပြောကြား ခဲ့သည်။

P-069
Photo-Aung Zaw Min

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*