ထက်ထက်မိုးဦး ဆီက ပညာတွေရခဲ့တယ် ခင်ဝင့်ဝါ

ထက်ထက်မိုးဦး ဆီက ပညာတွေရခဲ့တယ် ခင်ဝင့်ဝါ
April 23, 2018 Leanne Win

သရုပ်ဆောင် ခင်ဝင့်ဝါက မကြာခင်ရုံတင်ပြသလာတော့မယ့် ‘ရှယ်ချွေးမ’ ရုပ်ရှင် ဇာတ်ကားကြီးမှာ ရန်အောင်၊ အောင်ရဲလင်း၊ စိုးမြတ်သူဇာ၊ ထက်ထက်မိုးဦးတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာ သူပါဝင်ရတဲ့ ဇာတ်ဝင်ခန်းက နည်းသလို၊ သူလေးစား အားကျခဲ့ရတဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးနဲ့ ဆုံတဲ့အခန်းကလည်း ၂ ခန်း သာရှိခဲ့တယ်လို့ပြောပါတယ်။ ဒါပေမဲ့ ထက်ထက်မိုးဦးဆီကနေ ပညာတွေသင်ယူဖြစ်ခဲ့ ကြောင်းကို ခင်ဝင့်ဝါက ….

“ရိုက်ကွင်းမှာ အမှတ်တရကတော့ ရင်ခုန်တာပေါ့နော်။ မထက်ဆိုတာက ညီမတို့ ငယ်ငယ်လေးကတည်းက ကြော်ငြာဘုရင်မလို့တောင် ပြောလို့ရတဲ့ အောင်မြင်တဲ့ အနုပညာရှင်အစ်မနဲ့ တွဲဖက်သရုပ်ဆောင်ရတဲ့အခါမှာ နည်းနည်းလေးတော့ ရင်ခုန် တယ်။ ပြီးတော့ သူက တအားလည်းဖော်ရွေတယ်။ သင်လည်းသင်ပေးတဲ့ အခါကျတော့ ရှိန်တော့မရှိန်တော့ပေမယ့် ပညာတွေ လည်းရတယ်။ သူ့ဆီကပညာတွေ သင်ယူဖြစ် တယ်။ ဒီဇာတ်ကားမှာ ညီမ ပါဝင်သရုပ်ဆောင်တဲ့အခန်းက နည်းပါတယ်။ မထက်က အဓိက မိန်းပေါ့နော်။ ဒီဇာတ်ကားလေးက ပရိသတ်တွေကို မတူတဲ့ ရသလေးတွေပေး မယ်။ ဟာသလေးတွေလည်းပါမယ့် မိသားစု အချစ်ဇာတ်ကားလေးပါ” လို့ ပြောပြခဲ့ ပါတယ်။ ဒီဇာတ်ကားက စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး လွင်မင်းအံ့ ရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ဒါရိုက်တာကိုဇော် (အရုဏ်ဦး) ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီးဖြစ်ပါတယ်။ သရုပ်ဆောင် ခင်ဝင့်ဝါက ဒီနှစ်သင်္ကြန်မှာတော့ ရေ ကစားခြင်း၊ လည်ခြင်းမလုပ်ဘဲ ဦးကျော်သူရဲ့ နာရေးကူညီမှု အသင်းမှာ စတုဒိသာများသာ ကျွေးမွေးခဲ့ကြောင်းလည်း သိရ ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*