Heineken Beer
Heineken Beer

ချို၊ အေး၊ မွှေး ရွှေရင်အေး အလှူဒါနပြုခဲ့ကြတဲ့ ပိုပိုနဲ့ သူ့ပရိသတ်တွေရဲ့ နှစ်သစ်ကူးအလှူ

ချို၊ အေး၊ မွှေး ရွှေရင်အေး အလှူဒါနပြုခဲ့ကြတဲ့ ပိုပိုနဲ့ သူ့ပရိသတ်တွေရဲ့ နှစ်သစ်ကူးအလှူ
April 23, 2018 AsianFame MediaGroup

ပိုပိုရဲ့ မြန်မာနှစ်ဆန်းတစ်ရက် နေ့အလှူကတော့ ပရိသတ်နဲ့ တိုက် ရိုက်ထိတွေ့ခဲ့တဲ့အလှူလို့ ပြောရမှာ ပါ။ ဘာသာရေးလုပ်နေရရင် ပျော် နေတတ်တဲ့ သူမ၊ အလှူအတန်း ပေး ကမ်းနေရရင်ပျော်ရွှင်နေတတ်တဲ့ သူမ၊ နွေပူပူမှာ ဘုရားလာဖူးတဲ့သူ တွေ ရွှေရင်အေးအောင် ရွှေရင်အေး တိုက်ကျွေးခဲ့ပါတယ်။ ပိုပို့ရဲ့ ရွှေရင် အေးက သစ်သီးအစုံပါတယ်။ ဒူး ရင်းသီးနဲ့ အုန်းနို့ရောကြိတ်ထား တယ်။ ပေါင်မုန့်၊ သာကူ၊ မုန့်လက် ဆောင်းစတာတွေ ရောသမမွှေလိုက် တော့ ချို၊ အေး၊ မွှေးလို့ ကမ္ဘာအေး ဘုရားရင်ပြင်မှာ လာရောက်သုံး ဆောင်သူတွေ ကြိတ်ကြိတ်ကိုတိုးလို့။ ပိုပိုဘာဖြစ်လို့ Public နဲ့ တိုက်ရိုက် ထိတွေ့ဖြစ်တာလဲဆိုတော့ …

”ပိုက အလှူတော့မရွေးပါဘူး။ အမြဲတမ်းလှူဖြစ်တယ်။ ဘယ်နေရာပဲ မဆို နေရာတိုင်းကို လှူချင်ပါတယ်။ ဒါပေမဲ့ နှစ်ဆန်းတစ်ရက်နေ့ကတော့ ရွှေရင်အေးတိုက်ချင်တယ်ဆိုတဲ့ ခံ စားချက်က သူ့အလိုလိုဖြစ်နေတော့ ရွှေရင်အေးတိုက်ဖြစ်သွားတယ်။ ပထမကတော့ ဆေးရုံတွေဘာတွေ လှူဖို့ စိတ်ကူးရှိပါတယ်။ ဒါပေမဲ့ ပို က အုန်းနို့အစစ်တွေကို အလုံး ၃ဝ တောင်ကြိတ်ထားတာ ဆိုတော့လေ။ နောက်ပြီးတော့ နို့ဆီတွေလည်း အများကြီးထည့်ထားတယ်။ ဒူးရင်း သီးတွေလည်းထည့်ထားတယ်။ အဲဒါ နဲ့ ဆေးရုံတွေကို သွားလှူလို့ရှိရင် သွေးတွေ တက်သွားမှာစိုးလို့ ဆေးရုံ မှာ သွားမလှူဖြစ်တော့ဘဲ ဘုရားမှာ လာလှူဖြစ်တာပါ”လို့ သူမက ပြော ပါတယ်။

ပိုပိုတစ်ယောက် အခုလိုမျိုး အလှူတွေ တောက်လျှောက်လုပ်နိုင် တယ်ဆိုတာကလည်း သူ့နောက်မှာ တောက်လျှောက် Support ပေး နေတဲ့ Fans တွေရှိနေလို့ပါ။ Fans တွေကို ကျေးဇူးတင်နေတဲ့ ပိုပိုရဲ့ ၅ လပိုင်း ၁၆ ရက်နေ့မှာ ကျရောက်မယ့် အသက် ၂၈ နှစ်မွေးနေ့ကလည်း စောင့် ကြိုလို့နေပြန်ပါပြီ။ ဒီတစ် ခေါက်တော့ ကျန်းမာရေးချို့တဲ့နေ သလို နွမ်း လည်း နွမ်းပါးရှာတဲ့သူတွေ အတွက်ဆေးရုံတွေမှာ အလှူဒါနပြု လုပ်ဖို့ ရည်ရွယ်ထားပြန်ပါသတဲ့။ နောက်ပြီး ဝေါမြို့ကပိုပို့အဘွားရဲ့ ရွာလေးမှာ ဘုရားထီးတင်ပွဲကလည်း ရှိနေပြန်ပါတယ်။

”၅ လပိုင်းဆိုရင်တော့ အဲဒါ ပြီးပြီထင်ပါတယ်။ တော်တော်ပြင် ဆင်နေတယ်။ အခုဆိုရင် ကျောက် ပြားလည်းခင်းပြီးသွားပြီ။ တန် ဆောင်းဆောက်မယ်။ အဲဒီလိုပေါ့။ ၅ လပိုင်း (သို့မဟုတ်) ၆ လ ပိုင်း လောက်မှာတော့ ဘုရားထီးတင်၊ ရေ စက်ချအမျှဝေလှူမယ်ပေါ့။ ပြီးတော့ ရွာလုံးကျွတ်အလှူလုပ်မယ်ပေါ့။ အဲဒီ လိုစဉ်းစားထားပါတယ်”လို့ ပိုပိုက ပြောပါတယ်။ နှစ်သစ်မှာ ပရိသတ် တွေအတွက် ပိုပိုပြောချင်တဲ့ စကား လက်ဆောင်က …

”မိမိဘဝကို မိမိဖြတ်သန်းတဲ့ နေရာမှာ ပုံစံအမျိုးမျိုးနဲ့ ဖြတ်သန်း နေကြတယ်။ အရေးကြီးတာက ပိုပို တို့ နေ့စဉ်၊ နေ့စဉ် ကုသိုလ်၊ ပညာ၊ ဥစ္စာ ၃ ခုကို တစ်ခုခုတော့ ရအောင် ရှာသင့်တယ်။ ဒီနေ့မှာ ပညာမရဘူး ဆိုလို့ရှိရင် ကုသိုလ်ပေါ့၊ ဒါမှမဟုတ် ရင်လည်း စီးပွားရေး ဥစ္စာပေါ့။ အကျိုးရှိအောင် လုပ်သင့်ပါတယ်။ ပိုပိုဆိုလို့ရှိရင်လည်း နေ့တိုင်း၊ နေ့ တိုင်းမှာ အနည်းဆုံး သေချာတာက တော့ ကုသိုလ်တော့လုပ်ဖြစ်တယ်။ ပရိသတ်တွေလည်း ကုသိုလ်၊ ပညာ၊ ဥစ္စာတစ်ခုခုကို နေ့စဉ်နေ့စဉ် ရ အောင်လုပ်ပါလို့ ပိုပိုပြောချင်ပါ တယ်”လို့ စကားလက်ဆောင်ပေးခဲ့ ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-ဇော်ဝင်းအောင်

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*