အမျိုးသမီး စာဆိုတော် မယ်ခွေ

အမျိုးသမီး စာဆိုတော် မယ်ခွေ
April 11, 2018 Leanne Win
အမျိုးသမီး စာဆိုတော် မယ်ခွေ

ကသိုဏ်းငယ်မှ ညိုညိုလေ၊ ကြယ် ရေဝတီ၊ နယ်သင်္ဂီမှာ၊ နာရီငါးရပ်၊ သု ညပါဒ်နှင့်၊ ရဟတ်ကယ်ခက်ချင်း၊ ချမ်းရေးပြင်းကြသည်၊ တောင်မြင်း မိုရ်ငယ်နှင့်လေး၊ ရွှေလိုမှရစ်ဆင့်၊ သဲ ပုံပြီပြီ၊ သာမျိုးညီအောင်၊ စေတီရတ နာ၊ လှည့်လက်ျာကို၊ မြေဇာမြှင့်လို့၊ ကျူးရင့်မှ နတ်စည်၊ ကြက်ဆောင် အ လှမ်း၊ ဆီးဖျန်းဖျန်းနှင့်၊ မိုးပန်းဆွတ်ချွေ၊ မှိုင်းမှိုင်းဝေလို့၊ နေမတည်သည်၊ မျက်ရည်ကို ရွှေတဘက်ကယ်နှင့်၊ သုတ်ရက်ပြီဘူး …”

“မယ်ခွေ”သည် ရတနာသိင်္ဃ မြို့နေ စစ်တောင်းဝန်ကြီး၏ သမီး၊ အမွေဝန် မောင်စွက်၏ မယားဖြစ် သည်။ ထို့ကြောင့် “မယ်ခွေ”ကို “အမွေ ဝန်ကတော်”ဟုလည်း ခေါ်ကြသည်။

မှတ်ချက်။ ။ “မယ်ခွေ”ကို “မယ်ခွေး”ခေါ်ကြသည်မှာ မှား သည်။ “မယ်ကေ၊ မယ်ခွေ”ဟူသော ညီအစ်မနှစ်ယောက်တို့သည် ဘိုး တော်ဘုရားလက်ထက်တွင် လွန်စွာ ကျော်စောကြောင်း၊ “မယ်ခွေ”သည် အငယ်ဖြစ်၍၊ နောက် ..အမွေဝန် နှင့် လက်ဆက်ကြောင်းများကို ပုဂံ ဝန်ထောက်မင်းဦးတင်၏ စာအုပ်စာ တမ်းများတွင်လည်း တွေ့ရှိရသည်။

“မယ်ခွေ”ဆို “အဲချင်း”များကို “၈ဝ ပေါ်အဲ” ဟူ၍ လည်း ခေါ်ကြ သေး၏။ အကြောင်းကိုဆိုသော် “ဤ အဲချင်း”ကို ညောင်ရမ်းမင်းဆက် တနင်္ဂနွေမင်းတရားကြီးလက်ထက် သက္ကရာဇ် ၁ဝ၈ဝ ပြည့်နှစ်က စတင် ပေါ်သည်ကို အစွဲပြု၍ “၈ဝ ပေါ်အဲ” ခေါ်ကြောင်း၊ ထို့အတူ “၈ဝ ပေါ် တေးထပ်”ဟူ၍လည်း ပေါ်ပေါက်ခဲ့ သေးကြောင်း ပြောစမှတ်ပြုကြသည်။

(၂)
“မယ်ခွေ”၏ “၁၂ ရာသီဖွဲ့အဲချင်း”သည်ရာသီဖွဲ့ကဗျာများတွင် လွန်စွာကျော်စော လေသည်။ ထို “အဲချင်း”မပေါ်သေးမီက “၁၂ ရာ သီဖွဲ့လူးတား၊ ရတုများ”ပေါ်ခဲ့ သော် လည်း ထို”လူးတား၊ ရတု”တို့သည် “မယ်ခွေ”၏ “အဲ”လောက်များစွာ အရေးပါ အရာရောက်ခြင်းမရှိပေ။ ဖွဲ့နွှဲ့ပုံမှာလည်း “မယ်ခွေ”၏ “အဲ”သည် လွန်စွာနက်နဲ၏။ ပန်း၊ ပွဲတော်၊ ရာသီအခြေအနေတို့ကို ဖွဲ့ရာ၌လည်း စုံစုံလင်လင်ရှိ၍ ပြေပြစ်၏။

ထူးခြားသည့်အချက်ကား “မယ်ခွေ”၏ ရာသီဖွဲ့သည် “အဲချင်း” ဖြစ်၍ ဂီတဘက် သက်ဆိုင်ပါဝင် သောကြောင့် စည်းဝါးကျနစွာ တူရိ ယာဖြင့် သီဆိုနိုင်သည်။ ရှေးရှေး “၁၂ ရာသီ” ဖွဲ့များက “လူးတား၊ ရတု များ”ဖြစ်သောကြောင့် အတီးအမှုတ် တူရိယာများဖြင့် တွဲဖက်သီဆိုခြင်း မပြုနိုင်။ စည်းလွတ်ဝါးလွတ်သာ ဆို နိုင်သဖြင့် “မယ်ခွေ”၏ “အဲ”လာက် တွင်ကျယ်မည်မဟုတ်ပေ။ ဤနေရာ ၌ “မယ်ခွေ”၏ ဥာဏ်ရည်သာ၏။ “အဲ”သည် စည်းဝါးကျနစွာဆိုနိုင်သော အဖွဲ့ဖြစ်၍ သဘင်သည်များအတွက် ပိုမိုကျေးဇူးရှိပေသည်။ ဖွဲ့နွဲ့ပုံတွင် လည်း “မယ်ခွေ”သည် အခြားစာရေး ဆရာကြီးများအောက် မညံ့ချေ။ စပ် ဆိုဖွဲ့နွဲ့ရာတွင် နေရာတကာ၌ပင် စေ့စပ်ကျန၏။ စန်းယှဉ်နက္ခတ် တာ ရာဗေဒင်လာစကား ဖွဲ့နွဲ့ပုံအသုံး အနှုန်းများလည်း ကျနသေသပ်၏။ “ဦးယာ”၏ “လူးတား”ထက် သာပေ သည်ဟု ယူဆဖွယ်ဖြစ်သည်။

“မယ်ခွေ”သည် မိမိ၏ “အဲ ချင်း”တွင် ရာသီ၏အခြေအနေကို များစွာ အမွှမ်းတင်၍ရေး၏။ သဘာ ဝဓမ္မဖြစ်ပေါ်နေသော တော၊ တောင်၊ ရေ၊ မြေနှင့် ရာသီ၏အခြေအနေ လိုက်လျောပုံများကို ကွက်ကွက် ကွင်းကွင်းပေါ်အောင် ဖွဲ့ဆိုနိုင်သည် မှာ ချီးမွမ်းဖွယ်ဖြစ်သည်။ စာဆို ကျော်တို့သည် “တပေါင်းလရာသီ”၏ အခြေအနေကို အများအားဖြင့် ဖွဲ့ဆို ကြသည်။
အဘယ်ကြောင့်ဆိုသော် “တ ပေါင်းလ”တွင် ရာသီ၏ အခြေအနေ သည် အသာယာဆုံးဖြစ်သောကြောင့် ပေတည်း။
(၃)
အခြားဆရာကြီးများ ဖွဲ့ဆိုခဲ့ သော “တပေါင်းလဖွဲ့”နှင့် “မယ်ခွေ” ၏ “တပေါင်းလဖွဲ့”ကို နှိုင်းယှဉ်လျှင် “မယ်ခွေ”၏ ဥာဏ်ရည်သာသော အချက်တစ်ခုရှိ၏။ ဤ “တပေါင်းလ ရာသီ”တွင် တောတောင်၏ သာယာ ပုံကို ရိုးရိုးသားသားမဖွဲ့ဘဲ၊ လေပြည် လေညင်းကလေးက တောင်ဘက်မှ တိုက်ခတ်၍ ဒီလှိုင်းကလေးများ တိုး လိမ့်၍လာသဖြင့် လှိုင်းပုတ်သည့် အသံကလေးများကို ကြားရပုံ၊ ထို အတွင်းပန်းပွင့်ကလေးများကို ကျေး ငှက်ငယ်များက ခြွေချ၍ လေတွင် အမွှေးနံ့များ တသင်းသင်းလှိုင်နေပုံ၊ သို့သော် တစ်ကိုယ်တည်းဖြစ်၍ မ ပျော်နိုင်ပုံများကို လွန်စွာ ယဉ်ကျေး၊ နွဲ့နှောင်း၊ ဆန်းသစ်သော စကားလုံး ကလေးများဖြင့် ညှပ်၍ သုံးထားခြင်း ကြောင့် “မယ်ခွေ”၏ “ရာသီဖွဲ့” သည် ကြည်နူးစရာကောင်းရုံမျှမက အလွမ်းဓာတ် အခံရှိသူများ၏ စိတ် ကို လှုံ့ဆော်၍ လွမ်းစရာကောင်း အောင် ဖန်တီးပေးသည်။

ဤ “တပေါင်းလရာသီဖွဲ့”တစ် ခုတည်းပင် မဟုတ်။ ၁၂ ရာသီလုံး တွင်ပင် အဖွဲ့အနွဲ့များမှာ လွမ်းစရာ၊ ဆွေးစရာ စကားကလေးများဖြင့် တန်ဆာဆင်ထားသောကြောင့် “မယ် ခွေ”၏ “ရာသီဖွဲ့”သည် အခြား “ရာ သီဖွဲ့”များထက် ထူးခြားကောင်းမွန် သည်ဟု ဆိုရပေမည်။

“ဤနေရာ၌ “မယ်ခွေ”သည် သြကာသလောကကြီးတွင် စိတ်ဝင် စားတတ်သူဖြစ်၍ မိမိကိုယ်ကလည်း နုနယ်ပျော့ပျောင်းသော မိန်းမသား ဖြစ်သောကြောင့် ဖွဲ့နွဲ့သော စကား များတွင် မိန်းမသားဇာတိပြလျက်ရှိ ကြောင်း ထင်ရှားတော့သတည်း။
(၄)
“မယ်ခွေ”သည် ဤ “ရာသီဖွဲ့” “အဲချင်း”တစ်ခုတည်းဖြင့် နာမည် ထင်ပေါ်ကျော်စောသည် မဟုတ်၊ အမရပူရ ဘုရားလေးဆူတိုင် “အဲနှင့် ရတုများ”၊ ဘိုးတော်ဘုရား မိထွေး တော် ဒလမြို့စား မင်းသမီး သေလွန် ရာ “ငိုချင်း”၊ သမီးတော်မိုးနဲဝန်က တော် သေလွန်ရာ “ငိုချင်း”၊ သား တော် ပြင်စည်မြင်းမှူးမင်းသား မင်း ရဲမင်းလှရွှေတောင် သေလွန်ရာ “ငို ချင်း”၊ နှမတော် ရှင်နှင်းပွင့်၊ ရှင်သဲ တို့ သေလွန်ရာ “ငိုချင်း”၊ အနောက် အိမ်တော်အမြင့် မြို့စားမင်း သား တော်မောင်ကြီး ကွယ်လွန်ရာ “ငို ချင်း”များကိုလည်း ဆိုသေး၏။
“ငိုချင်း”များတွင် “မယ်ခွေ”၏ “ငိုချင်း”များသည် အစပထမဆုံးပေါ် ပေါက်၍ နောက်နောင်ခေတ်စားလတ္တံ သော “ငိုချင်းရှည်” ခေါ် “ရှာပုံတော်ကြီး”များ၏ ရှေ့တော်ပြေးဖြစ်တော့သ

“နွေဦးမှ ထိပ်ခံ၊ တောတောင် တလီ၊ မှိုင်းဝေရီနှင့် ကတ္တီပါပေါင်း၊ ရွက်သစ်ကယ် လောင်း၊ ရွက်ဟောင်း ပျံလို့၊ ခက်ရံမှ ဝေဝေ၊ အင်ကြင်းသရ ဖီ၊ ပန်းစုံစီနှင့်၊ သိင်္ဂီရောင်သွေး၊ ကြိုင် ကြိုင်ငယ်မွှေးလို့၊ ငှက်ကျေးငယ် ချွေ သည်။ တောင်လေပြည် မုန် တိုင်းနှင့်၊ ရေလှိုင်းသံတိုး၊ ပြည်မိ ထိလာ၊ ချိန်တာရာသည်၊ တံငါ ပျော်ကြ၊ သို့သည်လကို၊ မရရင်ငွေ့၊ တကိုယ်လေ့မို့၊ မွေ့မွေ့သိမ်သိမ်၊ ကြည်နူးရန် ကြိမ်လိမ့်မည်၊ မိန်ရာသီ လတပေါင်းတဲ့၊ တသောင်းလုံး စိတ် ငယ်အောင်၊ ပင်လယ်ကို ရည်မှုံမှိုင်း နှင့်၊ မျှော်တိုင်းညှိုး …”

ဟူ၍ “မိန်ရာသီ တပေါင်းလဖွဲ့” ကို လွမ်းဆွေးစရာ စကားလေးများ နှင့် စပ်ဆိုဖွဲ့နွဲ့ခဲ့လေသတည်း …။

သော်တာအောင် (ကျောက်တောင်)
စာကိုး
မြန်မာစာပေသမိုင်း၊
ကုန်းဘောင်ခေတ် ဒုတိယပိုင်း။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*