နှစ်လိုဖွယ် မဟာသင်္ကြန်

နှစ်လိုဖွယ် မဟာသင်္ကြန်
April 10, 2018 Leanne Win

ကမ္ဘာပေါ်ရှိ ယဉ်ကျေးသောလူမျိုးတိုင်းသည် နှစ်ဟောင်းကုန်၍ နှစ်သစ်ဆန်းလာသည်ကို အလေးအ မြတ်ထားကြသည်။ ယဉ်ကျေးသော လူမျိုးတိုင်း ထိန်းသိမ်းအပ်သော မွန် မြတ်သည့်အစဉ်အလာတစ်ရပ်အဖြစ် မိမိတို့ ယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံ အတိုင်း နှစ်သစ်ကူးပွဲတော်များ ကျင်းပကာ နှစ်သစ်နှစ်ဆန်းကို ကြို ဆိုလေ့ရှိကြသည်။

မြန်မာတို့သည်လည်း ‘မဟာ သင်္ကြန်ပွဲတော်’ကို ခြိမ့်ခြိမ့်သဲ ကျင်းပ ကာ နှစ်သစ်ကို ကြိုဆိုကြမြဲဖြစ် သည်။ သင်္ကြန်ဟူသော မြန်မာဝေါ ဟာရသည် မူလသင်္ကန္တပုဒ်၏ အဓိ ပ္ပါယ်အတိုင်း ‘ပြောင်းရွှေ့ခြင်း၊ ကူး ပြောင်းခြင်း’ဟူ၍ အဓိပ္ပါယ်ရပေ သည်။ မြန်မာနိုင်ငံ၌ ယဉ်ကျေးမှု အဆင့်အတန်း မြင့်နေပြီဖြစ်သော ပဒေသရာဇ်ခေတ်ဦး၊ တကောင်း ခေတ်ကပင် နှစ်သစ်ကူးပွဲတော် သင်္ကြန်ကို ကျင်းပခဲ့သည်ဟု ယူဆရ သော်လည်း ပုဂံခေတ်၌မူ နှစ်သစ်ကူး ပွဲတော် သင်္ကြန်ကို ကျင်းပနေပြီဖြစ် ကြောင်း သက္ကရာဇ် ၆၅၃ ခုနှစ်၊ ပုဂံ မြို့ စောလှဝန်းဘုရားကျောက်စာ အရ သိရှိရပေသည်။

မြန်မာတို့နှစ်သစ်ကူးချိန်တွင် ရေပက်ဖျန်းကစားခြင်းဓလေ့ဖြစ်လာ ပုံကို ရှေးခေတ်ပညာရှင်တို့ အမျိုးမျိုး ယူဆပြောဆိုကြသော်လည်း နှောင်း ခေတ်ပညာရှင်များသည် ရေပက်ဖျန်း ကစားခြင်း ရည်ရွယ်ချက်များကို တစ်မျိုးတစ်ဖုံ သုံးသပ်ကြသည်။ ရေ ပက်ကစားခြင်းသည် အေးမြကြည် လင်စေခြင်း၊ အညစ်အကြေးကို ဆေး ကြောခြင်းနှင့် ရေကိုသား၍ အကြား မထင်ဘဲ ဆက်စပ်နေခြင်းဟူသော ရေ၏နိမိတ်သုံးပါးကို စွဲမှတ်ထား ကြသည်။ ဤနိမိတ်သုံးပါးသည် မွန် မြတ်သည့်ရည်ရွက်ချက်များဖြစ်သည် ကို တွေ့ရှိရပေမည်။

ရှေးမြန်မာမင်းများလက်ထက် တွင် သင်္ကြန်ကျရောက်သည့်အခါ ဗြဲ တိုက်တော်သည် လွှတ်တော်ရှေ့တွင် အမြှောက်သံပေးစေသည်။ ထိုအခါ နိုင်ငံတော်တစ်ဝန်းရှိ မြို့ကြီးမြို့ငယ် များနှင့် တောလက်ကျေးရွာများ၌ လည်း ရွှေမြို့တော်ကြီးကဲ့သို့ သင်္ကြန် ကျချိန် အချက်ပေးကြသည်။ ထို အမြှောက်သံနှင့် အချက်ပေးသံကို ကြားသည်နှင့် တစ်ပြိုင်နက် မြန်မာ လူမျိုးတို့အိမ်တိုင်း၌ သပြေပန်းများ ထိုးထားသော အတာရေအိုးများမှ ရေကို မြေပေါ်သို့ သွန်းလောင်းကြ ကာ ‘သတ္တဝါတွေ ကျန်းမာကြပါစေ။ ချမ်းသာကြပါစေ”ဟု မေတ္တာပို့ သွန်း လောင်းကြသည်။

ရှေးအခါက သင်္ကြန်ပွဲတော် ကာလရေပက်ဖျန်းကစားကြသည်မှာ အလွန်ယဉ်ကျေးသိမ်မွေ့၏။ သင်းပျံ့ မွှေးကြိုင်သည့် နံ့သာရည် အမွှေး ရည်တို့ဖြင့် ယဉ်ကျေးစွာ ပက်ဖျန်း လေ့ရှိကြသည်။ လူပျိုကာလသားများ သည် အမျိုးသမီး အပျိုအရွယ်များ ကို ရေပက်လိုသော် မိဘများထံ ခွင့်ပန်တောင်းယူ၍ အမွှေးနံ့သာရည် တို့ဖြင့် ယဉ်ကျေးသိမ်မွေ့စွာ ပက် ဖျန်းကြသည်။ ယခုကာလကဲ့သို့ နောက်ပြောင်ခြင်း၊ ရိုင်းစိုင်းသည့် အပြုအမူများ လုံးဝမရှိပေ။

မြန်မာတို့၏ အစဉ်အလာရိုးရာ ယဉ်ကျေးမှုသင်္ကြန်ပွဲတော်သည် နယ်ချဲ့အရင်းရှင်၏ ကိုလိုနီခေတ်မှစ ၍ တစ်နှစ်ထက်တစ်နှစ် အသွင် ပြောင်းလဲလာခဲ့သည်။ တစ်ဦးနှင့် တစ်ဦး မေတ္တာရှေ့ထား၍ စိတ်ကြည် နူးဖွယ်ရာ နှစ်ကြည်စွာ ရေပက်ဖျန်း ကစားကြရာမှ နာကျင်ထိစေအောင် ရေပိုက်ကြီးများဖြင့် ထိုးပက်ခြင်း၊ ခွက်စောင်းခုတ်ရိုက်ပက်ခြင်း သင်္ကြန် မျိုးဖြစ်လာသည်။ နိုင်ငံခြားသား အရင်းရှင်စီးပွားရေးသမားများသည် ¤င်းတို့၏ ကုန်ပစ္စည်းများကို မော် တော်ယာဉ်များတွင် ချိတ်ဆွဲကာ မြန်မာသင်္ကြန်ပွဲကို ကြော်ငြာပိတ် ကားအဖြစ် အသုံးချကာ စီးပွားရေး အမြတ်ထုတ်ခဲ့ကြသည်။

လွတ်လပ်ရေးရပြီးသည့်နောက် နိုင်ငံရေးအဖွဲ့များသည် စောင်းချိတ် ထိုးနှက်ကြသည့် သံချပ်များဖြင့် အတာမင်္ဂလာသင်္ကြန်ပွဲကို ဖုံးလွှမ်း စေခဲ့သည်။ ထို့အပြင် သရုပ်ပျက် ယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက် လာမှုများကြောင့် မွန်မြတ်ဖြူစင် လှသည့် မြန်မာတို့၏ ရိုးရာယဉ် ကျေးမှု သင်္ကြန်ပွဲတော်၏ အနှစ် သာရများ စွန်းထင်းညစ်ထေးခဲ့ရ သည်။

ယင်းသို့သော အခြေအနေ အရပ်ရပ်ကို ပြုပြင်ထိန်းသိမ်း၍ မြန်မာ့ရိုးရာ ယဉ်ကျေးမှုသင်္ကြန်ကို လမ်းမှန်နေရာမှန်ရောက်ရှိအောင် ပြန်လည်မြှင့်တင်ရင်း စည်ကားသိုက် မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လက်ရှိပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များသည် စီမံချက်များ စနစ်တကျ ရေးဆွဲကျင်းပရန် စီစဉ် လျက်ရှိပေသည်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများနှင့်အတူ အခြားမြို့ကြီးများတွင် ပျော်ပွဲရွှင်ပွဲ လမ်းလျှောက်သင်္ကြန်ကို ဆင်နွှဲကြ မည့်အပြင် မြို့နယ်အလိုက် ရေက စား မဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ် များ၊ ဆောက်လုပ်ပါဝင်ဆင်နွှဲ ကြရန် လည်း စီစဉ်လျက်ရှိသည်။

မြို့နယ်အလိုက် ဖျော်ဖြေရေး နှင့် ဆုပေးမဏ္ဍပ်များတွင် ရေကစား ထွက်သည့်အဖွဲ့များနှင့် အလှ အက၊ သဘာဝတေးသီချင်းသံချပ်သံများ လျှံပေတော့မည်။ ပြည်သူအပေါင်း တို့သည် သံချပ်ပြိုင်ပွဲကို အထူးစိတ် ဝင်စားကြသည်။ သံချပ်အများစု သည် မျက်မှောက်ခေတ် ယဉ်ကျေးမှု၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး စသည်တို့၌ လိုအပ်ချက်၊ အားနည်းချွတ်ယွင်းချက်များကို တိုတိုနှင့် လိုရင်းမိအောင် ဖော်ထုတ် ဝေဖန်ချက်များဖြစ်သည်။ သို့ကြောင့် လည်း အချို့က သံချပ်များသည် ခေတ်ပြကြေးမုံများဟု တင်စားခေါ် ဆိုကြသည်။ ထို့ကြောင့်သံချပ်အဖွဲ့ တို့သည် နိုင်ငံတော်ကို အကျိုးပြုနိုင် ပြီး လိုရင်းရည်မှန်းချက်ကို ထိမိနိုင် ကာ အပြုသဘောဆောင်သည့် ဒီမို ကရေစီနိုင်ငံတော်သစ် တည်ဆောက် ရေးအတွေးအမြင်များနှင့် ကိုက်ညီ သည့် သံချပ်များ ထွန်းကားစေ မည်ဟု ယုံကြည်မျှော်လင့်ထားပေ သည်။

မြန်မာ့ယဉ်ကျေးမှု ရိုးရာမဟာ သင်္ကြန်ပွဲတော်သည် လောကီရေးရာ ပွဲတော်တစ်ခုဖြစ်သော်လည်း နှစ် ဟောင်းမှနှစ်သစ်သို့ အကူးအပြောင်း မင်္ဂလာအခါဖြစ်သည်။ သတ်မှတ်ကြ သည်။ ဗုဒ္ဓဘာသာတရားတော်အရ သင်္ကြန်အခါတွင် အလှူဒါနပွဲများ ခြိမ့်ခြိမ့်သဲ ဆင်နွှဲကြသည်။ စတုဒိ သာကျွေးမွေးခြင်း၊ ရဟန်းသံဃာ တော်များအား ဆွမ်းဘောဇဉ်များ ဆက်ကပ်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များ အား ရေသပ္ပါယ်ခြင်း၊ ဥပုသ်သီတင်း ဆောက်တည်ခြင်း၊ ပရိတ်တရား တော်များ နာယူခြင်း၊ သက်ကြီးရွယ် အို ဘိုးဘွားများကို ပူဇော်ကန်တော့ ခြင်း၊ ကျွဲ၊ နွား၊ ငါးစသည်တိရစ္ဆာန် များ ဘေးမဲ့လွှတ်ခြင်းစသည့် မွန် မြတ်သန့်စင်သော ကုသိုလ်ကောင်းမှု များကို မြတ်နိုးလေးစားနှစ်လိုစွာ ကျင်းပကြသည်ကိုလည်း တွေ့ရပေ မည်။

ဤသို့ဖြင့် နှစ်လိုမြတ်နိုးဖွယ် ကောင်းလှသည့် မဟာသင်္ကြန်ပွဲ တော်ကို အပျော်အပါးနှင့်အတူ ယှဉ် တွဲသည့် ဘာသာရေးကောင်းမှု လုပ်ငန်းများသည် မြန်မာတို့ လူမှု ရေး၊ နိုင်ငံရေး၊ ဘာသာရေးတို့၌ လွန်စွာအလေးထားကြသည့်ပြယုဂ် များဖြစ်သည်။

သို့ကြောင့် မြန်မာတို့၏ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်သည် လူ့ လောကရှိ အကျိုးပြုနိုင်သော ယဉ် ကျေးမှုပွဲတော်ဖြစ်သည်နှင့်အညီ နှစ်ပရိစ္ဆေဒ ကြာရှည်တည်တဲ့နေစေ ရန် ကြိုးစားအားထုတ်ကြရမည်ဖြစ် ပေသည်။

မြတ်မင်းလှိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*