Heineken Beer
Heineken Beer

၃ ရက်ကြာ တရားစခန်း ဝင်ဖြစ်ခဲ့တဲ့ မင်းသွေး

၃ ရက်ကြာ တရားစခန်း ဝင်ဖြစ်ခဲ့တဲ့ မင်းသွေး
April 10, 2018 AsianFame MediaGroup

မင်းသွေးက လှိုင်သာယာမြို့နယ်မှာရှိတဲ့ သစ်တံခါးကျောင်းတိုက်မှာ ၃ ရက်ကြာ တရားစခန်း ဝင်ရောက်ခဲ့ပါတယ်။ အခုလိုဝင်ရောက်ခဲ့တဲ့အခါ မှာတော့ စိတ်အေးချမ်းမှုကို ရရှိစေခဲ့ပြီး၊ သစ်တံခါးဆရာတော်ဆီကလည်း မေတ္တာတွေ အများကြီးရရှိခဲ့ကြောင်း သိရပါတယ်။ တိုက်ဆိုင်တာတစ်ခု အနေနဲ့ကတော့ တရားစခန်းဝင်ခဲ့တဲ့ ၃ ရက်အတွင်းမှာ တရားပွဲလည်း ရှိနေ တာကြောင့် ဆရာတော်ကြီးတွေဆီက တရားတော်တွေကို နာခွင့်ရခဲ့တဲ့အတွက် လည်း ထူးခြားမှုရရှိခဲ့ကြောင်း မင်းသွေးက ပြောပါတယ်။

‘သစ်တံခါးဆရာတော်ကို ဖူးချင်တာကြာနေပြီ၊ ဒါပေမဲ့ အစ်မလို ခင်ရတဲ့ မကလျာ အရင်တုန်းကလည်း ခေါ်ဖူးတယ်၊ အဲဒီတုန်းက ကျွန်တော်မလိုက်ဖြစ် ဘူး။ ကြားထဲမှာ ဆရာတော်ကို ဖူးချင်တဲ့ စိတ်ဖြစ်ပြီးတော့ မကလျာကို အကူ အညီတောင်းပြီး လာဖူးဖြစ်တယ်၊ လာဖူးတဲ့ အချိန်မှာ ကျွန်တော်ဆရာတော့်ဆီ မှာ တရားစခန်းဝင်ချင်တဲ့ စိတ်ဖြစ်ပြီး လာဝင်ဖြစ်သွားတာပါ။ ဆရာတော်ကြီး ဆီကလည်း မေတ္တာတွေ အများကြီးရပါတယ်။ အဓိကကတော့ စိတ်ကဖြစ် ပေါ်တာကို လုပ်ဖြစ်တယ်။ ဒါပေမဲ့ ကုသိုလ်နဲ့ အကုသိုလ် နည်းနည်းကွဲတယ်။ နောက်တစ်ခုက စိတ်ထဲက ပါနေမှလည်း ဘယ်အရာမဆို လုပ်ရတာ အားရှိ တယ်၊ ဒါ့ကြောင့်လည်း ကျွန်တော့်စိတ်ထဲမှာပါလို့ အခုလို လာဝင်ဖြစ်တာပါ”လို့ မင်းသွေးက ပြောပါတယ်။

ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့အတွက်လည်း ကိုယ့်ဘာသာကို ယုံကြည်ကိုးကွယ်တာကြောင့် တရားစခန်းဝင်ရောက်ဖြစ်ခဲ့ပြီး၊ ဝင်ရောက်တဲ့ အချိန်မှာတော့ လောဘ၊ ဒေါသ၊ မောဟတွေ အတတ်နိုင်ဆုံး မရှိအောင် နေဖြစ်ခဲ့ကြောင်းလည်း မင်းသွေးက ပြောပါတယ်။

”ကျွန်တော်သိသလောက်လေးကတော့ စိတ်ကို ထိန်းချုပ်တာထက် အကုသိုလ်စိတ်လေးမဖြစ်အောင်နေကြတာပဲ၊ အကုသိုလ်မှာကတည်းက လောဘ၊ ဒေါသ၊ မောဟ စိတ်တွေ အကုန်လုံးပါသွားပါပြီ၊ ဆရာတော်ကတော့ ဂုဏ်တော်ကိုးပါး ရွတ်ခိုင်းတယ်၊ ပုတီးတွေ စိပ်ခိုင်းတယ်၊ အဲဒီအချိန်လေးမှာ တခြားဘာမှလည်း မတွေးဖြစ်ဘူး၊ အိမ်မှာနေလို့ရှိရင် အလုပ်ကြောင်းတွေ စဉ်းစားရတာတွေရှိတယ်၊ ကျန်တဲ့ကိစ္စ အနှောင့်အယှက်တွေလည်း ရှိတယ် ပေါ့နော်၊ ဒီမှာကတော့ အဲဒါတွေ မရှိတော့ဘူး၊ ဂုဏ်တော်ပွားတယ်၊ ကျန်တဲ့ အချိန်ဆိုရင် တရား အကြောင်းလေးတွေ ဆွေးနွေး တယ်၊ တခြားအကြောင်းတွေ တွေးဖို့သိပ်မရှိဘူး၊ သိပ်ကိုအေး ချမ်းတယ်”လို့ မင်းသွေးက ဆက် လက်ပြောပါတယ်။

တွယ်တာ

ဓာတ်ပုံ ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*