ဒီနှစ်သင်္ကြန် အနုပညာရှင်တို့ ဘယ်မှာရှိမလဲ (၂)

ဒီနှစ်သင်္ကြန် အနုပညာရှင်တို့ ဘယ်မှာရှိမလဲ (၂)
April 10, 2018 AsianFame MediaGroup
ဒီနှစ်သင်္ကြန် အနုပညာရှင်တို့ ဘယ်မှာရှိမလဲ (၂)

မြန်မာလူမျိုးတို့ နှစ်စဉ်နှစ်တိုင်း ပျော်ရွှင်စွာဆင်နွှဲကြတဲ့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကြီးကား မကြာမီရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ဒီသင်္ကြန်ပွဲတော်ရက်အတွင်းမှာ ပြည်သူတွေချစ်ခင်မြတ်နိုးကြတဲ့ အနုပညာရှင်များကလည်း သင်္ကြန်မဏ္ဍပ်အသီးသီးမှာ တစ်တပ်တစ်အား ပါဝင်ဆင်နွှဲကြမှာဖြစ်ပါတယ်။ တချို့အနုပညာရှင်များကတော့ ခရီးထွက်ခြင်း၊ ဘာသာရေးဆိုင်ရာ ဥပုသ်သီလဆောက်တည်ခြင်း၊ တရားစခန်းဝင်ခြင်း၊ ငြိမ်းအေးစွာနားနေခြင်းစတာတွေ ဆောင်ရွက်ရင်း သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြမှာဖြစ်ပါ တယ်။ ပြည်သူတွေအနေနဲ့ကလည်း မိမိတို့ ချစ်ခင်မြတ်နိုးကြတဲ့ အနုပညာရှင်တွေ ဒီနှစ်သင်္ကြန်မှာ ဘယ်မှာရှိကြမလဲဆိုတာ သိချင်ကြမှာဖြစ်တာကြောင့် အနုပညာရှင်များနဲ့ တွေ့ဆုံမေးမြန်းပြီး ဖော်ပြပေးလိုက်ပါတယ်။

သက်မွန်မြင့်

 

 

မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် လေးက သိပ်ကိုချစ်စရာကောင်းပါ တယ်။ တစ်နှစ်တစ်ခါမှကျင်းပတဲ့ပွဲ လေးပါ။ ဒီပွဲလေးမှာချစ်တဲ့ပရိသတ်တွေအားလုံး ကျန်းကျန်းမာမာနဲ့ ဘေးကင်းရန်ကွာစွာနဲ့ စိတ်ချမ်း သာစွာ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်း နိုင်ကြပါစေ။ နှစ်သစ်မှာလည်း နှစ် ဟောင်းထက်ကို ပိုပြီးပျော်စရာတွေ စိတ်ချမ်းသာစရာတွေ၊ တိုးတက်မှု တွေ အများကြီးရကြပါစေလို့ ဆု တောင်းပါတယ်။ ဒီနှစ်သင်္ကြန်မှာ လည်း မိသားစုနဲ့ရှိမှာပါ။

 

***********************

 

အိချောပို

 

 

သင်္ကြန်ဆိုရင်တော့ အလုပ်နဲ့ ပါပဲ။ သီချင်းဆိုရင်း ဖြတ်သန်းဖြစ် တာများပါတယ်။ဒီနှစ်လည်း ကိုယ့် ကိုလာငှားရင်တော့ ဆိုဖြစ်မှာပေါ့ နော်။ တခြားအစီအစဉ်တွေတော့ မရှိသေးပါဘူး။သင်္ကြန်ရောက်တိုင်း က ဒီအနုပညာလောကထဲရောက် တိုင်း အလုပ်နဲ့ပဲ ဖြတ်သန်းဖြစ်တာ ဆိုတော့ ပျော်စရာက တခြားထွေ ထွေထူးထူးတော့မရှိပါဘူး။ သင်္ကြန် မှာ ပျော်ရွှင်ကြမယ့် ချစ်ပရိသတ်များ အားလုံး မျှော်မှန်းတာထက်ကို ပိုပြီး ပျော်ရွှင်နိုင်ကြပါစေ။ အန္တရာယ်ခပ် သိမ်းကင်းငြိမ်းစွာနဲ့ ပျော်ရွှင်နိုင်ကြဖို့ အိချောဆုတောင်းပေးပါတယ်။

 

***********************

 

ဆုမြတ်နိုးဦး

 

 

သင်္ကြန်ဆိုရင်တော့ အပြင်မ ထွက်ဖြစ်တာများပါတယ်။ တစ်ခါတ လေ နယ်မှာ၊ တစ်ခါတလေလည်း ရန်ကုန်မှာပဲရှိပါတယ်။ ဒါပေမဲ့ သူ ငယ်ချင်းတွေစုံရင်တော့ လျှောက် လည်ရတာကိုကြိုက်ပါတယ်။ သင်္ကြန် သီချင်းကြားတာနဲ့ အပြင်ကို ထွက် ချင်တယ်။ သင်္ကြန်ဆိုရင်ရေစိုနေရ တာကိုပဲကြိုက်ပါတယ်။ ဒီနှစ်တော့ မြတ်နိုးက သင်္ကြန်ကိုလည်တော့ လည်းလည်မယ်၊ နားတော့လည်းနား မှာပါ။ ကြိုတင်စီစဉ်မထားပေမယ့် သူငယ်ချင်းတွေနဲ့တော့ တစ်ခုခုလုပ် ဖြစ်မှာပါ။

 

***********************

 

စမိုင်း

 

 

ငယ်ငယ်တုန်းက သင်္ကြန်ဆိုရင် တော့ ခေါင်းထဲမှာ မှတ်မှတ်သားသား တော့ သိပ်ပြီးမရှိပါဘူး။ သီချင်းတွေ ပဲလှည့်ဆိုပြီး ပိုက်ဆံပဲရှာနေခဲ့တယ်။ အသက်ကြီးလာတော့ သင်္ကြန်ဆိုတာ က ပိုပြီးပျော်ဖို့ကောင်းမှန်းသိလာ တယ်။ မိသားစုနဲ့လည်း ပိုပြီးနွေးနွေး ထွေးထွေးရှိတယ်။ အရင်ကဆိုရင် မိတ်ကပ် တွေပြင်ထားတော့ သင်္ကြန်ကို ရေစိုမှာကြောက်တယ်။ အခုတော့ ရေစိုရတာကိုလည်း ကြိုက်တယ်။ သမီးလေးတွေနဲ့ ဆိုတော့ ပျော်စရာလေးတွေလည်း ပိုများလာတယ်။ အစ်မက သင်္ကြန် မနက်ပိုင်းကို သမီးလေးတွေနဲ့လည် မယ်။ ဒါကြောင့် ကားလည်း ကြိုငှား ပြီးပါပြီ။ ညနေပိုင်းဆိုရင်တော့ သူငယ်ချင်းတွေန TMF မှာရှိမှာပါ။ ဆုတောင်း အနေနဲ့လည်း နှစ်သစ်မှာ ပရိသတ်တွေအကုန်လုံး အစစအရာ ရာ အဆင်ပြေပါစေ။ ကပ်ဘေးတွေ က နေလည်းလွတ်ကင်းပါစေလို့ ဆု တောင်းပါတယ်။

 

***********************

 

ပန်းသော်တာ

 

 

သင်္ကြန်မှာ ဆရာစံလမ်းက မဏ္ဍပ်မှာရှိဖြစ်မလား သိပ်တော့မ သေချာသေးဘူး။ ညီမကသင်္ကြန်ဆို ပျော်တယ်။သင်္ကြန်ရောက်ရင်ညီမက တအားပျော်တော့လေ ညီမအတွက် သင်္ကြန်ရက်က လောက်တောင်မ လောက်ဘူးဖြစ်နေတယ်။ သင်္ကြန်မှာ သီချင်းဆိုဖို့လာအပ်လည်း ညီမမလုပ် ဘူး။သင်္ကြန်ဆို အလုပ်ကိုမလုပ်တာ။အပေါင်းအသင်းတွေနဲ့ လျှောက် လည်လားဆိုတော့လည်း မလည်ဘူး။အပေါင်းအသင်းလည်း သိပ်မရှိဘူး ပေါ့နော်။အိမ်အနီးအနား အင်းယား လမ်းတစ်ဝိုက်ကိုတော့ အမေနဲ့ ကား ပတ်စီးပြီးလည်တာတော့ လုပ် တယ်။အဲဒီလောက်ပဲရှိတယ်။ ဒီနှစ်တော့ အလုပ်လုပ်မလားလို့တော့ စဉ်းစား ထားတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*