Heineken Beer
Heineken Beer

သိန်းပေါင်း ၂ထောင်ကျော် အကုန်အကျခံ ရိုက်ကူးထားတဲ့ Reflection ရုပ်ရှင်ဇာတ်ကား

သိန်းပေါင်း ၂ထောင်ကျော် အကုန်အကျခံ ရိုက်ကူးထားတဲ့ Reflection ရုပ်ရှင်ဇာတ်ကား
April 9, 2018 AsianFame MediaGroup

လူမှုကွန်ရက် စာမျက်နှာထက်မှာ နာမည်ကြီးရေပန်း စားနေပြီး ပရိသတ်များ စိတ်ဝင်တစားနဲ့ မျှော်လင့်စောင့်စားနေတဲ့ အကယ်ဒမီပြေတီဦးနဲ့၊ အကယ်ဒမီ မင်းသမီးချော အိန္ဒြာ ကျော်ဇင်တို့ရဲ့ သုဒြာရုပ် ရှင်ထုတ်လုပ်ရေးရဲ့ ပွဲဦးထွက် ရောင် ပြန်( Reflection) ရုပ်ရှင် ဇာတ်ကားကြီးရဲ့ The Gala Show ပြပွဲကြီးကို ဧပြီလ ၅ ရက်နေ့ ညက သမ္မတ အဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။ဒီပြသပွဲကြီးရဲ့ ပွဲခင်းအစမှာဆိုရင် အက်ရှင်နဲ့ဖက်ရှင်ကို အဓိကပုံဖော်ရိုက်ကူးတင်ပြထားတဲ့ ရောင်ပြန်ရုပ်ရှင်ဇာတ် ကားကြီးရဲ့ပုံရိပ်ကို ပေါ်လွင်အောင် ဇာတ်ဆောင်မင်းသမီး ၄ ဦးတို့က ထူးခြားဆန်းပြားတဲ့ ဖက်ရှင် ဒီဇိုင်းများ ကိုဝတ်ဆင်ကာ ဒီပွဲကိုတက်ရောက်လာ ခဲ့ကြ ပါတယ်။ ရောင်ပြန်ရုပ်ရှင်ဇာတ်ကားထဲမှာဆိုရင်လည်း ထိုမင်းသမီး ၄ ယောက်ရဲ့ စွဲမက်ဖွယ်ကောင်း လှတဲ့အလှအပတွေနဲ့အတူ ခပ်မိုက်မိုက်အလန်းစားဖက်ရှင် တွေကို ပရိသတ်များမြင်တွေ့ကြ ရမှာပါဖြစ်တယ်။ဒီလိုအလန်းစားဖက်ရှင် ပုံစံတွေနဲ့မြင်တွေ့ရမယ့် မင်းသမီးလေး ယောက်ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်း မင်းသမီးများဖြစ်ကြတဲ့ အကယ်ဒမီ ထွန်းအိန္ဒြာဗို၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီဝတ်မှုန် ရွှေရည်တို့နဲ့ မင်းသမီး ပက်ထရစ်ရှာတို့ဖြစ် ပြီး ပုံဖော်ရိုက်ကူးတဲ့ ဒါရိုက်တာ ကတော့ အကယ်ဒမီ လူမင်းပဲဖြစ်ပါတယ်။ နုနုရွရွနဲ့လှပနေတဲ့ မင်းသမီး တွေကို အက်ရှင်ဇာတ်ကားအတွက်ရိုက်ကူးပုံဖော်ရတဲ့ အခါမှာ သူ့အတွက်စိန်ခေါ်မှုတွေများကြောင်းကို လူမင်းက…

”ဒီဇာတ်ကားကတော့ စိန်ခေါ်မှုတွေအများကြီးပဲ။ ဖိုက်တင် တွေ မှာလည်း လူကြမ်းတွေနဲ့ ဖိုက်သလို အကွက်မျိုး မဟုတ်ဘဲ သူတို့ကိုယ်တိုင်လုပ်လို့ရမယ့် ပလောစ့်မျိုးကို ဆင်န်း ပေါ်မှာ စဉ်းစားရတာပေါ့နော်။ လိုကေးရှင်းကို ကြည့်ပြီး မိုက်လည်း မိုက်အောင်တော့ လုပ်ရတာတွေက ဦးနှောက် ခြောက်ရတာပေါ့။သူတို့ကိုယ်တိုင်ကလည်း တစ်စက်မှ မလျှော့ မခံဘူးဒေါက်ကြီး တွေနဲ့ပြေးတာလွှားတာကအစပေါ့။ နားကွင်း တွေတိုးလိုး တန်းလန်းနဲ့ ဖိုက်တင်တွေချရတာကအစ ပေါ့။ ဖက်ရှင်ကိုလည်း သူတို့ကတစ်ပြားသားမှ မလျှော့နိုင်တော့ အက်ရှင်လည်း ဖြစ်အောင်အဲဒါတွေကိုလည်း လူစားထိုးသင့် တာထိုးသူတို့ ကိုယ်တိုင်လည်း လုပ်နိုင်တယ်ဆိုတာထက် ပိုပြီးကြိုးစားပြီး လုပ် ကြတယ်။ တည်းဖြတ်လုပ်တဲ့အထိ အက်ရှင် တွေ မလေးအောင် အသံပိုင်းအဲဒါတွေကို သေသေချာချာ လုပ်ရ တော့ဒီဇာတ်ကား အတွက်တော့ကျွန်တော်တော်တော်ပင်ပန်းပါတယ်” လို့ပြောပါ တယ်။ဇာတ်ကားနဲ့ ပတ်သက်လို့ ထုတ်လုပ်သူ အိန္ဒြာကျော်ဇင် ကလည်း…

”အူဝဲအနေနဲ့ ပြောချင်တာက နံပါတ်တစ်က စေတနာပေါ့ နော်။ပရိသတ်တွေကို ကြည့်နေကျ ပုံစံ တွေထဲကနေ နည်းနည်း လေးကွဲထွက်သွားတဲ့ ပုံစံမျိုးလေးကြည့် ကြပါစေဆိုတဲ့ အူဝဲရဲ့ စေတနာပါ။အူဝဲအနေနဲ့က ရုပ်ရှင်ဇာတ်ကားကြီးတွေဟာ များ သောအားဖြင့် သိန်းတစ်ထောင်ကျော်ပတ်လည် မှာသွားကြ တယ်။ အူဝဲကတော့ စေတနာ အရင်းခံပြီးတော့ ဒီဇာတ်ကားကို သိန်းနှစ်ထောင်ကျော် အရင်းခံ ပြီးတော့ ရိုက်ကူးထားတယ်ဆိုတာ ကိုတော့အူဝဲပြောချင်ပါတယ်။ ပြီးတော့ ပရိသတ်အားပေး မှုက တော ပထမကစိုးရိမ်မှုတွေရှိတယ်။ ကိုယ်က နည်းနည်း မိုက်မဲပြီး တော့လုပ်ထားတာလေးရှိတယ်လေ။ကိုယ်က မင်းသားဈေးကွက် နဲ့သွားနေတဲ့ လမ်းကြောင်းကို မင်းသား လုံးဝမပါဘဲနဲ့ သွားထား တယ်။ နောက်တစ်ခု မင်းသမီးတွေကိုအက် ရှင်ရိုက်ထားတယ်။ဘာပဲဖြစ်ဖြစ်မင်းသမီးတွေက အက်ရှင်မပိုင်ပါဘူး ဆိုတဲ့ ဟာမျိုး ကိုဖြစ်ကိုဖြစ်လာမှာလေ။ ဒါပေမဲ့ပရိသတ်တွေကို အမြင် ဆန်း ဆန်းလေး ကြည့်စေချင်တာကြောင့် အခုလိုလုပ်ထားတာပါ။ဒီ ဇာတ်ကားနဲ့ပတ်သက်ပြီးလည်း ပရိသတ်တွေ ဝေဖန်တဲ့ အသံကို လည်းအူဝဲလက်ခံတယ်။ အဲဒီဝေဖန်သံတွေနဲ့ ဒီထက်မက ကြိုးစားပြီး တော့လည်း ရှေ့လျှောက်သွားမှာပါလို့ အူဝဲပြောချင် ပါတယ်။ပြီးတော့ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ၁ဝဝရာခိုင် နှုန်းလုံးဝမျှော်လင့်ထားပါတယ်” လို့ပြောပြခဲ့ပါတယ်။ဒီရုပ်ရှင် ဇာတ်ကားကို ဧပြီလ ၁၇ ရက်နေ့ ( မြန်မာနှစ်ဆန်း ၁ ရက်နေ့) မှာမြန်မာတစ်နိုင်ငံလုံးက ရုပ်ရှင်ရုံများတွင် တစ်ပြိုက်တည်း ရုံတင် ပြသသွားမှာဖြစ်ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- အောင်ဇော်မင်း

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*