ဇာတ်လမ်းဆန်းဆန်းလေးမှာပါ ဝင် ရိုက်ကူးချင်တဲ့ဇင်ဇင်ဇော်မြင့်

ဇာတ်လမ်းဆန်းဆန်းလေးမှာပါ ဝင် ရိုက်ကူးချင်တဲ့ဇင်ဇင်ဇော်မြင့်
April 3, 2018 Leanne Win
ဇာတ်လမ်းဆန်းဆန်းလေးမှာပါ ဝင် ရိုက်ကူးချင်တဲ့ဇင်ဇင်ဇော်မြင့်

ကိုချမ်းကျော်ကျော်ပိုင်နဲ့ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်တို့ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးCKKP Film Productionမှ ပွဲဦးထွက် ဇာတ်ကားဖြစ်တဲ့ ‘ရာဇဝင်ရိုင်းခဲ့သည်’ ဇာတ်ကားကတော့ ဒီနှစ်ထဲမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက်တော့ အခုကတည်းက ရင်ခုန်မိနေကြောင်းကို ဇင်ဇင်ဇော်မြင့်က …

“အစ်မတို့ ရုပ်ရှင်ဇာတ်ကားအတွက် ဆင်ဆာ ဈျေ ရသွားပြီဆိုတော့ ဒီနှစ်ထဲမှာ ရုံတင်ပြသတော့မယ်။ နောက်နှစ် အကယ်ဒမီဆုပေးပွဲမှာတော့ ဇာတ်ကားစာရင်းဝင်မှာဆိုတော့ ရင်ခုန်လို့ရပြီ။ အစ်မဒီဇာတ်ကားထဲမှာက ကာရိုက်တာက ရိုးရိုးပါပဲ။ အဓိကက တော့ မင်းသားဇာတ်ပါ။ မင်းသမီး ဇာတ်မဟုတ်ဘူး။ အခုအစ်မတို့ ဇာတ်ကားကိုတော့ ဆင်ဆာ တင်တာပဲကြည့်ရှုရသေးတယ်၊ အချောတော့ မကြည့်ရှုရသေးဘူး။ အစ်မကတော့ ဒီဇာတ်ကားမှာ ချစ်သူကောင်မလေးအနေနဲ့ပဲ သရုပ်ဆောင်ထားတာဆိုတော့ သိပ်ပြီးတော့ မျှော်လင့်မထားပါဘူး။ ဒါပေမဲ့ ဇာတ်ကားအနေနဲ့ဆိုရင်တော့ ဒရာမာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ အတွက် ပရိသတ်တွေလည်း ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ သိပ်အလှုပ်ကြီး တော့ မဟုတ်ပေမယ့် ဒရာမာပုံစံလေး တွေပါပါတယ်။ ဇာတ်ကားအနေနဲ့ကတော့ ကျေနပ်ပါတယ်” လို့ ပြောပါတယ်။

ကိုယ်ပိုင်ထုတ်လုပ်ရေးအတွက်လည်း ဇာတ်လမ်းတွေကို သေချာ စိစစ်ရွေးချယ်ပါဝင်ရိုက်ကူး နေတဲ့ ဇင်ဇင်ဇော်မြင့်က …

“နောက်ထပ် ဇာတ်လမ်း ဆန်းဆန်းလေးတွေမှာ ပါဝင်ရိုက်ကူးချင်တယ်။ အဲဒါ ကြောင့်မို့လို့ အစ်မဇာတ်လမ်းကို သေချာလေးရွေးချယ် ရိုက်ကူးနေပါတယ်။ ရိုက်တာက မြန်တယ်။ ဒီအတိုင်းရိုက်ကူးလိုက်ရလို့ ရတယ်။ ဒါပေမဲ့ ဇာတ်လမ်းကျောရိုး မကောင်း ရင် အဆင်မပြေဘူး။ အဲဒါကြောင့် ဘယ်လောက်ကြာကြာ ဇာတ်လမ်းကိုရွေးချယ်ရိုက်ကူးနေပါတယ်။ ဇာတ်လမ်းရွေးချယ်တာက အစ်မအမျိုးသားရော၊ ဒါရိုက်တာတွေ ရော အကုန်လုံးဝိုင်းဝန်း စဉ်းစားပြီး ရွေးချယ်ကြတာ” လို့ ပိုပြီးတော့ ဇာတ်လမ်းဆန်းဆန်း တွေမှာ ပါဝင်ရိုက်ကူးခြင်းအကြောင်းကို ပြောပြခဲ့ပါတယ်။

တွယ်တာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*