အသက် ၃၅ နှစ်မှာ အိမ်ထောင်ပြုဖို့ အေးမြတ်သူ ရည်ရွယ်ထား

အသက် ၃၅ နှစ်မှာ အိမ်ထောင်ပြုဖို့ အေးမြတ်သူ ရည်ရွယ်ထား
March 29, 2018 AsianFame MediaGroup
အသက် ၃၅ နှစ်မှာ အိမ်ထောင်ပြုဖို့ အေးမြတ်သူ ရည်ရွယ်ထား

မကြာခင်က ပွဲတစ်ပွဲကို အမိုက်စား ဖက်ရှင်ပုံစံနဲ့ ပွဲတက်ရောက်ခဲ့တဲ့ အေးမြတ်သူရဲ့ ဖက်ရှင်ပုံစံကို ပရိသတ်တွေ ချစ်ခင်ကြိုက်နှစ်သက်ကြတာကိုတွေ့ရပါတယ်။ အခုလို ဝတ်ဆင်ခဲ့တဲ့အတွက် စိတ်ကျဉ်း ကျပ်မှုတွေ ဖြစ်ပေါ်ခဲ့ကြောင်းကိုလည်း အေးမြတ်သူက …

”ဒီဖက်ရှင်ကိုတော့ ပထမဆုံး အကြံဥာဏ်ပေးတာက မကြီးစိုးပါ၊ အမှန်အတိုင်းပြောရရင် ပွဲနဲ့ဆိုရင် အေးမြတ်သူ စိတ်နည်းနည်း ကျဉ်းကျပ်တယ်။ ဒီဖက်ရှင်ကို ဝတ်လာမိတာ မှားသွားပြီလားလို့တောင် စိတ် ဖြစ်မိတယ်။ တစ်ခါတလေကျရင် ဘဝပေးတဲ့သင်ခန်းစာ၊ အတွေ့အကြုံတွေက အဲဒါပဲ၊ တစ်ခါ တလေကျရင် ကိုယ့်ရဲ့ ဝတ်စုံက ပွဲနဲ့လိုက် ဖက်မှုရှိရဲ့လား၊ ဘာဖြစ်နေမလဲ ဆို တာ စဉ်းစားရတယ်။ ပွဲနဲ့ လိုက်ဖက်တဲ့ပုံစံကို စဉ်းစားတယ်၊ အခုဆိုရင် ပွဲနေရာက နည်းနည်းကျဉ်းနေတော့ ကိုယ့်ကိုယ်ကိုယ် မှားတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ အားလုံးက သဘောကျတယ်၊ ဖက်ရှင် ကျတယ်၊ လှတယ်လို့ပြောတဲ့အတွက် အလွန်ကို ကျေးဇူးတင်ပါတယ်။ အေးမြတ်သူ စိတ်ထဲ မှာတော့ နည်းနည်းကျဉ်းကျပ်သွားတယ်။ ဝတ်စုံကြောင့် စိတ်ကျဉ်းကျပ်တာ မဟုတ်ဘူး။ ကိုယ့်ရဲ့ စိတ်ပတ်ဝန်းကျင်နဲ့ ကိုယ်နဲ့ သဟဇာတဖြစ်ရဲ့လား ဆိုသလို ခံစားရလို့ပါ” လို့ ပြောပါတယ်။

အဆိုတော်စန္ဒီမြင့်လွင်ရဲ့မင်္ဂလာလက်ထပ်ပွဲအခမ်းအနားက အေးမြတ်သူရဲ့ ဓာတ်ပုံအချို့ အွန်လိုင်းစာမျက်နှာပေါ်ပျံ့နှံခဲ့ပြီး ပရိသတ်တွေအနေနဲ့လည်း အေးမြတ်သူ ကို ကိုယ့်အလှည့် ဘယ်တော့လဲလို့ မေးခွန်းတွေထုတ်လာကြပါတယ်။ ပရိသတ်တွေ သိချင်နေကြတဲ့ အေးမြတ်သူရဲ့ အိမ်ထောင်ပြုမယ့် အစီစဉ်ကို မေးမြန်းခဲ့ရာ ….

”အဲပုံလေးကို တအားသဘောကျတယ်၊ တအားလည်း ချစ်တယ်။ ကိုယ့်ရဲ့ life ကို တကယ်ပေါ်လွင်စေခဲ့တဲ့ပုံပဲ၊ အကုန်လုံးက သိပ်ချစ်ကြပြီးတော့ အေးမြတ်သူလိုပဲ ဘဝတူလိုပဲလားဆိုပြီး ပြောကြတယ်။ စိတ်ခံစားချက်က တကယ်ကို ဘာဖြစ်နေမှန်းမသိတာ၊ ဓာတ်ပုံရိုက်နေမှန်းလည်း လုံးဝမသိဘူး၊ သူတို့ နှစ်ယောက်ကိုကြည့်ပြီးတော့ အလွန် ကြည်နူးနေတာ၊ ‘ငါသာဆိုလျှင်ပေါ့’ ဆိုပြီး စိတ် ကူးယဉ်မိနေတာ၊ အဲဒီ ဓာတ်ပုံလေးကို အားလုံး လည်း သဘောကျကြတယ်၊ ချစ်ကြတယ်ဆို တော့ ပျော်ပါတယ်။ အေးမြတ်သူရဲ့ ဘဝကို ထင်ဟပ်ပေါ်လွင်စေခဲ့တဲ့ ပုံ လေးပါပဲ။ အေးမြတ်သူ အသက် ၃၅ တော့ မကျော်ချင်တော့ဘူး၊ သေချာ ရင် ပရိသတ်တွေကို အသိပေးသွား မှာပါ၊ အေးမြတ်သူဘက်ကတော့ အိမ်ထောင်ပြုဖို့ အသက် ၃၅ လောက် တော့ မျှော်မှန်းထားပါတယ်၊ ပရိသတ် တွေအနေနဲ့ဝိုင်းပြီး ဆုတောင်းပေး ကြပါ၊ အပျိုကြီး ဖြစ်စေ ချင်ကြတယ် ဆိုရင်လည်း အပျိုကြီးပဲ လုပ်ရမှာပေါ့။ အားလုံးရဲ့ စိတ်ဆန္ဒပေါ် မူတည်ပါ တယ်”လို့ အေးမြတ်သူက ပြောပါတယ်။

တွယ်တာ၊

ဓာတ်ပုံ- အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*