Heineken Beer
Heineken Beer

ယဉ်လတ်ကို ‘သရာစောထိ’ဇာတ်ကားနဲ့ အကယ်ဒမီရ စေချင်တဲ့ ဇာဂနာ

ယဉ်လတ်ကို ‘သရာစောထိ’ဇာတ်ကားနဲ့ အကယ်ဒမီရ စေချင်တဲ့ ဇာဂနာ
March 21, 2018 Leanne Win

ဦးသူရ(ဇာဂနာ)ကိုယ်တိုင်ရေး ထားတဲ့ဇာတ်လမ်းလည်းဖြစ်တယ်။ အနှစ်သာရလည်းရှိခဲ့တယ်။ သွား ရောက်ရိုက်ကူးခဲ့ရတာက သံတောင် လိုနေရာမျိုး။ မြန်မာ့ဒီမိုကရေစီရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ “သရာစော ထိ”ဇာတ်ကားဟာ ပြရက်က တစ် ပတ်သာသာ။ သို့သော်ပရိသတ်ကြိုက် ကြတယ်။ အကယ်ဒမီဆန်ခါတင် စာရင်းထဲမှာ “သရာစောထိ”က ပါ နေလေတော့ “သရာစောထိ”ဇာတ်ကား ကနေ ဘယ်သူတွေကို အကယ်ဒမီရစေ ချင်လဲလို့ ဇာဂနာကိုမေးဖြစ်တဲ့အခါ –

“ကျွန်တော်တို့ ရုပ်ရှင်ဇာတ် ကားထဲမှာဆိုရင် ရစေချင်တာ ယဉ်လတ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အသက်အရွယ်ငယ်တယ်။ ကြိုးလည်း ကြိုးစားတယ်။ အံလည်းဝင်တယ်။ ပေါ်လစီလည်းကိုက်တယ်။ ပေါ်လစီ ဆိုတာ ကျွန်တော်အစိုးရပေါ်လစီကို ပြောတာ မဟုတ်ဘူး။ တိုင်းပြည်တစ် ပြည်ထူထောင်ရေးမှာ ကိုယ့်ဒေသ အတွက် အရေးကြီးဆုံးဆိုတဲ့ သတင်း မက်ဆေ့ခ်ျကို အပေးနိုင်ဆုံးသူဟာ သူဖြစ်သွားတယ်။ စောထိဖြစ်တဲ့ ထွန်းထွန်းကိုလည်း ရစေချင်တယ်။ နောက်တစ်ယောက်ကတော့ လင်း ထက်ကိုရစေချင်တယ်။ကျွန်တော်ရ စေချင်တာတော့ ဇာတ်ကားတစ်ကား လုံးပါပဲ။ ပေးရင်ပေးသလောက်ပဲ ယူ ပါ့မယ်။ မပေးရင်တော့လုရမှာပဲ (ရယ်လျက်)”လို့ ပြောပါတယ်။ အ ကယ်ဒမီဆိုတာ ရုပ်ရှင်အနုပညာ သည် တစ်ယောက်အနေနဲ့အမြင့်မား ဆုံးဆုလို့ဆိုတဲ့ ဇာဂနာက သူကိုယ် တိုင်လည်း လိုချင်သလို ဘယ်သူမဆို လည်း လိုချင်ကြမှာပါပဲလို့ ဆိုပါ တယ်။ ရုပ်ရှင်နယ်ထဲကို ဇာတ်ညွှန်း ရေးသားပြီး ဝင်ရောက်လာခဲ့တဲ့ ဇာဂနာ ကသူကြုံတွေ့ခဲ့ရတဲ့ အကယ်ဒမီအလွဲ တွေကိုလည်း အခုလိုပြန်လည်ပြောပြပါ တယ်။

“နှစ်ပေါင်းများစွာ ခဏခဏ ဆန်ခါတင်ဆိုတာ ဖြစ်ခဲ့ဖူးတယ်။ “ဘာအရေးကြီးဆုံးလဲ” ဇာတ်ကား တုန်းကဆိုလို့ ရှိရင်လည်း တစ်ဇာတ် ကားလုံးနီးပါး ဆန်ခါတင်ခဲ့တယ်။ ဒါ ပေမဲ့ ကိုကျော်သူနဲ့ ကျွန်တော်နဲ့ ၂ ယောက်ကို အရေးယူ လိုက်တဲ့အခါ ကျတော့ မပါတော့ဘူး။ နောက်ပြီး “မင်္ဂလာပါ”ဇာတ်ကားဆိုရင်လည်း စိုင်းစိုင်းခမ်းလှိုင်ရဲ့ ပထမဆုံးရုပ်ရှင် ဇာတ်ကား။ နေတိုးရဲ့ပထမဦးဆုံးရုပ် ရှင်ကား။

အခု”သရာစောထိ”ဇာတ် ကားလိုပဲ ကျောင်းဆရာဇာတ်။ အဲဒီ လိုပဲ ကွိုင်တက်တော့ မပါတော့ဘူး။ ဘာပဲပြောပြော အနုပညာသမားတစ် ယောက်အနေနဲ့ အကယ်ဒမီဆုကို ရလည်းရချင်ပါတယ်။ လိုလည်းလို ချင်ပါတယ်။ ပေးရင်တော့ယူမှာပေါ့။ မပေးရင်တော့လည်း တော်တဲ့သူတွေ ရကြပါစေ။ ကျွန်တော့်ပေးရင်လည်း ဝမ်းပန်းတသာယူမှာပါ။ မငြင်းပါဘူး (ရယ်လျက်)”လို့ ဇာဂနာက ပြောပြခဲ့ ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*