Heineken Beer
Heineken Beer

ပန်းထဘီကိုကျောက်စီလျှင်လေးမည်ကြောင့်

ပန်းထဘီကိုကျောက်စီလျှင်လေးမည်ကြောင့်
March 20, 2018 AsianFame MediaGroup

ကျောက်မစီတဲ့အကြောင်းလေး များ ကုန်းဘောင်ခေတ်မသီတာရဲ့ လောကအမြင်တစ်ခုအကြောင်း။ မ သီတာ ထဘီပေါ်ကရတဲ့ လောက အမြင်လို့ဆိုလည်း ရနိုင်ပါတယ်။
”ပန်းထဘီကို
ကျောက်စီလျှင် လေးမည်ကြောင့်”
မသီတာက အစဉ်အလာ၏ အ လှဖွင့်ဆိုချက်များကို ဖျက်လိုက်ချေ ပြီး သစ်ဆန်းသာ အလှတစ်ခန်းကို ဖွင့်လေပြီ။

ရွှေတွေ၊ ငွေတွေ၊ စိန်တွေ၊ မြ တွေ၊ အေတွေ၊ ဘီတွေ၊ ကားတွေ၊ တိုက်တွေ၊ ဝိသေသနပုဒ်တွေရှိမှသာ၊ လှနိုင်တယ်ဆိုတဲ့ လူစုများအနေနဲ့ ရှက်တတ်လျှင်တော့၊ ရှက်ဖို့ကောင်း ပါတယ်။ ပကတိရိုးသားတဲ့ အား ထုတ်မှုများ ဖြစ်ပေါ်ရေးသို့ …။

အထက်မှာ ဖော်ပြခဲ့တဲ့ စာစု ဟာ၊ ရန်ကုန်တက္ကသိုလ် မြန်မာစာ အသင်းက ထုတ်ဝေဖြန့်ချိခဲ့တဲ့၊ ”ပန်း ထဘီကို ကျောက်စီလျှင် လေးမည် ကြောင့် …”အမည်နဲ့ ထုတ်ဝေခဲ့တဲ့ ကဗျာစာအုပ်ထဲက အမှာစာတစ် ပိုင်းတစ်စကို ဖော်ပြထားတာပါ။

ဒီလို ရှာရှာဖွေဖွေ ရှာဖွေဖော် ပြရတာကလည်း အကြောင်းရှိပါ တယ်။ ဟိုတလောက ကဗျာဆရာ သုလင်းဝေက ရန်ကုန်တက္ကသိုလ်မှ အထိမ်းအမှတ်ပွဲတော်တစ်ခုလုပ်ဖို့ ရှိ ကြောင်း ရေးသားထားတာ တွေ့ရ တယ်။ ကျွန်တော်လည်း မနေတတ် မထိုင်တတ်ဘဲ ”သူ့စာမျက်နှာ”မှာဝင် ပြီး ‘မန့်’မိတယ်။ ကျွန်တော်မန့်တာ က ရန်ကုန်တက္ကသိုလ်ရဲ့ ကဗျာသ မိုင်းကို ‘ကိုင်’မယ်ဆိုရင်၊ ဆရာ အောင်ပြည့်ရဲ့ ”နေရစ်တော့ မြသီ လာ …”ကို ထည့်သင့်ကြောင်း အကြံပေးမိတယ်။ ခေတ်ပေါ်ကဗျာ သမိုင်းကြောင်းကို နေရစ်တော့ မြသီ လာ ကဗျာစာအုပ်လေးဟာ အရေးပါ တဲ့နေရာမှာရှိတယ်လို့ ကျွန်တော်က ယုံကြည်လို့ပါ။

ဒါနဲ့ကျွန်တော့်စာအုပ်စင်မှာ မြ သီလာကို ရှာတယ်။ မတွေ့၊ ကျွန် တော်တွေ့တာ ”ပန်းထဘီ”ဖြစ်နေ တယ်။ ဒီစာအုပ်မှာ ရန်ကုန်တက္က သိုလ်က ကျောင်းသားကဗျာဆရာ ၃ဝ အထိ ပါဝင်ရေးသားကြပြီး နောင်တွင် နာမည်ကြီးကဗျာဆရာ တွေဖြစ်လာကြသူတွေရဲ့ ကဗျာတွေ လည်း ပါပါတယ်။ ကဗျာစာအုပ်က လှတယ်။ ရေးဖွဲ့သူကျောင်းသားတွေ ကလည်း လှတယ်။ မလှတာက .. စာအုပ်မှာ ထုတ်ဝေတဲ့ခုနှစ်မပါဘူး။ ဒါ ..အတော်မလှတာပါ။ ဒါပေမဲ့ အဲဒီကဗျာစာအုပ်ထဲမှာ ပါဝင်ရေး သားတဲ့ ကဗျာဆရာကျော်ဝင်းမောင် ကတော့ သူ့ကဗျာအောက်ခြေမှာ (၁၃.၁.၁၉၇၄) လို့ ရက်စွဲရေးထိုး ထားပါတယ်။ ကဗျာစာအုပ်ထုတ်ဝေ တဲ့ခုနှစ် တိတိကျကျ မသိရပေမယ့် ဆရာကျော်ဝင်းမောင်ရဲ့ ကျေးဇူး ကြောင့် နီးနီးစပ်စပ်တော့ ခန့်မှန်း လို့ရသွားတာပေါ့။

ကျွန်တော်မှတ်မိသလောက် ပြန်ပြောရရင်၊ ကျွန်တော်တို့ လူငယ် ခေတ်ကတော့ အဲဒီပန်းထဘီထဲက ကဗျာဆရာ ”တက္ကသိုလ်ကျော်ဝင်း မောင်”ရဲ့ ”ခရမ်းပြာနိဒါန်း”ဆိုတဲ့ ကဗျာရှင်ကြီးကို အလွန်ကြိုက်ခဲ့ကြ တာ မှတ်မိတယ်။ ကျွန်တော်ဆို ဒီ ကဗျာရှည် စဆုံး ရတယ်။

အဲဒီခေတ် ရန်ကုန်တက္ကသိုလ် ကဗျာဆရာတွေဟာ ‘ခရမ်းပြာ’အသုံး အစွဲကြမ်းလှတယ်လို့ ပြောရမယ်။ ကို အောင်ပြည့် ခရမ်းပြာ ‘မူး’သလို၊ ကို ရွှေသိမ်းမင်းလည်း ရူးခဲ့တယ်။ သူ့ရဲ့ အထဲမှာ တက္ကသိုလ်ကျော်ဝင်းမောင် ကတော့ ခရမ်းပြာကို တဖွဖွအလုပ် ဆုံးထင်ပါတယ်။ ဒီတော့ ကျော်ဝင်း မောင်ရဲ့ ခရမ်းပြာနိဒါန်းထဲက အထွေထွေသော ခရမ်းပြာများကို ကောက်နှုတ်ပြရရင် …

ဆောင်းနံနက်ခင်း၊ နှင်းငွေ့ဖြူဖြူ
မီးညွန့်မီးခိုး၊ လွန့်နိုးလူလူ
ခရမ်းပြာလှ၊ သင်းမြကြူကြူ
ပန်းသစ်ခွ၊ နန်းမဝင်တော်မူ …

(စာ-၆၈)

ခရမ်းပြာည၊ လ လည်း ခရမ်းပြာ
ဖြည်းဖြည်းကျဆင်း၊ နှင်းလည်း ခရမ်းပြာ
လာရောက်ခိုနား၊ ငှက်လည်းခရမ်းပြာ
အရုဏ်ကျင်း၊နေမင်းခရမ်းပြာ …။

(စာ-၆၉)

နှင်းရည်နှင်းစက်၊ တွဲလျက်ခိုနေ
ခရမ်းပြာလှ၊ သစ်ခွပျိုမေ
မကြွေမကျ၊ ကာလကြာရှည်
ခေါင်းမော်ဝင့်၊ ပွင့်မြဲပွင့်ပါလေ…။

(စာ-၆၉)

မညိုးမနွမ်း၊ ခရမ်းပြာငယ်
ညဥ့်အိပ်မက်များ၊ ပိုင်စားခြယ်လှယ်
ခရမ်းပြာဧချင်း၊ ဖန်ဆင်းသူရယ်
ခေါင်းမော်ဝင့်၊ ပွင့်မြဲပွင့်ပါကွယ်။

(စာ-၆၉)

သင်းကြူရနံ့၊ သန့်ခနဲလျှင်
ခရမ်းပြာရိပ်၊ ဖိတ်ခနဲထင်
သည်းအူနှစ်လုံး၊ ပိုက်ကြုံးယူငင်
ခေါင်းမော်ဝင့်၊ ပွင့်မြဲပွင့်ပါခင် ..။

(စာ-၆၉)
ကာလကို ဆန့်၊ ရနံ့မကုန်
မခြောက်မနွမ်း၊ နတ်ပန်း၏ဂုဏ်
ဘဝတစ်သက်၊ တစ်ရက်သာကြုံ
သစ်ခွပန်း၊ ခရမ်းပြာအာရုံ …။

(စာ-၇ဝ)

နန္ဒဝန်မှ၊ အလှဧည့်သည်
ပန်းတကာ၏၊ မွေးမိမွေးမယ်
ကမ္ဘာဖျက်မီး၊ တားဆီးကာကွယ်
သစ်ခွပန်း၊ ခရမ်းပြာမိခင်ငယ် …။

(စာ-၇ဝ)

မြတ်စွဗုဒ္ဓ၊ ဦးချကော်ရော်
ပန်းအိုးကြွေအိုး၊ စိုက်ထိုး ပူဇော်
မင်္ဂလာအပေါင်း၊ ခညောင်းစေသော်
ပန်းသစ်ခွ၊ ခရမ်းပြာဟုကျော် …။

(စာ-၇ဝ)

အမတ်မင်း၊ ဝပ်စင်းသူ့ထံ
အလှခပ်သိမ်း၊ နန်းသိမ်းပွဲခံ
အဂ္ဂဘုံ၌၊ နန်းစိုက်လေပြန်
သစ်ခွပန်း၊ ခရမ်းပြာ၏ကံ …။

(စာ-၇ဝ)

သစ်ခွပွင့်ပန်း၊ ခရမ်းပြာခိုင်
တိမ်းမှီတိမ်းပါး၊ လှုပ်ရှားအပြိုင်
ချိုဝတ်ရည်ဝ၊ သင်းမြကြိုင်ကြိုင်
ကံမသင့်၊ ခူးခွင့်ဘယ်မပိုင် …။

(စာ-၇၁)

အိပ်မက်တို့လည်း၊ အမြဲခရမ်းပြာ
သစ်ခွပွင့်များ၊ အနားကွပ်ကာ
ပန်းခြွေပန်းခြင်း၊ ပန်းခင်းတကာ
ကြူကြူသင်း၊
ပန်းမင်းခရမ်းပြာ …။

(စာ-၇၁)

ခြံဝတခါး၊ အနားပတ်လည်
သစ်ခွဖော်သင်း၊ တမင်းတစ်ပြည်
ခရမ်းပြာအား၊ အများတူညီ
ဘွဲ့မည်သ၊ အလှစံဒေဝီ …။

(စာ-၇၁)

မယူရာစွန်း၊ နက်ရွှန်းကေသာ
မှဲ့ငယ်စို့စို့၊ ပါးမို့ရွှေဝါ
ဝင့်သည့်မျက်လုံး၊ အပြုံးချွေတာ
နဂိုလှ၊ နှမခရမ်းပြာ …။

(စာ-၇၂)

အက်ဖရိုဒီးတပ်၊ ဆုမြတ်အရှင်
ကြံငါးအင်ပြည့်၊ ဗီရဏီ့သခင်
ခရမ်းပြာလှ၊ သစ်ခွတော်ဝင်
ချစ်ရိပ်ပွင့်၊ ငံ့လင့်ခူးပါချင် …။

(စာ-၇၃)

မိခင်နှမ၊ အစ်မဆိုဆို
သည်းချာမိတ်ရင်း၊ ညီရင်းအစ်ကို
ဆရာခမည်း၊ သားသမီးလို
သစ်ခွပန်း၊ ခရမ်းပြာလှပျို …

(စာ-၇၃)

အပြုံးလက်နက်၊
ခရမ်းပြာစက်လေ . ..။
လောင်ကျွမ်းတူးခြစ်၊
ပြာဖြစ်အောင်ပေ
သို့ပါသော်ငြား၊ သေသွားပါစေ ..
အပြုံးနု၊ ကျေးဇူးပြုပါမေ …။

(စာ-၇၄)

ခရမ်းပြာသစ်ခွ၊ သစ်ခွခရမ်းပြာ
ညှာတံဆစ်ရိုး၊ မြကြိုးရစ်ကာ
ပေးပါခဲ့ပြီး၊ ထိုနည်းတူစွာ
ယူပါလှည့်၊ ပန်လှည့်ခရမ်းပြာ ..။

(စာ-၇၄)

ထွက်တော်မူကြ၊ နန်းကခွာစဉ်
ကြုံတောင့်ကြုံငြား၊ ငါကား မျက်မြင်
ခရမ်းပြာလှ၊ သစ်ခွသခင်
သားမြေးမြစ်၊ ပြောရစ်စရာပင် ..။

(စာ-၇၄)

ခရမ်းပြာအပြုံး၊ ကြော့ဆုံးပညာ
ချိုသာစကား၊ ကိုယ်စားကထာ
ဝမ်းပန်းညွတ်နူး၊ ရင့်ကျူးဂါထာ
မှတ်တရ၊ သစ်ခွခရမ်းပြာ …။

(စာ-၇၅)

ကဗျာဆရာကျော်ဝင်းမောင် သူချစ်တဲ့ ခရမ်းပြာကို ဒီလိုအများကြီး တွေ ဖွဲ့နွှဲရုံမျှနဲ့မပြီး။ သူက ခရမ်းပြာ နှင့် ကောင်းကင်ခရီးတွေ လှည့်ချင်ရဲ့ ကို့ …
ဂျေရုဆလင်မြို့၊ သွားစို့အတူ
မက္ကာခရီး၊ ဆက်ပြီးခေါ်ယူ
ဗောဓိပင်ရိပ်၊ ချွေးသိပ်တော်မူ
ပန်းသစ်ခွ၊ ပျိုးကြနှစ်ကိုယ်တူ ..။

(စာ-၇၉)

သမ္မာကျမ်းမြတ်၊ရွတ်ဖတ်သူတွေ ..
ကိုရမ်စကား၊ ပြောကြားသူတွေ ..
ရာမာယကာ၊ ပသသူတွေ …
ကောင်းကင်မြို့၊ ဆုံစို့ အို …
အဆွေ …။

(စာ-၈ဝ)

ကိုငြိမ်း (မန္တလေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*