Heineken Beer
Heineken Beer

စိုးမြတ်သူဇာရဲ့ဖက်ရှင်ကိုသဘောကျတဲ့ ဖူးပွင့်သခင်

စိုးမြတ်သူဇာရဲ့ဖက်ရှင်ကိုသဘောကျတဲ့ ဖူးပွင့်သခင်
March 19, 2018 AsianFame MediaGroup

ပရိသတ်တွေက မြန်မာဝတ်စုံ လေးတွေနဲ့ လိုက်ဖက်တယ်၊ နန်းဆန် တယ်လို့ ပြောကြတဲ့အတွက် သူမအနေနဲ့ ဒီနှစ်ထဲမှာ မြန်မာဝတ်စုံတွေ ပိုဝတ်ဖြစ်နေတယ် လို့ဆိုတဲ့ ဖူးပွင့်သခင်က သူကိုယ်တိုင်လည်း မြန်မာဝတ်စုံတွေကို မြတ်နိုးတန်ဖိုးထား ကြောင်းကိုလည်း . . .

”ညီမကိုယ်တိုင်ကလည်း ဒီနှစ်ထဲမှာ မြန်မာဝတ်စုံ အဝတ်အများဆုံးနှစ်လို့ ပြောလို့ရတယ်။ အသက်ကြီးသွားလို့ထင်ပါတယ်။ အသက်ကတော့ ၂၁ နှစ်ပြည့် သွားပါပြီ။ လူတစ်ယောက်က အသက်ကြီးမှ ငယ်မှ မြန်မာဝတ်စုံကို ဝတ်သင့် တယ်လို့ ညီမမထင်ပါဘူး။ သူ့နေရာနဲ့သူ ဝတ်သင့်တယ်လို့တော့ထင်ပါတယ်။ ညီမတို့လည်း မြန်မာဝတ်စုံပဲကြိုက်လို့ မြန်မာဝတ်စုံကြီးပဲဝတ်မယ်လို့တော့ မဟုတ်ပါဘူး။ လန်းတဲ့အခါမှာလည်း လန်းတယ်ပေါ့နော်။ တတ်နိုင် သလောက်တော့ ပွဲတွေတက်တဲ့အခါမှာ မြန်မာဝတ်စုံလေးတွေဝတ်ပြီး တက်ဖြစ်ပါတယ်”လို့ ပြောပါတယ်။ မြန်မာဝတ်စုံဝတ်တဲ့အခါမှာ ဖြစ် ပေါ်လာတဲ့ စိတ်ခံစားမှုကိုလည်း ဖူးပွင့်သခင်က . . .

”မြန်မာဝတ်စုံက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်။ မကြီးစိုး (စိုးမြတ်သူဇာ)တို့ မြန်မာဝတ်စုံဝတ်တာကို တအားသဘောကျတယ်။ အမှန်အတိုင်းပြောတာပါ။ မကြီးစိုးဝတ်လိုက်တဲ့ ဝတ်စုံတိုင်းက သူ့ကိုယ် သူယုံကြည်မှုရှိတယ်။ ကျက်သရေရှိတယ်။ မိန်းကလေးတစ်ယောက်က ကိုယ့် ကိုယ်ကိုယ်လှတာထက် ကျက်သရေရှိတာကို ညီမပိုပြီးသဘောကျတယ်။မြန်မာ ဝတ်စုံဝတ်ရတဲ့ ဖီလင်ကကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်။ လုံခြုံမှုရှိတယ်။လှတဲ့မိန်းကလေးတစ်ယောက်လို ခံစားရသလို ကျက်သရေရှိတဲ့ အမျိုးသမီးတစ် ယောက်လိုလည်း ခံစားမိတဲ့အတွက် ဝတ်ဖြစ်တာပါ” လို့ပြောပြပါတယ်။

ဇင်မာနွယ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*