Heineken Beer
Heineken Beer

မန္တလေးလိုမြို့မှာ အငြိမ့်ကို ရုံသွင်းကတော့ ပထမညမှာ ရုံက တစ်ဝက်တောင်မပြည့်ဘူး ငှက်ပျောကြော်

မန္တလေးလိုမြို့မှာ အငြိမ့်ကို ရုံသွင်းကတော့ ပထမညမှာ ရုံက တစ်ဝက်တောင်မပြည့်ဘူး ငှက်ပျောကြော်
March 12, 2018 AsianFame MediaGroup

အရိုင်း၊ ငှက်ပျောကြော်၊ ဖိုးဖြူ၊ ကင်းကောင်တို့ သူငယ်ချင်း ၄ ဦးက အတူဆုံပြီး ရိုက်ကူးရေးအနေနဲ့မလုပ် ဖြစ်တာ ၁ဝ နှစ်ကျော်ခဲ့ပြီလို့ သိရပါတယ်။ ၄ ယောက်သား အတူမဆုံဖြစ်ပေမယ့်လည်း ၂ ယောက် သို့မဟုတ် ၃ ယောက်ကတော့ ဆုံဖြစ်ပါတယ်လို့ ငှက်ပျောကြော်က ပြောပါတယ်။

အခု Bella ကြော်ငြာရိုက်ကွင်း မှာတော့ ၄ ယောက်အတူ ဆုံကြပြီ လည်း ဖြစ်ပါတယ်။ ၄ ယောက်သားဆုံဖြစ် ကြတော့လည်း တစ်ချိန်ကအမှတ်တရတွေကို ပြန်လည်သတိရဖြစ်ကြပြီး သူငယ်ချင်းဖြစ်သူ ကုသိုလ်မရှိတော့တာကိုလည်း စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။

အရင်ကာလတုန်းကနဲ့ အခုအချိန်မှာတော့ ကွာခြားမှုတွေရှိလာပြီလို့ ဆိုလာတဲ့ ငှက်ပျောကြော်က …

”အသက်တွေကြီးလာပြီပေါ့ဗျာ။ ပြီးတော့ သရဲလေးကောင်မှ မဟုတ်ပါဘူး။ အဲဒီ့ရှေ့မှာ သူတောင်းစား ပြဇာတ်တို့၊ ဘာတို့ကခဲ့သေးတယ်။ အဲဒီ့ကာလနဲ့ ဒီကာလနဲ့ တအားကွာတယ်။ လူကပိန်လိမ် ရွဲ့စောင်းနေတာပဲ။ တစ်ဖက်မှာ စီးပွား ရေးကလည်း လုပ်ရတယ်။အငြိမ့်ကလည်း ကချင်တယ်။နာမည်လေးကလည်းရလာတော့လေ။ အဲဒီမက်မောမှုတွေကြောင့် ရုပ်ကျ တယ်။ ဒီရုပ်နဲ့ တခြားစီပါပဲ။ youtube မှာတင်ထားတဲ့ အရင်တုန်းက ပြဇာတ်တွေကိုပြန်ကြည့်တော့ ကိုယ့်မျက်နှာကိုယ်တောင် မနည်းပြန်ကြည့် နေရတယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့ကအရွယ်တွေရလာတော့ နည်း နည်းရင့်လာတာပေါ့နော်။ ရင့်တဲ့နေရာတွေလည်းရင့်လာပြီး နုတဲ့နေရာတွေ လည်းနုတုန်းပါပဲ(ရယ်လျက်)။ အဲဒီအပြောင်းအလဲလေးတော့ရှိတယ်။ အရင် တုန်းကတော့ ပိုလွတ်လပ်တာပေါ့ဗျာ။ အဲဒီ့တုန်းက ပိုက်ဆံကြောင့်မဟုတ်ဘူးဗျ။ ကနေရရင်ကို ပျော်နေတာ”လို့ ပြောပါတယ်။ ငှက်ပျော်ကြော်ရဲ့ အနုပညာ ဖြတ်သန်းမှုမှာ အငြိမ့်ကလည်း မပါမဖြစ်ပါပဲ။ ဇာဂနာတို့ မြပုဏ္ဏမာအငြိမ့် နဲ့အတူ ငှက်ပျောကြော်လည်းပါဝင်ပြီး တစ်နိုင်ငံလုံးလှည့်လည် ကပြခဲ့ကြပါတယ်။ ”ကျွန်တော်တို့က အငြိမ့်ကို ရုံသွင်းကခဲ့တာ။ မန္တလေးလိုအငြိမ့်မြို့တော်နေရာမျိုးမှာ အငြိမ့်ကိုရုံသွင်းကတာ ဆိုတော့ ပထမနေ့ဆိုရင်ရုံက တစ်ဝက်တောင်မလာဘူး။ မန္တလေး လိုနေရာမျိုးမှာ အငြိမ့်ကိုရုံလာသွင်းပြီး ကတယ်ဆိုတော့ လာ မကြည့်ကြဘူးလေ။ ဒုတိယနေ့ကျတော့မှ နည်းနည်း ပြည့် လာတယ်။ တတိယနေ့ကျတော့မှ ပါမစ်ပိတ်သွားတယ်”လို့ ငှက်ပျော်ကြော်က ပြန်လည်ပြောပြပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*