Heineken Beer
Heineken Beer

အချစ်ရေးမှာ ကိုယ့်ထက် ကံကောင်းတဲ့သူတွေအများကြီးရှိပါတယ်ရွှေမှုန်ရတီ

အချစ်ရေးမှာ ကိုယ့်ထက် ကံကောင်းတဲ့သူတွေအများကြီးရှိပါတယ်ရွှေမှုန်ရတီ
March 8, 2018 AsianFame MediaGroup

အနုပညာပျိုးခင်းကနေ အနုပညာလောကကိုရောက် ရှိလာခဲ့ပြီးအခုချိန်မှာတော့ အောင်မြင်ကျော်ကြားတဲ့ နိုင်ငံ ကျော်မင်းသမီးတစ်ဦးဖြစ်လာတဲ့သူကတော့ ပြည်သူ့ အချစ် တော် မင်းသမီးချောလေး ရွှေမှုန်ရတီပဲဖြစ်ပါ တယ်။အခုချိန်မှာတော့ အသက်အရွယ်နဲ့ မလိုက် ဖက်အောင်ကာရိုက်တာမျိုးစုံကို လည်း ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်ပြီး၊ ပရိ သတ်တွေရဲ့ ချစ်ခင်မှုလည်း ရရှိ ထားပြီဖြစ်ပါတယ်။အလုပ်တစ်ခု လုပ်ရင်လည်း ကိုယ့်ဘက်က အ ကောင်းဆုံးဖြစ် အောင်လုပ်တဲ့ အတွက် ပရိသတ် လက်ခံတယ်လို့ ယုံကြည် ကြောင်း ကို ရွှေမှုန်ရတီက…

”အခုလို ပရိသတ်တွေ ညီမကို အားပေးကြတဲ့အတွက် ကျေးဇူး လည်းတင်ပါတယ်။ ညီမတို့လည်း အကောင်းဆုံးဖြစ် အောင်ကြိုးစားတဲ့ အပေါ်မှာ ပရိသတ်ကြိုက်ကျတယ် ဆို တော့ သဘောကျပါတယ်၊ ညီမ တို့တွေ ကားရိုက်များ လာတာ နဲ့အမျှ ကိုယ့်ဘက်က ပေါ့ လျော့လို့မရတော့ဘူး။ ဇာတ်တွေထပ် လို့မရတော့ ဘူး ဆိုတော့ ပိုပြီးဂရုစိုက် လာရတယ်၊ တာဝန်ပိုကြီး လာပါတယ်။ ညီမ ကိုယ့် ကိုယ်တော့ ယုံကြည်မှုရှိတယ်၊ အလုပ်တစ်ခုလုပ်ရင် အကောင်း ဆုံး ဖြစ်အောင်လုပ်ပေးတယ်၊ အ ကောင်းဆုံးဖြစ်အောင်ကြိုးစားတယ်။ အဲအ ပေါ်မှာ ပရိသတ်လက်ခံမယ်လို့ မျှော်လင့်တယ်” လို့ပြောပါတယ်။

မကြာခင်ကလည်း ချစ်သူဆီက တန်ဖိုးကြီးတဲ့ နာရီလက်ဆောင် ရရှိ ခဲ့တဲ့ ရွှေမှုန်ရတီက သူ့ရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီးလည်း အမြဲတမ်းပွင့်ပွင့် လင်းလင်းချပြလေ့ရှိတဲ့ အနုပညာ ရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။အချစ်ရေးနဲ့ ပတ်သက်ပြီးလည်း ရွှေမှုန်ရတီက…

”နာရီလက်ဆောင်ရခဲ့တာက လည်း ထွေထွေထူးထူးတော့ မရှိပါဘူး။ အမှတ်တရလေးတစ်ခုမို့လို့ ဒီလိုလက်ဆောင် လေးပေးတာပါ။ မိန်းကလေးတိုင်း ဒီလိုပါပဲ၊ ကိုယ်ချစ်တဲ့သူက လက်ဆောင်ပေး လို့ရှိရင် ဝမ်းသာပီတိမျက်ရည်ဆို တာရှိတယ်။ ညီမလည်း အဲဒါမျိုးပါပဲ။ ညီမတို့နှစ်ယောက်ကတော့ တစ် ယောက်နဲ့တစ်ယောက်ကတော့ နား လည်မှုတွေ အများကြီး ရှိနေပါပြီ။ ထွေထွေထူးထူး ပြော စရာတော့ သိပ်မလိုပါဘူး။ ချစ်တာက ချစ်နေ ကျပြီး သားဆိုတော့ တစ်ယောက်ကိုတစ် ယောက် နားလည်မှုပဲ အရေးကြီး ပါတယ်။ ညီမထက်ကံကောင်းတဲ့ သူတွေ အများကြီးရှိ ပါတယ်” လို့ ပြောပါတယ်။

တွယ်တာ

ဓာတ်ပုံ အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*