Heineken Beer
Heineken Beer

Relationship တစ်ခု တည်ဆောက် ဖို့ အတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု မရှိသေးသူ ဆုမြတ်နိုးဦး

Relationship တစ်ခု တည်ဆောက် ဖို့ အတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု မရှိသေးသူ ဆုမြတ်နိုးဦး
March 5, 2018 Leanne Win

အခုနောက်ပိုင်းတော့ ပရိသတ်ကြားမှာ နေရာလေးတစ်နေရာ ရရှိလာတဲ့ ဆုမြတ်နိုးဦးကတော့ ကိုယ့်အလုပ်ပေါ်မှာ အရင်ကထက်တော့ ကျေနပ်လာကြောင်း ပြောပါတယ်။ ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးခွင့်ရရှိလာခဲ့ပြီး၊ ဗီဒီယိုကား တွေမှာလည်း ခေါင်းဆောင်အနေနဲ့ ရိုက်ကူးလာတာကိုလည်းတွေ့ရပါတယ်။အဲဒါနဲ့ ပတ်သက်ပြီး ဆုမြတ်နိုးဦးက…

“ဗီဒီယိုဇာတ်ကားတွေကိုတော့ ခေါင်းဆောင်အနေနဲ့ပါဝင်ရိုက်ကူးဖြစ်တယ်။ မြတ်နိုး အရင်က ထက်စာရင်တော့ မြတ်နိုးရဲ့အနုပညာအလုပ်ပေါ် ကျေနပ်လာပါတယ်။ အခု နောက်ပိုင်းမှာ ပရိသတ်တွေပိုပြီး သတိထားမိလာတယ်။ ပိုပြီးချစ်ခင်နှစ်သက်အား ပေးလာကြတဲ့အတွက် ဒီနေရာမှာပဲ ရပ်မနေဘဲ ရှေ့ရောက်လာတဲ့အတွက် မြတ်နိုး ကျေနပ်ပါတယ်။ ဒါပေမဲ့ မြတ်နိုးလည်း ဒီနေရာမှာရပ်မနေဘဲနဲ့ ဆက်ပြီးကြိုးစားသွားမှာပါ။ ဇာတ်ရုပ်အနေနဲ့က မြတ်နိုးကိုယ့်ဘာသာ ကိုယ်ဆိုရင် အမာဘက်သွားတဲ့ ဇာတ်ရုပ်ကပိုလိုက်ဖက်တယ်လို့ ထင် တယ်။ ဒါပေမဲ့အခုနောက်ပိုင်းဟာသဇာတ်ကားတွေရိုက်ကူး တော့ လည်းအဆင်ပြေလာတယ်” လို့ ပြောပါတယ်။

အချစ်ရေးကတော့ တစ်ယောက်တည်းလို့ ဖွင့်ဟလာတဲ့ ဆုမြတ် နိုးဦးက အခုချိန်မှာ relationship တစ်ခု တည်ဆောက်ဖို့အတွက် ကိုယ့် ကိုယ်ကို ယုံကြည်မှုမရှိသေးကြောင်းပြောပါတယ်။ ဆက်လက်ပြီးလည်း ကံပါလာမယ့် အချိန်ကျရင်တော့ အိမ်ထောင်ပြုသွားမယ်လို့လည်း ဆုံး ဖြတ်ထားကြောင်းကို ဆုမြတ်နိုးဦးက…

“အချစ်ရေးကတော့ မြတ်နိုးတစ်ယောက်ထဲပါပဲ။ ဘာမှထွေထွေ ထူးထူးကြီး ပြောစရာမရှိသေးပါဘူး။ အဓိကကတော့ မြတ်နိုး အလုပ်ကိုပဲ ရှေ့ဆက်လုပ်ချင်သေးတဲ့အတွက် ကံပါလာမယ့်အချိန်မှပဲ မြတ်နိုးအိမ်ထောင်ပြု တော့မယ်။ မြတ်နိုးက relationship တစ်ခုကို စရမှာ ကြောက်တတ်တဲ့ သူတစ်ယောက် ဖြစ်တဲ့အတွက် အများကြီးကြိုမတွေးထားဘူး။ သူ့ဘာသာသူ ကံပါပြီး ပေါ်လာမယ့်အချိန်မှပဲ သူ့ဘာသာသူ ဖြစ်သွားပါလိမ့်မယ်။ မြတ်နိုး အိမ်ထောင်ပြုဖို့ကို ဘယ်အချိန်မှပြုဖို့ သတ်မှတ်မထားပေမယ့် အသက်၃ဝ နောက်ပိုင်းမှ ပြုဖို့စဉ်းစားထားတယ်။ မြတ်နိုး အလုပ်ကိုလုပ်ချင်သေးတဲ့ အတွက်ရယ်relationshipတစ်ခုကိုတောင် ကိုယ့်ကိုယ့်ကိုယုံကြည်မှု မရှိသေးတဲ့အချိန်မှာ အိမ်ထောင်ပြုဖို့ဆိုတာပိုဝေးပါတယ်” လို့ပြောပါတယ်။

တွယ်တာ

ဓာတ်ပုံ – ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*