
မြန်မာနိုင်ငံအတွင်းမှာ သိပ်ကိုလှပတဲ့ နေရာတွေရှိတယ်ဆိုတာကို နိုင်ငံခြားသားတွေ သိရှိ သလိုမျိုး မြန်မာနိုင်ငံကသူတွေလည်း သိရှိစေချင်တယ်။ ခရီးသွားမယ်ဆိုရင် နိုင်ငံခြားထက် ကိုယ့်မြန်မာနိုင်ငံအနှံ့ကို အဓိကဦးစားပေးသွားစေချင်လို့ ကိုယ်ကိုယ်တိုင်ခရီးသွားပြီး Travel Kueen ဆိုတဲ့ Page ကနေ ပြန်လည်ရေးသားဝေမျှပေးတာဖြစ်ကြောင်း အိမ့်ချစ်ချောကပြောပါတယ်။ သူမကတော့ သိကြတဲ့အတိုင်း ဟစ်ဟော့ပ်အဆိုတော် နေဝင်း(Snare)ရဲ့ ချစ်သူကောင်မလေးအဖြစ် လည်း လူသိများပါတယ်။
”ညီမတို့ မြန်မာနိုင်ငံမှာကလည်း Travel Blogger ဆိုတာ နိုင်ငံခြားလို သိပ်ပြီးတော့ မထွန်း ကားသေးဘူး။ မဟော့သေးဘူး။ လုပ်တဲ့သူတွေကလည်း လက်ချိုးရေလို့ရသေးတယ်ဆိုတော့ ဒီအတိုင်းပဲ ကိုယ့်အိတ်ကိုယ်စိုက်ပြီးတော့ သွားနေရသေးတယ်ပေါ့နော်။ ဒါပေမဲ့ တချို့လေကြောင်း လိုင်းတွေဆိုရင်လည်း လာခေါ်တာတွေရှိတယ်။ တချို့ဟိုတယ်တွေဆိုရင်လည်း လာဖိတ်တာရှိတယ် ပေါ့နော်။ ဒါမျိုးလေးတွေတော့ရှိတယ်။ ကိုယ့်ဘာသာကိုယ် အိတ်စိုက်ပြီးသွားနေရတာမျိုးတွေ လည်း ရှိတယ်။ နောက်ထပ်သွားဖို့တွေလည်း ရှိသေးတယ်” လို့ အိမ့်ချစ်ချောကပြောပါတယ်။ နေဝင်းက ကိုယ်တိုင်ဓာတ်ပုံရိုက်၊ ကိုယ်တိုင်ကားမောင်းပြီး ပါရမီဖြည့်ပေးတာနော်လို့ဆိုတော့ –
”သူက အများဆုံးပံ့ပိုးပေးပါတယ်။ တချို့ခရီးတွေဆိုရင် ညီမက ကိုယ့်ဘာသာကိုယ်သွားရတာများ တယ်။ အဲဒီအခါတွေမှာ သူကိုယ်တိုင် ကားမောင်းပြီး လိုက်ပို့ပေးတယ်။ ဓာတ်ပုံကတော့ ညီမသွား ခဲ့တဲ့ ခရီး ၁ဝ ခုမှာ ၉ ခုလောက်က သူရိုက်ပေးတာပေါ့နော်” လို့ သူမက ဆက်လက်ပြောပါတယ်။Travel Kueen Travel Blog ကိုလုပ်ကိုင်လာတာ ၂ နှစ်ရှိပြီလို့ဆိုတဲ့ အိမ့်ချစ်ချောကို ၂ နှစ် အတွင်း ပြန်လည်သုံးသပ်ကြည့်လိုက်မယ်ဆိုရင် ဘာတွေပြန်တွေ့ရလဲလို့ မေးတော့ –
”၂ နှစ်အတွင်း ပြန်သုံးသပ်လိုက်မယ်ဆိုရင် ညီမကို Travel Kueen ဆိုပြီးတော့ ဖေ့စ်ဘုတ်ခ် မှာ တော်တော်များများအားပေးကြတယ်။ ညီမစာတွေကို ဖတ်ပြီးတော့ အဆင်ပြေတယ်။ ညီမရေးသား တာတွေကို ကြည့်ပြီးသွားခဲ့တာတွေမှာ သူတို့အဆင်ပြေတယ်ဆိုပြီးပြောကြတယ်။ ပြီးတော့ ညီမတို့ အရင်ကလုပ်ခဲ့တဲ့ Myanmar Influencer World မှာဆိုရင်လည်းTravel Blogger Top 5 မှာ ပါခဲ့တဲ့အတွက် ဘာပဲပြောပြော ဝမ်းသာပါတယ်” လို့ အိမ့်ချစ်ချောက ပြောပြခဲ့ပါတယ်။
မျိုးမောင်
ဓာတ်ပုံ – မင်းမင်းထွန်း