
”ညီမကတကယ်ကိုတော်တဲ့ သရုပ်ဆောင်မင်းသမီးကြီးတွေနဲ့ တွဲဖက် ရိုက်ကူးခွင့်ရတယ်။ ဒီဇာတ်ကားကို စစချင်းကမ်းလှမ်းတုန်းကလည်း ကိုယ့် ကိုယ်ကိုယ်တအားတာဝန်ကြီးတယ်လို့ခံစားရပါတယ်။ တကယ်တော်တဲ့ မင်းသမီးတွေနဲ့ သရုပ်ဆောင်တဲ့အချိန်မှာ ကိုယ့်ကြောင့် ဒီဇာတ်ပျက် သွားမှာလည်း ကြောက်တယ်။ ညံ့တဲ့ပုံပေါက်မလားဆိုပြီး စိုးရိမ်စိတ် တွေလည်း ရှိခဲ့ပါတယ်။ ဒါက ယှဉ်ပြိုင်ချင်တာမျိုးမဟုတ်ပါဘူး။ ထွက် လာတဲ့ အခါကျရင်လည်း ညီမရဲ့ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး လိုအပ်တာတွေရှိရင်တော့ ခွင့်လွှတ်ပြီးကြည့်ပေးကြပါ လို့ပြောချင်ပါ တယ်။ ညီမလည်း အကောင်းဆုံး ကြိုးစားထားပါတယ်။ ရိုက်ကွင်းပေါ် မှာဆိုရင်လည်း ညီမက အန်ကယ်လေးကို သေချာမေးပါတယ်။ တစ်ခေါက်နဲ့ အိုက်တင် အဆင်မပြေရင် နောက်တစ်ခေါက်ထပ်လုပ်ခိုင်း ပါဆိုပြီးပြောတယ်”လို့ ပြောပြပါတယ်။ ရိုက်ကွင်းပေါ်မှာလည်း ဝါရင့် သရုပ်ဆောင်တွေနဲ့ ဆက်ဆံရေးအကြောင်းကို…
”မခိုင်ကြီးတို့ဆိုရင် စိမ်းမနေအောင် စကားတွေ ပြောပေးတယ်။ မအူဝဲဆိုရင်လည်း အဝတ်အစားပိုင်း ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး အကြံပေးတာမျိုးရှိတယ်။ မကစ်ဆိုရင်လည်း ညီမအနုပညာ အလုပ်မလုပ် ခင်ကတည်းက သူ့ရဲ့ပရိသတ် ဖြစ်ခဲ့တာဆိုတော့ ညီမလေး တစ်ယောက်လိုပဲချစ်ကြတယ်။ အားလုံး လည်း သဘောထားပြည့်ဝကြပါတယ်။ ဒါကြောင့် ညီမကိုယ်ညီမ အသစ်တစ်ယောက်လို မခံစားရ ဘဲနဲ့ ချောချောချူချူနဲ့ ရိုက်ကူးနိုင်ခဲ့ပါတယ်။ ရုပ်ရှင်ထွက်လာရင်လည်း ကိုယ့်မျက်နှာကို၊ ကိုယ့်ရဲ့သရုပ်ဆောင်မှုကို ဘယ်လိုပြန်ကြည့်ရမှန်းတောင်မသိပါဘူး။ စိတ်လည်း လှုပ်ရှားသလို၊ ကြောက်လည်း ကြောက်ပါတယ်” လို့ဆိုပါတယ်။
ပက်ထရစ်ရှာရဲ့ လတ်တလောအနုပညာ လှုပ်ရှားမှုတွေမှာတော့ ဗီဒီယိုဇာတ်ကား ရိုက်ကူးမှုတွေ ကျဲပါးနေတယ် လို့ဆိုပါတယ်။ ပက်ထရစ်ရှာရဲ့ အနုပညာလှုပ်ရှားမှုများကို စောင့်မျှော်နေတဲ့ ပရိသတ်တွေအတွက်လည်း . . .
”ဗီဒီယိုဇာတ်ကား ရိုက်ထား တာလေးတွေလည်းရှိတယ်။ ထွက်ဖို့ ကလည်း လေးငါးကား လောက်ရှိတယ်။ ဒါပေမဲ့ လတ်တလောတော့ ရုပ်ရှင် ကားကြီးတွေပဲ ရိုက်ကူးဖို့ လာကမ်း လှမ်းတာတွေ များနေပါတယ်။ ညီမရဲ့ ဇာတ်ကားတွေ ရုံမတင်သေးဘူး လားဆိုတဲ့ ပရိသတ်တွေအတွက်လည်း ဒီနှစ်ထဲမှာလည်း ရုံတင်ဖို့ ဇာတ် ကားနှစ်ကားလောက် တော့ရှိမှာ ပါ။ ‘ကျောက်သင်ပုန်းပေါ်က ကလေးလက်ရေး’ဇာတ်ကား က လည်း ၂ဝ၁၇ ခုနှစ်မကုန်ခင်က တည်းက ရုံတင်မယ်ဆိုပြီး ထွက်မလာသေးဘူး။ နောက် ပြီး Reflection ဇာတ်ကားလည်း ၂ဝ၁၈ခုနှစ်ထဲမှာ ရုံတင်မယ်လို့ကြား ပါ တယ်” လို့ ပြောပြပါတယ်။
မြတ်မိုးပွင့်